ရွာငံမြို့နယ်လင်မယားနှစ်ဉီး သေနတ်ပစ်ခံရပြီး အမျိုးသမီးသေဆုံး၊ အမျိုးသားဒဏ်ရာပြင်းထန်

သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် နွားဘန်းကြီး ကျေးရွာအုပ်စုတွင် နေထိုင်သည့် လင်မယားနှစ်ဉီးကို အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က သေနတ်ဖြင့်လာရောက်ပစ်သဖြင့် အမျိုးသမီးသေဆုံးပြီး အမျိုးသား ဒဏ်ရာပြင်းထန်ကြောင်း သတင်းရရှိသည်။

အဆိုပါ နွားဘန်းကြီး ကျေးရွာအုပ်စုတွင် နေထိုင်သည့် လင်မယားနှစ်ဉီးကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ရက်တွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က ၎င်းတို့၏ နေအိမ်ကို ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခဲ့ကာ အမျိုးသမီး သေဆုံးပြီး အမျိုးသား ဒဏ်ရာပြင်းထန်ရရှိခဲ့ကြော်း ရွာငံ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အသတ်ခံရတဲ့ လင်မယားက ရိုးရိုးသားသား အုတ်ရိုက်စားတဲ့သူတွေပဲ၊ PDF တွေ သတ်တာထင်တယ်၊ သူ့မိန်းမက သေပြီး သူ့ယောကျာ်းက တောင်ကြီးဆေး ရုံမှာပါ။ ဘာလို့ သတ်တာလဲမသိဘူး၊ ပုဂ္ဂိုလ်ရေးနဲ့ နိုင်ငံရေး မကွဲပဲ လုပ်ချင်တာ လုပ်နေကြတာလားမသိဘူး။ ”ဟု ၎င်းကဆိုသည်။

ယခုလက်ရှိ နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖား ကျေးရွာတွင် စစ်ကော်မရှင်တပ်က ညစဉ် နေအိမ်များကို လူရှိ၊မရှိ လိုက်လံ စစ်ဆေးနေပြီး နေအိမ်၌ လူမရှိလျှင် အိမ်မီးရှီု့ခံရမည်ကို စိုးရိမ်နေကြကြောင်း အဆိုပါ အမျိုးသားက ပြောသည်။

ဆက်လက်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၉)ရက်နေ့တွင် အင်အား (၃၀) ဝန်းကျင်ရှိသည့် စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးပြီး ပြန်လာချိန်တွင် အုတ်တွင်းရွာနှင့် ကျောက်ငှက်ကျေးရွာကြားတွင် မိုင်းဆွဲတိုက်ခိုက် ခံရပြီး (၁၀)ဦးခန့် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်‌။

ထိုသို့ မိုင်းဆွဲခံရပြီး စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အနီးနား ကျေးရွာ (၁၀)ရွာခန့်ကို စစ်တပ်က ညမထွက်ရ အမိန့် ထုတ်ပြန်ထားကြောင်း သိရသည်။

“အုတ်တွင်းနဲ့ ကျောက်ငှက်ရွာကြားမှာ မိုင်းဆွဲ ခံရလို့ စစ်သား (၁၀)ယောက် ဒဏ်ရာရတယ် လို့ကြားတယ်၊ သူတို့အဲနားမှာ တိုက်ပွဲဖြစ်တာ သေနတ်သံတွေကြားလိုက်တယ်၊ တိုက်ပွဲဖြစ်ပြီး ည (၆)နာရီ နောက်ပိုင်း အပြင်မထွက်နဲ့ ထွက်ရင် ပစ်သတ်မယ် ပြောထားတယ်၊ အဲကြောင့် ဘယ်သူမှ အိမ်ပြင်မထွက်ရဲတော့ဘူး။”ဟု ရွာငံမြို့နယ် ဒေသခံ အမျိုးသမီး တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထို့အပြင် စစ်ကော်မရှင်တပ်က တောနှင့် နီးစပ်သည့် ကျေးရွာများတွင် တပ်စွဲထားပြီး ဒေသခံများ၏ ကားကို ယူဆောင်ကာ နေ့စဉ် စစ်ကြောင်းထိုးမှုများ လုပ်ဆောင်နေကြောင်း ၎င်းက ဆက်ပြောသည်။

ဇန်နဝါရီလ နောက်ဆုံးပတ် ည ၁၀ နာရီခန့်တွင် ရွာငံမြို့နယ် လယ်ကိုင်းကျေးရွာနေ အသက် ၄၀ မှ ၆၀ နှစ်ခန့်ရှိ ပြည်သူ (၄)ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ အရပ်ဝတ်ဖြင့် လာရောက်ဖမ်းဆီးပြီး နှစ်ပတ်ကျော်ကြာပြီးနောက် ရုပ်အလောင်းသာ ပြန်ရတော့ကြောင်း သိရသည်။

ရွာငံမြို့နယ်တွင် လွန်ခဲ့သည့် ၂၀၂၄ ခုနှစ်မှစ၍ ယခု ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဒလန်ဟု စွပ်စွဲကာ အသတ်ခံရသည့် အရပ်သားနှင့် အုပ်ချုပ်ရေးမှူး ၂၁ ဦးအထိ ရှိလာကြောင်း သျှမ်းသံတော်ဆင့် ကောက်ယူထားသည့် စာရင်းအရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ်အတွင်း လေပြင်းတိုက် နေအိမ်နှင့် စိုက်ခင်းများ ပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာ အုပ်စုတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နှင့် စိုက်ခင်းများ ပျက်စီးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဧပြီလ (၆)ရက်နှင့် (၇)ရက်တွင် ရွာငံမြို့နယ်အတွင်း မိုးသီးကြွေကာ လေပြင်းတိုက်ခဲ့သောကြောင့် ဒေသခံစိုက်ခင်းများအပြင် နေအိမ် ငါးလုံးထက်မနည်း ပျက်စီးသွားသည့်အပြင် လျှပ်စစ်မီးများ ပြတ်တောက်သွားပြီး ယနေ့အထိ မီးမလာသေးကြောင်း သိရသည်။ “မိုးတွေအရမ်းရွာတယ်...

လားရှိုးမြို့ပေါ် ကားသမားတစ်ဉီး သေနတ်ဖြင့် ပစ်ခတ်ခံရ

0
သျှမ်းပြည် လားရှိုးမြို့ပေါ်တွင် ကားသမား အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၂ ရက်) မနက်ပိုင်း လားရှိုးမြို့ ရပ်ကွက် (၃) တွင် ကားသမား အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း လားရှိုးမြို့ ဒေသခံအမျိုးသားတစ်ဦးက...

စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ ၃ ဦး နှစ်ပတ်ကျော်ကြာသည်အထိ ပြန်မလွှတ်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများတွင် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ (၃)ဦး နှစ်ပတ်ကြာသည်အထိ ပြန်မလွှတ်သေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်တွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုမှ ဒေသခံ (၃)ဦးသည် ဆွေမျိုးအိမ်သို့ အလည်သွားရာမှ အပြန် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားခဲ့ပြီး ယနေ့ မတ်လ (၂၇)ရက်အထိ...

ရွာငံမြို့နယ် စစ်တပ်က တပ်စွဲထားပြီး ဒေသခံများကို ဖမ်းဆီးပြီး ပိုက်ဆံဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က တပ်စွဲထားပြီး ဒေသခံများကို ဖမ်းဆီးကာ ပိုက်ဆံဖြင့် ပြန်ရွေးခိုင်းနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ(၈)ရက်တွင် ကျောက်ငှက်ကျေးရွာမှ အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံ ငါးဦးသည် ဆွေအမျိုးအိမ်သို့ အလည်သွားရာမှ အပြန် ကျောက်ငှက်ကျေးရွာနှင့် အုတ်တွင်းကျေးရွာ လမ်းတွင် စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ပြီး ငွေကျပ်သိန်း(၅၀)ဖြင့် ပြန်ရွေးခိုင်းခဲ့ကြောင်း...

သီလရှင်များ လိုက်ပါလာသည့်ယာဉ် ရွာငံမြို့နယ်အတွင်း တိမ်မှောက် ဒဏ်ရာအများအပြားရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် စခန်းကြီးကျေးရွာ လမ်းတွင် သီလရှင်များ လိုက်ပါလာသည့် ကားတိမ်းမှောက်ပြီး သီလရှင် (၁၀)ပါးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဖေဖော်ဝါရီလ (၂၄)ရက်နေ့ တွင် တောင်ကြီးမြို့နယ် ၊ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်မှ သီလရှင်များသည် စစ်ကိုင်းမြို့သို့ သွားစဉ် ရွာငံမြို့နယ် စခန်းကြီးကျေးရွာ လမ်းတွင် ဘရိတ်ပေါက်တာ...