စစ်ကောင်စီပြန်လည်ထိန်းချုပ်ထားသည့် ဆီဆိုင်မြို့၌ တပ်သားတစ်ဦးက စစ်ရှောင်အမျိုးသမီး ၁ ဦးအားမုဒိမ်းကျင့်ရန်ကြိုးစား

သျှမ်းပြည် ဆီဆိုင်မြို့ကို စစ်ကောင်စီမှ တစ်စိတ်တစ်ပိုင်း ပြန်လည်ထိန်းချုပ်ပြီးနောက် စစ်ကောင်စီ တပ်သားတစ်ဦးက စစ်ဘေးရှောင်အမျိုးသမီး ၁ ဦးအား မုဒိမ်းကျင့်ရန်ကြိုးစားခဲ့ကြောင်း သတင်းရရှိသည်။

တိုက်ပွဲကြောင့် တောတွင်းနေရာသို့ ထွက်ပြေးခိုလှုံနေရသည့် စစ်ဘေးရှောင် အမျိုးသမီး ၁ ဦးကို ဧပြီလ ၁၄ ရက်က ဆီဆိုင်မြို့အခြေစိုက် ခမရ ၄၂၃ တပ်ရင်းမှ စစ်ကောင်စီတပ်သား ညီညီနိုင်ဆိုသူက သေဖြန်ဖြင့်ချိန်ပြီး မုဒိမ်းကျင့်ရန် ကြိုးစားခဲ့သည်ဟု ပအိုဝ်းအမျိုးသမီးသမဂ္ဂမှ တာဝန်ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဟုတ်တယ်။ အခုအမျိုးသမီးကတော့ အခုထောထဲမှာပဲထွက်ပြေးတိမ်းရှောင်နေရတယ်။ ကျန်းမာရေးစစ်ဆေးမှုတွေတော့ မလုပ်ရသေးဘူး” ဟု ပြောသည်။

စစ်ကောင်စီတပ်သား ညီညီနိုင်ဆိုသူသည် သေနတ်ဖြင့်ချိန်၍ ၎င်းနှင့်အတူနေရန် တောင်းဆိုခဲ့ရာ အတူမနေနိုင်ဟုငြင်းဆိုသည့်အတွက် ဦးခေါင်းကိုသေနတ်ဖြင့်ပစ်ဖောက်မည်ဟု ခြိမ်းခြောက်ခဲ့သေးကြောင်း၊ ကာယကံရှင်အမျိုးသမီးက ခမ်းသားငေါဝ်းသတင်းကို ပြောဆိုထားသည်။

ထို့နောက် ထိုအမျိုးသမီးအား တဲပေါ်သို့ခေါ်ဆောင်သွားပြီး တဲပေါ်မှာထိုင်နေသည့် စစ်ဘေးရှောင် အမျိုးသားများကို မောင်းထုတ်နေစဉ် ထိုအမျိုးသမီးက ဖိနပ်ချွတ်၍ပြေးကာ လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

ထွက်ပြေးလွတ်မြောက်လာသူ အမျိုးသမီးသည် လက်ရှိတွင်တောတွင်းနေရာသို့ ခိုလှုံနေရပြီး စစ်သားများကို မြင်ပါကကြောက်ရွံ့ခြင်း စိတ်ပိုင်းဆိုင်ရာထိခိုက်ထားကြောင်း သိရသည်။

ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့များက ဇန်ဝါရီလ ၂၃ ရက်မှစ၍ ထိန်းချုပ်လာပြီးသည့်နောက် စစ်ကောင်စီသည် ယင်းမြို့ကို ပြန်လည်ရရှိဖို့ ဖေဖော်ဝါရီလ ၂၇ ရက်တွင် ပြန်လည်ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သည်။

၁လကျော်ကြာ ထိုးစစ်ဆင်ပြီးနောက် ဟိုခဲဘုန်းကြီးကျောင်း၊ ဆေးရုံ၊ ဆေးရုံဝန်းထမ်းအိမ်ရာ၊ ရဲစခန်း၊ မွေတော်ဘုရားကုန်း၊ စံဖူးကျေးရွာ၊ ကျောက်ကချား၊ ဘုရားဖြူလမ်းဆုံတို့ကို သိမ်းယူနိုင်ခဲ့ကာ မတ်လ ၂၅ ရက်မှာ ဆီဆိုင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

သို့သော် ဆီဆိုင်မြို့ကို အလုံးစုံထိန်းချုပ်ထားနိုင်ခြင်းမရှိသကဲ့သို့ ယင်းမြို့အတွင်း နှစ်ဖက်တပ်ဖွဲ့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေသေးကြောင်း PNLO ဘက်ကပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...