Wednesday, January 28, 2026

မူဆယ် M2 ဟိုတယ်ရှေ့ လင်မယားနှစ်ဦး သေနတ်ပစ်ခံရ၊ အမျိုးသားသေဆုံးပြီး အမျိုးသမီး ဒဏ်ရာရ

သျှမ်းပြည် မူဆယ်မြို့ M2 ဟိုတယ်ရှေ့တွင် လင်မယားနှစ်ဦးကို ဆိုင်ကယ်မောင်းနှင်လာသည့် အမည်မသိ သေနတ်ကိုင်ဆောင်သူများမှ သေနတ်ပစ်ခတ်သွားကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၁၇ ရက်) မွန်းလွဲ ၂ နာရီခန့်တွင် မူဆယ်မြို့ ဈေးရပ်ကွက်ရှိ M2 ဟိုတယ်ရှေ့တွင် လင်မယားနှစ်ဦးကို ဆိုင်ကယ်မောင်းနှင်လာသည့် အမည်မသိ သေနတ်ကိုင်ဆောင်သူနှစ်ဦးမှ သေနတ်ပစ်ခတ်သွားခြင်းကြောင့် အမျိုးသား သေဆုံးပြီး အမျိုးသမီးမှာ ဒဏ်ရာပြင်းထန်ကြောင်း မူဆယ်ဒေသခံများက ပြောသည်။

“ဧည့်သည်နှစ်ယောက်က ဟိုတယ်မှာတည်းဖို့ ကားနဲ့လာတာ။ နောက်ကနေ ဆိုင်ကယ်နဲ့ လူနှစ်ယောက်က ပစ္စတိုသေနတ်နဲ့ လာပစ်သွားတယ်။ လင်မယားနှစ်ယောက်က တရုတ်လူမျိုးဖြစ်မယ်၊ ယောကျ်ားကတော့ သေနတ်ဒဏ်ရာနဲ့ ဆုံးသွားပြီ”ဟု မူဆယ်မြို့မှ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိအချိန်ထိ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိခြင်း မရှိသေးဘဲ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။

မူဆယ်မြို့သည် မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေးမြို့ ဖြစ်သည့်အပြင် လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် တရားမဝင် လုပ်ငန်းများ စုံလင်ပေါများသည့် ဒေသဖြစ်သည့်အတွက် သေနတ်ပစ်ခတ်မှု၊ ဓားပြတိုက်မှုနှင့် ပြန်ပေးဆွဲမှုများလည်း မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

“အခု မြို့ထဲနေတာတောင် မလုံခြုံတော့ဘူးလို့ ခံစားရတယ်။ ဘယ်အဖွဲ့ကမှန်း မသိရတဲ့ လူတွေလည်း သေနတ်ကိုင်ပြီး ခြိမ်းခြောက်ပြန်ပေးဆွဲတာ မကြာခန လာလုပ်နေတယ်။ အခုလဲ ပစ်သွားတော့ သေပြီလေ။ အဖွဲ့အစည်း ပေါင်းစုံက ဆက်ကြေးပဲ လာကောက်တတ်တာ”ဟု မူဆယ်မြို့မှ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့ကလည်း မူဆယ်မြို့ ဈေးရပ်ကွက်နေ စစ်ကောင်စီလက်အောက်ခံ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်နှင့် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး၏ နေအိမ်သို့ အမျိုးသား ၄ ဦးမှ လက်နက်ကိုယ်စီ ကိုင်ဆောင်ပြီး ဝင်ရောက်ဓားပြတိုက်ခဲ့ကြောင်း မူဆယ်ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် တရုတ်နှစ်သစ်ကူးပြီးနောက် မူဆယ်မြို့နယ်အတွင်း ညီနောင်မဟာမိတ် ပူးပေါင်းတပ်ဖွဲ့နှင့် အာဏာသိမ်း စစ်ကောင်စီ တို့အကြား စစ်ရေးတင်းမာမှုများလည်း ရှိနေသေးသည့်အတွက် ပြည်သူများက စစ်ရေး၊ လုံခြုံရေးအတွက် စိုးရိမ်ကြောက်လန့်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

မိုင်းရယ်မြို့ခံ အမျိုးသားတစ်ဦး နေအိမ်ရှေ့ သေနတ်ပစ်ခံရပြီး ဒဏ်ရာဖြင့်သေဆုံး

0
သျှမ်းပြည် မိုင်းရယ်မြို့နေ အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူတစ်စုက နေအိမ်ရှေ့တွင် သေနတ်ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁၉) ရက် ည ၁၁ နာရီခွဲခန့်တွင် မိုင်းရယ်မြို့ ရပ်ကွက်(၁) တွင် နေထိုင်သည့် အသက်(၄၅) နှစ်အရွယ် ဦးစိုင်းစိုင်း၏ အိမ်ရှေ့သို့ အမည်မသိ လက်နက်ကိုင်လူတစ်စုက ကားတစ်စီးဖြင့် ရောက်လာကာ...

တာချီလိတ်မြို့ အမျိုးသာတစ်ဦး သေနတ်ခံရပြီး သေဆုံး

0
ထိုင်း-မြန်မယ်နယ်စပ် တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၈ ရက်) ည ၈ နာရီခွဲဝန်းကျင်တွင် တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက် ခေတ္တာလမ်းတွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ဆေးဝါးကုသနေစဉ်...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...