Tuesday, January 27, 2026

TNLA က တွေ့သမျှလူတွေကို အကုန်ဖမ်းပြီး လူသစ်စုဆောင်းကာ ရှေ့တန်းသို့ပို့ဆောင်နေဟု စစ်လော်ဘီများကဝါဒဖြန့်

တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က တွေ့သမျှလူတွေကို အကုန်ဖမ်းပြီး လူသစ်စုဆောင်းကာ ရှေ့တန်းသို့ပို့ဆောင်နေသည်ဟုဆိုပြီး စစ်လော်ဘီချန်နယ်များက ဝါဒဖြန့်ချိနေသည်။


စစ်ကောင်စီအားပေး တယ်လီဂရမ်ဝါဒဖြန့် ချန်နယ်လ်တစ်ခုဖြစ်သည့် မှိုင်းဝေချန်နယ်လ်က ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး “နောင်ချိုဘက်မှာ အရှင်ဖမ်းမိတဲ့ TNLA အဖွဲ့ဝင် ၂ ယောက်၊ သူတို့ပြောပုံအရဆိုရင် TNLA က ကောင်တွေက တွေ့သမျှလူတွေကို အကုန်ဖမ်းပြီး လူသစ်စုနေတာ။ စစ်သင်တန်းရက်တိုပေးတယ်။ ပြီးရင် ရှေ့တန်းကို အသေခံခိုင်းတယ်” ဟု (မူရင်းအတိုင်း) ဖမ်းဆီးမိသော TNLA စစ်သုံ့ပန်း ရုပ်သံဖိုင်နှင့်အတူ ဖြန့်ချိခဲ့သည်။


ထိုသတင်းအမှားကို ကြည်ရှုသူပေါင်း ၁၇,၀၀၀ ကျော်ရှိပြီး မှိုင်းဝေချန်နယ်လ်အပြင် အခြားတယ်လီဂရမ်ဝါဒဖြန့် ချန်နယ်များကပါ ထပ်ဆင့်ဖြန့်ဝေထားသည်။


မူရင်းလင့်ခ် – https://archive.ph/Z0UhA


ဆက်စပ် သတင်းအမှားလင့်ခ် – https://archive.ph/QHT2M , https://archive.ph/tTPA9 ,


သတင်းအမှားဖြန့်ချိသူတွေ ဖော်ပြသည့် အကြောင်းအရာကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်သော သျှမ်းသံတော်ဆင့် နှင့် MPA တို့၏ အချက်အလက်စစ်ဆေးသူများက စစ်ဆေးကြည့်သည့်အခါ မှားယွင်းနေကြောင်း တွေ့ရသည်။


သတင်းစစ်ဆေးတွေ့ရှိချက်


တယ်လီဂရမ်ချန်နယ်လ်များမှတစ်ဆင့် ပျံ့နှံ့လာသော ရုပ်သံဖိုင်ကို InVID Tool ဖြင့် စစ်ဆေးကြည့်သည့်အခါ မည့်သည့် သတင်းဌာနတွင် ဖော်ပြထားခြင်းမရှိသလို Google တွင် “နောင်ချိုဘက်မှာ အရှင်ဖမ်းမိတဲ့ TNLA အဖွဲ့ဝင် ၂ ယောက်” ဆိုသည့် စာသားဖြင့် ရှာကြည့်သည့်အခါ၌လည်း ထိုရုပ်သံဖိုင်ကိုမတွေ့ရပေ။


သို့သော် ၂၀၂၄ ဖေဖော်ဝါရီ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် TNLA ၏ ထုတ်ပြန်ချက်ထဲတွင် “ အသက် (၁၆) နှစ်ပြည့်ပြီး ကျန်းမာရေးကောင်းမွန်သော တအာင်းလူငယ်တိုင်းသည် မိမိတို့၏ ဆန္ဒအလျှောက် PSLF/ TNLA ထံတွင် တာဝန်ထမ်းဆောင်နိုင်သည်” ဟု ဖော်ပြသည်။


ထို့အပြင် ဥပဒေအရ အသက် (၁၆) နှစ်မှ (၃၅) နှစ်အတွင်းရှိသော တအာင်း (ပလောင်) အမျိုးသားတိုင်း စစ်မှုထမ်းရမည်ဖြစ်ပြီး ညီအစ်ကို နှစ်ဦးနှင့်အထက်ရှိသည့် တအာင်းမိသားစုတစ်ခုလျှင် အမျိုးသားတစ်ဦး TNLA တပ်ဖွဲ့အတွင်း မဖြစ်မနေ ဝင်ရောက်ရမည်ဖြစ်ကြောင်း၊ တအာင်းလူမျိုးမဟုတ်သူများဆိုလျှင် TNLA ၏ နိုင်ငံရေးနှင့် စစ်ရေးရပ်တည်ချက်များကို လက်ခံသူတိုင်း စစ်မှုထမ်းနိုသည်ဟု ဖော်ပြထားသည်။


မူရင်း ထုတ်ပြန်ချက် – https://t.me/taangtv2023/1651


Myanmar Now ၏သတင်းတစ်ပုဒ်တွင်လည်း“တအာင်း (ပလောင်) လူငယ်တိုင်း စစ်မှုထမ်းရမည့် TNLA ၏ ဥပဒေတွင် စစ်မှုထမ်းကာလ အပိုင်းအခြား မပါရှိသည့်အတွက် ဝေဖန်မှုတချို့လည်း ရှိနေသည်” ဆိုပြီး ၂၀၂၄ ဖေဖော်ဝါရီလ ၆ ရက်နေ့က ဖော်ပြသည်။


ဆက်စပ်ဖတ်ရှုရန် – https://myanmar-now.org/mm/news/48903/


အဆိုပါ တပ်သားစုဆောင်းမှုနှင့် ပတ်သက်၍ TNLA ၏ သတင်းပြန်ကြားရေးတာဝန်ခံ လွေးယေဦးကို MFCN အဖွဲ့ဝင် အချက်အလက်စစ်ဆေးသူများမှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်တလောတွင် ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။


TNLA အနေဖြင့် ထိန်းချုပ်ထားတဲ့မြို့နယ် အတွင်းမှာ တစ်အိမ်တစ်ယောက်နှုန်းဖြင့် အတင်းအဓမ္မတပ်သား စုဆောင်းမှုများရှိနေသည်ဟု ဝေဖန်ပြောဆိုမှုများအပေါ် TNLA ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက မူဥပဒေအတိုင်းသာ လုပ်ဆောင်ခြင်းဖြစ်သည်ဟု Burma VJ ထံသို့ အောက်တိုဘာလ ၄ ရက်နေ့က ဖြေကြားထားသည်။


ဆက်စပ်ဖတ်ရှုရန် – https://shorturl.at/Ao0RZ


သုံးသပ်ချက်


TNLA ထိန်းချုပ်ထားသော ဒေသများတွင် အသက် (၁၆) နှစ်ပြည့်ပြီး တအာင်း (ပလောင်) အမျိုးသားတိုင်း မိမိတို့ဆန္ဒအလျှောက် စစ်မှုထမ်းနိုင်ကြောင်း TNLA ဘက်ကပြောဆိုထားပါသည်။


သာသနာ့ဘောင်အတွင်း ဝင်ရောက်နေသူ၊ ကျန်းမာရေး ချို့ယွင်းသူ၊ အသည်းရောင်အသားဝါ B ပိုး၊ C ပိုး ရှိသူများမှာလည်း စစ်မှုထမ်းအမိန့်မှ ကင်းလွတ်မည်ဖြစ်ပြီး အခြားရောဂါရှိသူများမှာ စစ်မှုထမ်းရမည်ဟု ဖော်ပြထားသည်။
အမျိုးသမီးများအနေဖြင့် မောင်နှမ ၃ ဦးအထက်ရှိလျှင် တစ်ဦး စစ်မှုထမ်းရမည်ဖြစ်သော်လည်း မိသားစုထဲမှ တစ်ဦးမှာ အရပ်ဘက်အဖွဲ့အစည်းတွင် ဗဟိုကော်မတီဝင်အဖြစ် လုပ်ကိုင်နေလျှင် စစ်မှုထမ်းခွင့် ကင်းလွတ်မည်ဟုလည်း ဖော်ပြထားသည်။


ထိုကြောင့် TNLA တွေ့သမျှလူတွေကို အကုန်ဖမ်းပြီး လူသစ်စုဆောင်းကာ ရှေ့တန်းသို့ပို့ဆောင်နေသည် ဆိုသည့်အကြောင်းအရာက မှားယွင်းနေသည်။


Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများမှာ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။


သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက ပြဿနာရှာ၍ ထိုင်းရဲများက ဆက်တိုက်ဖမ်းဆီးဟု စစ်တပ်ထောက်ခံသူများ ဝါဒဖြန့်

0
ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက ဆက်တိုက်ဖမ်းဆီး နေရကြောင်းဆိုကာ Ba Kaung အမည်ရှိ လူမှုကွန်ရက်စာမျက်နှာ အကောင့်တစ်ခုမှ ဇန်နဝါရီလ ၁၇ ရက်တွင် ရေးသားဖြန့်ဝေခဲ့သည်။ ထို့အပြင် ငြိမ်းချမ်းစွာနေလိုသည့် မြန်မာများက တော်လှန်ရေးထောက်ခံသူများကို လက်မခံဘဲ ထိုင်းရဲများထံသို့ တိုင်းကြားသတင်းပေး ကြရန်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...