ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအတွင်းရှိ ဒေသခံနေအိမ်များကို KNDF၊ PNDF နှင့် PDF တို့က မီးရှို့ဖျက်ဆီးခဲ့ဟု ဝါဒဖြန့်

ရှမ်းပြည်နယ်တောင်းပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအတွင်းရှိ ဒေသခံနေအိမ် အများအပြားကို KNDF၊ PNDF နှင့် PDF တို့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရုပ်သံဖိုင်တစ်ခုနှင့်အတူ ဝါဒဖြန့်ချိနေပါသည်။

စစ်ကောင်စီဝါဒဖြန့် ချန်နယ်တစ်ခုဖြစ်သော Myanmar National Post မှ မေလ ၂၉ ရက်နေ့တွင် ရေးသားဖော်ပြခဲ့ပြီး နေအိမ်မီးလောင်နေသည့် ရုပ်သံဖိုင်များနှင့်အတူ ဖြန့်ချိခဲ့သည်။

၎င်းက”ယမန်နေ့ (မေလ ၂၇ ရက်)က ပင်လောင်းမြို့နယ် ဆောင်းပြောင်းရွာမှာရှိတဲ့ KNDF၊ PNDF၊ PDF အကြမ်းဖက်သောင်းကျန်းသူတွေကို မောင်းထုတ်နိုင်ခဲ့ပြီလို့ ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အကြမ်းဖက်သမားများဟာ ဆုတ်ခွာထွက်ပြေးစဉ်မှာ ဆောင်းပြောင်းရွာအတွင်းက ဒေသခံပြည်သူများရဲ့ နေအိမ်အမြောက်အများကို မီးရှို့ဖျက်ဆီးသွားခဲ့ကြတဲ့ ရုပ်သံထွက်ပေါ်လာခဲ့ပါတယ်” ဟု (မူရင်းအတိုင်း) ရေးသားဖြန့်ချိခဲ့သည်။

ထိုဝါဒဖြန့်ချိသည့် သတင်းကို ကြည့်ရှုသူပေါင်း ၁၆၀၀ ကျော်ရှိပြီး အခြားစစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များကလည်း ထပ်ဆင့်ဖော်ပြထားသည်ကို တွေ့ရသည်။

မူရင်းလင့်ခ် – https://archive.ph/Lokr3
Snow Queen – https://archive.ph/JX0zp


အဆိုပါပျံ့နှံ့လာသော ရုပ်သံဖိုင်ကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်နှင့် ဖယ်ဒရယ် FM တို့၏ အချက်အလက် စစ်ဆေးသူများက ပူးပေါင်းပြီး FIRMS Tools ဖြင့် စစ်ဆေးကြည့်သည့်အခါ မေလ ၂၇ ရက်နေ့တွင် ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာရှိ နေအိမ်များမီးရှို့ခံထားရကြောင်း ဖော်ပြထားခြင်း မတွေ့ရပေ။

စစ်ဆေးတွေ့ရှိချက်

ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO နှင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ မေလ ၂၇ ရက်နေ့အထိ ဆက်လက်ဖြစ်ပွားနေကြောင်း သျှမ်းသံတော်ဆင့်သတင်းဌာနက ဖော်ပြထားသည်။

သျှမ်းသံတော်ဆင့် – https://shorturl.at/ckCuo

ဆောင်းပြောင်းရွာ အနောက်ဘက် ဘုရားတောင်ခြေ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းအဖွဲ့ကို ကရင်နီအမျိုးသားကာကွယ်ရေး KNDF၊ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းအဖွဲ့တို့က မေလ ၁၇ ရက်နေ့ နံနက်အစောပိုင်းက ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲစတင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဆောင်ပြောင်းကျေးရွာအနီးရှိ ပင်လောင်း-ဆောင်းပြောင်းလမ်းမကြီးအပါအဝင် စစ်ကောင်စီနှင့် PNO စခန်းကုန်းအချို့ကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်ကို ကိုးကား၍ Karenni People’s Voice က မေလ ၂၈ ရက်နေ့တွင် ဖော်ပြထားသည်။

Karenni People’s Voice – https://shorturl.at/3dY0S

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး၊ လေယာဉ်အပြင် အဆိပ်ငွေ့ဗုံးများ အများဆုံး အသုံးပြုကာ ခုခံနေပြီး ဖယ်ခုံအခြေစိုက် ခမရ (၃၃၆) မှ လက်နက်ကြီးဖြင့် ပစ်ကူပေးနေကြောင်း Karenni People’s Voice က ဖော်ပြထားသည်။

လက်ရှိ ဆောင်းပြောင်းကျေးရွာ ဒေသခံအများစုသည် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပြီး ကျေးရွာအတွင်းရှိ နေအိမ်များကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် PNO တို့က လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေကြောင်း ကန္တာရဝတီတိုင်း(မ်) သတင်းတွင်လည်း ဖော်ပြထားသည်။

ကန္တာရဝတီတိုင်း(မ်) – https://shorturl.at/DBWzX

“KNDF၊ PDF အပြင်တခြားတခြားသော တော်လှန်ရေး တပ်ဖွဲ့တွေက စစ်စခန်းကလွဲရင် ကျန်တာ မီးရှို့လေ့ မရှိကြပါဘူး။ ဆောင်းပြောင်းမီးလောင်ရတာဟာ စကစရဲ့ လက်နက်ကြီးနဲ့ လေယာဉ်၊ ဒရုန်းတွေကြောင့်ပါ” ဟု ရှေ့တန်းစစ်မြေပြင်သို့ရောက်ရှိနေသည့် KNDF တပ်ဖွဲ့ဝင်တစ်ဦးက ဖက်ဒရယ် FM သို့ ပြောသည်။

သုံးသပ်ချက်

လက်ရှိအချိန်ထိ ပင်းလောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO နှင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဆက်လက် ဖြစ်ပွားနေလျက်ရှိသည်။

ဆောင်းပြောင်းကျေးရွာအတွင်းရှိ ဒေသခံနေအိမ်အများအပြား မီးရှို့ခံနေကြောင်း သတင်းသိရသော်လည်း မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းများက မီးရှို့သွားကြောင်း
သီးခြားအတည်ပြုရန် ခက်ခဲနေဆဲပင် ဖြစ်သည်။

သို့သော်လည်း တိုက်ပွဲဖြစ်ပြီးတိုင်း စစ်ကောင်စီတပ်သည် ကျေးရွာတွေကို မီးရှို့ဖျက်ဆီးပြီး အခြားသော လက်နက်ကိုင်အဖွဲ့အစည်းအပေါ် လွှဲချမှုများရှိခဲ့ကြောင်းကိုလည်း အချက်အလက် စစ်ဆေးထားမှုများလည်း ရှိသည်။

လင့်ခ် – https://shorturl.at/aDp5b

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားနေသည့် နယ်မြေဒေသအတွင်း ကျေးရွာများ၊ နေအိမ်များအား မီးရှို့လေ့ရှိသည်။ မီးရှို့မှုနှင့်ပတ်သက်၍ စစ်ကောင်စီတပ်က အမြဲတစေ ငြင်းဆန်ခဲ့သော်လည်း ယခုအချိန်တွင် စစ်ကောင်စီအတွက် ငြင်းမရသည့် သက်သေများ ပေါ်ထွက်လာပြီဖြစ်ကြောင်း Myanmar Now ဆောင်းပါး တစ်ပုဒ်တွင် ဖော်ပြထားပါသည်။

စစ်ကောင်စီတပ်၏ နယ်လှည့်မီးရှို့မှုများအတွက် သက်သေဖြစ်လာသည့် ရုပ်သံဖိုင်များ – https://shorturl.at/o0wIV

သျှမ်းသံတော်ဆင့်၊ ဖယ်ဒရယ် FM၊ The Red Flag ပူးပေါင်းတက်ဆက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...