ဆီဆိုင်မြို့ပြည်သူများကို စစ်ကောင်စီ နေရပ်ပြန်ခေါ်၊မြို့မဈေးကို ပြန်ပြုပြင်နေ

သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ် ပြန်လည်ထိန်းချုပ်ထားပြီးနောက် တိုက်ပွဲများ ငြိမ်သက်နေပြီး ပြည်သူများကိုလည်း နေရပ်ပြန်ရန် ခေါ်နေကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် ဧပြီလ နောက်ဆုံးပတ်မှ စ၍ ထွက်ပြေးတိမ်းရှောင်နေသော ဒေသခံများကို စစ်ကောင်စီနှင့် PNO ပြည်သူတို့က စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးကို တဆင့်ပြန်ခေါ်ခိုင်နေပြီး၊ ဈေးများကိုလည်း ပြန်လည်း ပြုပြင်နေကြောင်း ဆီဆိုင်မြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“၄လပိုင်း၂၂ရက်နေ့ကဒေသဦးစီးအဖွဲ့ အစည်းအဝေးလုပ်တယ် လို့သိရပါတယ်။ အဲအစည်းအဝေးမှာ ရပ်ကွက်အုပ်မှူး တွေတက်ရပါတယ်။ ပြည်သူတွေပြန်ခေါ်ဖို့ညွှန်ကြားတယ်လို့လဲသိရတယ်။ မြို့ကပြည်သူ တွေအားလုံးကတော့ ကိုယ့်အိမ်ကိုပြန်ချင် ကြပါတယ်။ မီးလောင်သွားတဲ့ အိမ်တွေကမိသားစုတွေ ပြန်လာရင်ယာယီနေဖို့ စီစဥ်ပေးထားတာမရှိဘူး”ဟု ဆီဆိုင်မြို့ ဒေသခံ အမျိုးသားတစ်ဦက ပြောသည်။

ဆီဆိုင်မြို့ကို နေရပ်ပြန်ရန် အခက်အခဲများစွာရှိနေပြီး၊ဆီဆိုင် မြို့မဈေးကိုလည်း စစ်ကောင်စီက ပြန်လည်ပြု ပြင်နေကြောင်း ဆီဆိုင်မြို့ ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောသည်။

“ဒါပေမဲ့လိုအပ်ချက်တွေအများကြီးရှိနေတယ် လျှပ်စစ်မီးတွေမရှိဘူး။ ရေတွေ၊စက်သုံးဆီတွေ၊ရိက္ခာအတွက် ဝယ်ယူဖို့နေရာမရှိဘူး။ကျန်းမာရေးအတွက်တစ်ခုခု ဖြစ်ခဲ့ရင်ကုသဖို့နေရာမရှိဘူ။ဈေးတွေကိုလည်း အခုအပျက်အစီးတွေကိုဘက်ဟိုးနဲ့ထိုးနေပါတယ်”ဟု ဆီဆိုင်မြို့ ‌ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဆီဆိုင်မြို့တွင်း တွင် တိုက်ပွဲများ ငြိမ်သက်နေသော်လည်း စစ်ကောင်စီ ဘေးပတ်ဝန်းကျန်ရှိ ကျေးရွာများကို နေ့စဥ်ဆိုသလို လက်နက်ကြီးများ ပစ်ခတ်နေကြောင်း သိရသည်။

အလားတူ ဆီဆိုင်မြို့နယ်ရှိ ထမ်းယံရွာ နှင့် ပန်းအွန်း ကျေးရွာရှိ ဒေသခံလူထုများကို စစ်ကောင်စီ နှင့် PNO ပြည်သူ့ စစ်အဖွဲ့များက တောင်ယာသွားခြင်း နှင့် ရွာအပြင်ထွက်ခွင့် မပေးကြောင်း ဓားစာခံကဲ့သို့ ပိတ်ပင်တားဆီးနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်တွင်လည်း ဆီဆိုင်မြို့နယ် နမ့်တောင်း ကျေးရွာအနီးရှိ တောင်ယာထဲသို့ လက်နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေး ၂ ဦးကို အပါအဝင် မိသားစု ဝင် ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...