TNLA က တွေ့သမျှလူတွေကို အကုန်ဖမ်းပြီး လူသစ်စုဆောင်းကာ ရှေ့တန်းသို့ပို့ဆောင်နေဟု စစ်လော်ဘီများကဝါဒဖြန့်

တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က တွေ့သမျှလူတွေကို အကုန်ဖမ်းပြီး လူသစ်စုဆောင်းကာ ရှေ့တန်းသို့ပို့ဆောင်နေသည်ဟုဆိုပြီး စစ်လော်ဘီချန်နယ်များက ဝါဒဖြန့်ချိနေသည်။


စစ်ကောင်စီအားပေး တယ်လီဂရမ်ဝါဒဖြန့် ချန်နယ်လ်တစ်ခုဖြစ်သည့် မှိုင်းဝေချန်နယ်လ်က ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး “နောင်ချိုဘက်မှာ အရှင်ဖမ်းမိတဲ့ TNLA အဖွဲ့ဝင် ၂ ယောက်၊ သူတို့ပြောပုံအရဆိုရင် TNLA က ကောင်တွေက တွေ့သမျှလူတွေကို အကုန်ဖမ်းပြီး လူသစ်စုနေတာ။ စစ်သင်တန်းရက်တိုပေးတယ်။ ပြီးရင် ရှေ့တန်းကို အသေခံခိုင်းတယ်” ဟု (မူရင်းအတိုင်း) ဖမ်းဆီးမိသော TNLA စစ်သုံ့ပန်း ရုပ်သံဖိုင်နှင့်အတူ ဖြန့်ချိခဲ့သည်။


ထိုသတင်းအမှားကို ကြည်ရှုသူပေါင်း ၁၇,၀၀၀ ကျော်ရှိပြီး မှိုင်းဝေချန်နယ်လ်အပြင် အခြားတယ်လီဂရမ်ဝါဒဖြန့် ချန်နယ်များကပါ ထပ်ဆင့်ဖြန့်ဝေထားသည်။


မူရင်းလင့်ခ် – https://archive.ph/Z0UhA


ဆက်စပ် သတင်းအမှားလင့်ခ် – https://archive.ph/QHT2M , https://archive.ph/tTPA9 ,


သတင်းအမှားဖြန့်ချိသူတွေ ဖော်ပြသည့် အကြောင်းအရာကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်သော သျှမ်းသံတော်ဆင့် နှင့် MPA တို့၏ အချက်အလက်စစ်ဆေးသူများက စစ်ဆေးကြည့်သည့်အခါ မှားယွင်းနေကြောင်း တွေ့ရသည်။


သတင်းစစ်ဆေးတွေ့ရှိချက်


တယ်လီဂရမ်ချန်နယ်လ်များမှတစ်ဆင့် ပျံ့နှံ့လာသော ရုပ်သံဖိုင်ကို InVID Tool ဖြင့် စစ်ဆေးကြည့်သည့်အခါ မည့်သည့် သတင်းဌာနတွင် ဖော်ပြထားခြင်းမရှိသလို Google တွင် “နောင်ချိုဘက်မှာ အရှင်ဖမ်းမိတဲ့ TNLA အဖွဲ့ဝင် ၂ ယောက်” ဆိုသည့် စာသားဖြင့် ရှာကြည့်သည့်အခါ၌လည်း ထိုရုပ်သံဖိုင်ကိုမတွေ့ရပေ။


သို့သော် ၂၀၂၄ ဖေဖော်ဝါရီ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် TNLA ၏ ထုတ်ပြန်ချက်ထဲတွင် “ အသက် (၁၆) နှစ်ပြည့်ပြီး ကျန်းမာရေးကောင်းမွန်သော တအာင်းလူငယ်တိုင်းသည် မိမိတို့၏ ဆန္ဒအလျှောက် PSLF/ TNLA ထံတွင် တာဝန်ထမ်းဆောင်နိုင်သည်” ဟု ဖော်ပြသည်။


ထို့အပြင် ဥပဒေအရ အသက် (၁၆) နှစ်မှ (၃၅) နှစ်အတွင်းရှိသော တအာင်း (ပလောင်) အမျိုးသားတိုင်း စစ်မှုထမ်းရမည်ဖြစ်ပြီး ညီအစ်ကို နှစ်ဦးနှင့်အထက်ရှိသည့် တအာင်းမိသားစုတစ်ခုလျှင် အမျိုးသားတစ်ဦး TNLA တပ်ဖွဲ့အတွင်း မဖြစ်မနေ ဝင်ရောက်ရမည်ဖြစ်ကြောင်း၊ တအာင်းလူမျိုးမဟုတ်သူများဆိုလျှင် TNLA ၏ နိုင်ငံရေးနှင့် စစ်ရေးရပ်တည်ချက်များကို လက်ခံသူတိုင်း စစ်မှုထမ်းနိုသည်ဟု ဖော်ပြထားသည်။


မူရင်း ထုတ်ပြန်ချက် – https://t.me/taangtv2023/1651


Myanmar Now ၏သတင်းတစ်ပုဒ်တွင်လည်း“တအာင်း (ပလောင်) လူငယ်တိုင်း စစ်မှုထမ်းရမည့် TNLA ၏ ဥပဒေတွင် စစ်မှုထမ်းကာလ အပိုင်းအခြား မပါရှိသည့်အတွက် ဝေဖန်မှုတချို့လည်း ရှိနေသည်” ဆိုပြီး ၂၀၂၄ ဖေဖော်ဝါရီလ ၆ ရက်နေ့က ဖော်ပြသည်။


ဆက်စပ်ဖတ်ရှုရန် – https://myanmar-now.org/mm/news/48903/


အဆိုပါ တပ်သားစုဆောင်းမှုနှင့် ပတ်သက်၍ TNLA ၏ သတင်းပြန်ကြားရေးတာဝန်ခံ လွေးယေဦးကို MFCN အဖွဲ့ဝင် အချက်အလက်စစ်ဆေးသူများမှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်တလောတွင် ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။


TNLA အနေဖြင့် ထိန်းချုပ်ထားတဲ့မြို့နယ် အတွင်းမှာ တစ်အိမ်တစ်ယောက်နှုန်းဖြင့် အတင်းအဓမ္မတပ်သား စုဆောင်းမှုများရှိနေသည်ဟု ဝေဖန်ပြောဆိုမှုများအပေါ် TNLA ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက မူဥပဒေအတိုင်းသာ လုပ်ဆောင်ခြင်းဖြစ်သည်ဟု Burma VJ ထံသို့ အောက်တိုဘာလ ၄ ရက်နေ့က ဖြေကြားထားသည်။


ဆက်စပ်ဖတ်ရှုရန် – https://shorturl.at/Ao0RZ


သုံးသပ်ချက်


TNLA ထိန်းချုပ်ထားသော ဒေသများတွင် အသက် (၁၆) နှစ်ပြည့်ပြီး တအာင်း (ပလောင်) အမျိုးသားတိုင်း မိမိတို့ဆန္ဒအလျှောက် စစ်မှုထမ်းနိုင်ကြောင်း TNLA ဘက်ကပြောဆိုထားပါသည်။


သာသနာ့ဘောင်အတွင်း ဝင်ရောက်နေသူ၊ ကျန်းမာရေး ချို့ယွင်းသူ၊ အသည်းရောင်အသားဝါ B ပိုး၊ C ပိုး ရှိသူများမှာလည်း စစ်မှုထမ်းအမိန့်မှ ကင်းလွတ်မည်ဖြစ်ပြီး အခြားရောဂါရှိသူများမှာ စစ်မှုထမ်းရမည်ဟု ဖော်ပြထားသည်။
အမျိုးသမီးများအနေဖြင့် မောင်နှမ ၃ ဦးအထက်ရှိလျှင် တစ်ဦး စစ်မှုထမ်းရမည်ဖြစ်သော်လည်း မိသားစုထဲမှ တစ်ဦးမှာ အရပ်ဘက်အဖွဲ့အစည်းတွင် ဗဟိုကော်မတီဝင်အဖြစ် လုပ်ကိုင်နေလျှင် စစ်မှုထမ်းခွင့် ကင်းလွတ်မည်ဟုလည်း ဖော်ပြထားသည်။


ထိုကြောင့် TNLA တွေ့သမျှလူတွေကို အကုန်ဖမ်းပြီး လူသစ်စုဆောင်းကာ ရှေ့တန်းသို့ပို့ဆောင်နေသည် ဆိုသည့်အကြောင်းအရာက မှားယွင်းနေသည်။


Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများမှာ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။


သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...