Tuesday, January 27, 2026

ပင်လောင်း၊ ဖယ်ခုံမြို့နယ် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်၊ ဗုံးကြဲ ကလေးငယ်အပါအဝင် ၄ ဦးသေဆုံး၊ ၉ ဦးဒဏ်ရာရ

သျှမ်းပြည် ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးပစ်ခတ်ခြင်း၊ ပေါင် ၅၀၀ ဗုံးကြဲခြင်းကြောင့် ကလေးငယ်အပါအဝင် ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၉ ဦးရှိကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဧပြီလ ၁၁) ရက်တွင် ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်းရှိ ပီကင်းရွာနှင့် လွယ်ယင်းရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးကြဲခြင်းကြောင့် အသက် ၃ နှစ်အရွယ်ကလေးငယ် အပါအဝင် ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၅ ဦးရှိကြောင်း ကရင်နီလူ့အခွင့်အရေး KnHRG က ယနေ့ ဧပြီလ ၁၂ ရက်မှာ ထုတ်ပြန်ထားသည်။

“မနေ့ညတုန်းက စစ်ကောင်စီ လေယာဉ်နဲ့ လာကြဲတာ။ သေတဲ့လူက ၃ ယောက်ရှိတယ်။ ကလေးတွေ ကောပါတယ်။ ဒဏ်ရာရတဲ့လူတွေလည်း များတယ်” ဟု ဖယ်ခုံမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူများသည် အသက် ၃ နှစ်အရွယ် ယောက်ျားလေး ၁ ဦး၊ အသက် ၁၂ နှစ်အရွယ် မိန်းကလေး ၁ ဦးနှင့် အသက် ၆၅ နှစ်အရွယ် အမျိုးသမီး ၁ ဦးဖြစ်ကြောင်း ထုတ်ပြန်ချက်၌ရေးသားဖော်ပြထားသည်။

အလားတူ ထိခိုက်ဒဏ်ရာရသူများသည်လည်း အသက် ၇ နှစ် မိန်းကလေး ၁ ဦး၊ အသက် ၁၃ နှစ် မိန်းကလေး ၁ ဦး၊ အသက် ၁၅ နှစ် မိန်းကလေး ၁ ဦး၊ အသက် ၃၄ နှစ် အမျိုးသမီး ၁ ဦးနှင့် အသက် ၃၇ နှစ် အမျိုးသား တစ်ဦး ဖြစ်ကြသည်။

ထို့အပြင် ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာအုပ်စု ပင်စုံရွာတွင် ဧပြီလ ၁၀ ရက်တွင်လည်း စစ်ကောင်စီ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၄ နှစ်အရွယ် ကလေး ၁ ဦးသေဆုံးပြီး၊ ဒေသခံ ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာသူ ၄ ဦးထဲမှ ဒဏ်ရာပြင်းထန်သူ ၂ ဦးအား တောင်ကြီးမြို့ ဆေးရုံသို့ လည်းကောင်း၊ နောင်တရားဆေးရုံသို့ လည်းကောင်း ပို့ဆောင်ထားသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာတွင် အမြောက်တပ်စွဲ သကဲ့သို့ ညောင်ရွှေမြို့နယ် ထီရီကျေးရွာတွင်လည်း အမြောက်တပ်စွဲ ထားသည်။

သျှမ်းတောင် ဆီဆိုင်၊ ဟိုပုံး နှင့် ပင်လောင်းမြို့နယ်တွင် တိုက်ပွဲကြောင့် ၂ လကျော်ကြာ အရပ်သားသေဆုံးမှု ၅၈ ဦးအထိ ရှိပြီး ကလေးငယ်နှင့် အမျိုးသမီးအပါအဝင် အရပ်သားထိခိုက်ဒဏ်ရာရမှု ၇၁ ဦးအထိ ရှိလာကြောင်း ပအိုဝ်းလူငယ်အစည်းအရုံးက ဧပြီလ ၈ ရက်မှာ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...