ပင်လောင်း၊ ဖယ်ခုံမြို့နယ် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်၊ ဗုံးကြဲ ကလေးငယ်အပါအဝင် ၄ ဦးသေဆုံး၊ ၉ ဦးဒဏ်ရာရ

သျှမ်းပြည် ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးပစ်ခတ်ခြင်း၊ ပေါင် ၅၀၀ ဗုံးကြဲခြင်းကြောင့် ကလေးငယ်အပါအဝင် ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၉ ဦးရှိကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဧပြီလ ၁၁) ရက်တွင် ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်းရှိ ပီကင်းရွာနှင့် လွယ်ယင်းရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးကြဲခြင်းကြောင့် အသက် ၃ နှစ်အရွယ်ကလေးငယ် အပါအဝင် ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၅ ဦးရှိကြောင်း ကရင်နီလူ့အခွင့်အရေး KnHRG က ယနေ့ ဧပြီလ ၁၂ ရက်မှာ ထုတ်ပြန်ထားသည်။

“မနေ့ညတုန်းက စစ်ကောင်စီ လေယာဉ်နဲ့ လာကြဲတာ။ သေတဲ့လူက ၃ ယောက်ရှိတယ်။ ကလေးတွေ ကောပါတယ်။ ဒဏ်ရာရတဲ့လူတွေလည်း များတယ်” ဟု ဖယ်ခုံမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူများသည် အသက် ၃ နှစ်အရွယ် ယောက်ျားလေး ၁ ဦး၊ အသက် ၁၂ နှစ်အရွယ် မိန်းကလေး ၁ ဦးနှင့် အသက် ၆၅ နှစ်အရွယ် အမျိုးသမီး ၁ ဦးဖြစ်ကြောင်း ထုတ်ပြန်ချက်၌ရေးသားဖော်ပြထားသည်။

အလားတူ ထိခိုက်ဒဏ်ရာရသူများသည်လည်း အသက် ၇ နှစ် မိန်းကလေး ၁ ဦး၊ အသက် ၁၃ နှစ် မိန်းကလေး ၁ ဦး၊ အသက် ၁၅ နှစ် မိန်းကလေး ၁ ဦး၊ အသက် ၃၄ နှစ် အမျိုးသမီး ၁ ဦးနှင့် အသက် ၃၇ နှစ် အမျိုးသား တစ်ဦး ဖြစ်ကြသည်။

ထို့အပြင် ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာအုပ်စု ပင်စုံရွာတွင် ဧပြီလ ၁၀ ရက်တွင်လည်း စစ်ကောင်စီ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၄ နှစ်အရွယ် ကလေး ၁ ဦးသေဆုံးပြီး၊ ဒေသခံ ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာသူ ၄ ဦးထဲမှ ဒဏ်ရာပြင်းထန်သူ ၂ ဦးအား တောင်ကြီးမြို့ ဆေးရုံသို့ လည်းကောင်း၊ နောင်တရားဆေးရုံသို့ လည်းကောင်း ပို့ဆောင်ထားသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာတွင် အမြောက်တပ်စွဲ သကဲ့သို့ ညောင်ရွှေမြို့နယ် ထီရီကျေးရွာတွင်လည်း အမြောက်တပ်စွဲ ထားသည်။

သျှမ်းတောင် ဆီဆိုင်၊ ဟိုပုံး နှင့် ပင်လောင်းမြို့နယ်တွင် တိုက်ပွဲကြောင့် ၂ လကျော်ကြာ အရပ်သားသေဆုံးမှု ၅၈ ဦးအထိ ရှိပြီး ကလေးငယ်နှင့် အမျိုးသမီးအပါအဝင် အရပ်သားထိခိုက်ဒဏ်ရာရမှု ၇၁ ဦးအထိ ရှိလာကြောင်း ပအိုဝ်းလူငယ်အစည်းအရုံးက ဧပြီလ ၈ ရက်မှာ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ပင်လောင်းတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီး၊ နေရာပြောင်းရွှေ့ရန် စီစဉ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးပြီး နေရာပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစပြီး သျှမ်းတောင်၌ မိုးများ ဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် တောင်ကျရေကြောင့် တီကျစ်ဒေသနှင့် နောင်တရားဒေသတွင် ပြောင်းစိုက်ခင်းနှင့် ရာသီပေါ်သီးနှံစိုက်ခင်းများ ရေနစ်မြှုပ် ပျက်စီး သွားခဲ့သည်။ ထိုသို့ သီးနှံများ ပျက်စီးဆုံးရှုံးသောကြောင့် နောက်ထပ်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...