ပင်လောင်းမြို့နယ် ဒေသခံနေအိမ်အတွင်းရှိ ပစ္စည်းများအား Danu PDF မှခိုးယူနေဟု ဓာတ်ပုံသတင်းမှားဖြန့်

သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေစဉ် ဒေသခံနေအိမ်အတွင်းရှိ ပစ္စည်းများကို ဓနုအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် Danu PDF တပ်ဖွဲ့မှကားများဖြင့် လာရောက်ခိုးယူနေကြောင်း သတင်းမှားဖြန့်ချိနေလျက်ရှိသည်။

စစ်ကောင်စီ၏ ဝါဒဖြန့်တယ်ရီဂရမ်ချယ်နယ်တစ်ခုဖြစ်သည့် Mawshan Myay Media အကောင့်မှ “တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ပင်လောင်းဒေ ပအိုဝ်းကျေးရွာတွေမှာ KNDF ပူးပေါင်းအဖွဲ့က တိုက်ပွဲတွေ ဖန်တီးနေချိန် ဓနုလူမျိုးအမည်ခံ PDF အဖွဲ့က နေအိမ်တွေကို ဖောက်ထွင်း၍ တန်ဖိုးကြီးပစ္စည်းများကို ကားများဖြင့်လာရောက် ခိုးယူနေကြောင်း ” ဟုဆိုကာ ရေးသားဖြန့်ချိခဲ့ပြီး ကြည်ရှူ့သူပေါင်း ၄ ထောင်ဝန်းကျင်အထိ ရှိသည်။

မူရင်းလင့် – https://archive.ph/aHF8c

သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများအနေဖြင့် အဆိုပါအကြောင်းအရာကို စစ်ဆေးမှုပြု လုပ်ခဲ့သည်။

ဝါဒဖြန့်တယ်ရီဂရမ်ချယ်နယ်မှ ဖော်ပြထားသော Danu PDF တပ်ဖွဲ့များ၏ ဓာတ်ပုံသည် ပင်လောင်းမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့အား မဟာမိတ်ပူးပေါင်းတော်လှန်ရေး တပ်ဖွဲ့များနှင့်အတူ ခုခံတိုက်ခိုက်နေသည်ဟု Danu PDF က မတ်လ ၁၈ ရက်မှာ ထုတ်ပြန်ထားသည့် သတင်းဓာတ်ပုံဖြစ်သည်။

မူရင်းလင့် – senodroStp1r24aag9 i8175m3h1t72u77 t794023:0h406hM1ca i6gtai

အဆိုပါဓာတ်ပုံကို အသုံးပြုပြီး Danu PDF က ဒေသခံနေအိမ်အတွင်းရှိ ပစ္စည်းများကို ခိုးယူနေဟု လိုအပ်သလို ရေးသားဖြန့်ချိနေခြင်း ဖြစ်သည်။

ဒေသခံပြည်သူလူထု၏ ပစ္စည်းဥစ္စများအား ကားများဖြင့် လာရောက်ခိုးယူနေသည့် ဆိုသည့် စွပ်စွဲချက်နှင့် ပတ်သက်၍ Danu PDF ဘက်က မဟုတ်၊ မမှန်ကြောင်း မတ်လ ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းထိုးနေသော ပင်လောင်းမြို့နယ် နောင်ဝိုးကျေးရွာ၊ ဗန်းမောက်ကျေးရွာနှင့် နမ်းဖော်မှုကျေးရွာမှာ ပိတ်မိနေသည့် ပြည်သူလူထုများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့နေခြင်းသာ ဖြစ်သည်ဟု ရေးသားဖော်ပြထားသည်။

မူရင်းလင်း – ooredntpSs25a89i24fg 0911a38301tMt2f12a4uh034c r 542ia9mu21:

ထို့အပြင် တိုက်ပွဲမဖြစ်သေးချိန်နှင့် တိုက်ပွဲဖြစ်ပွားပြီးအချိန်မှာ ပြည်သူလူထုများ၏ အသက်များကို ကာကွယ်ရန်၊ ပြည်သူလူထုနေအိမ်များရှိ ပစ္စည်းများအား ဝင်ရောက်ခိုယူခြင်း၊ မီးရှို့ဖျက်စီးခြင်း များမပြုလုပ်ကြရန် Danu PDF မှ စစ်ဥပဒေချမှတ်ထားပြီး ဖြစ်ကြောင်းဆိုသည်။

ယုံကြည့်စိတ်ချရသည့် တခြားသတင်းဌာနများတွင်လည်း အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ သတင်းမှားဖြစ်ကြောင်းနှင့် ပြည်သူများကို ဂျင်းထည့်နေသည့်သတင်းဟု ဖော်ပြထားသည်။

မူရင်းလင့်- odtsSorpne9u95aii36tuati2a45120tmguhh3200c4ff57cagai72l5hah5

ထိုဖြစ်စဉ်နှင့်နည်းတူ ဆီဆိုင်နှင့် ဟိုပုံးမြို့နယ်ရှိ ဒေသခံနေအိမ်များအား PNLA မှ မီးရှိုးခဲ့သည်ဟု စစ်ကောင်စီ ဝါဒဖြန့်တယ်ရီဂရမ်ချယ်နယ်များမှ ဖော်ပြထားသည့်အကြောင်းအရာကို သျှမ်းသံတော်ဆင့်မှ သတင်းတု၊ သတင်းမှားဖြစ်ကြောင်း စီစစ်မှုပြုလုပ်ခဲ့သည်။

မူရင်းလင့်- opsnoerSdt1tf9 h31a0ct7l9if5609211m12 a8l5r4c7M0ah9 a8010a:f

ထို့ကြောင့် ပင်လောင်းမြို့နယ် တိုက်ပွဲဖြစ်ပွားနေစဉ် ဒေသခံနေအိမ်အတွင်းရှိ ပစ္စည်းများအား Danu PDF တပ်ဖွဲ့ကားဖြင့်လာရောက်ခိုးယူနေဟု စစ်ကောင်စီဝါဒဖြန့်မှ ရေးသားဖြန့်ချိရာတွင် ပြည်သူလူထုကို အထင်လွဲမှားစေရန် ရည်ရွယ်ချက်ဖြင့် ချဲ့ကားရေးသားဖြန့်ချိနေခြင်း ဖြစ်သည်။

သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်များအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီများတွင် သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းများကိုလည်း သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Boxမှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

စစ်ဒဏ်သင့် နန်းနိမ့်ကျေးရွာတွင် နေအိမ်မပြင်နိုင်သေးဘဲ နေရပ်ပြန်နေရ

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာ တွင် စစ်ဘေးဒဏ်သင့် ဘုန်းကြီးကျောင်းနှင့်နေအိမ်များ ပြန်လည်ပြင်ဆင်မှု မပြုလုပ်နိုင်သေးသော်လည်း ပြည်သူများ နေရပ်ပြန်နေထိုင်နေရကြောင်း သတင်းရရှိသည်။​  လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO)တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ကြား  ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် တောင်မဲသင်း‌ကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာမှ...

ဆောင်းပြောင်းတွင် လက်နက်ကြီးသံများကြောင့် ဒေသခံများ တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ နေ့စဉ်နီးပါး ကြားရသောကြောင့် ဒေသခံများ တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်သားများ အင်းအား ၃၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းခဲ့ပြီးနောက်...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ဆောင်းပြောင်းကျေးရွာအနီး စစ်ကော်မရှင်တပ်နှင့် PNOတပ်တို့ အင်အားဖြည့်တင်း စစ်ရေးတင်းမာနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် PNOတပ်တို့ အင်အားဖြည့်တင်းနေသောကြောင့် စစ်ရေးတင်းမာနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလ တတိယပတ်မှစပြီး ဆောင်းပြောင်းကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNOတို့ အင်းအား (၃၀၀)ကျော်ဖြည့်တင်းထားပြီး မိုးဗြဲ-ဖယ်ခုံဘက်သို့ စစ်ကြောင်းထိုးနိုင်သောကြောင့် တော်လှန်ရေးအင်အားစုများနှင့် စစ်ရေးအခြေနေတင်းမာလာကြောင်း ဒေသခံအမျိုးသားတစ်ဉီးကပြောသည်။ “စစ်ကေားတွေတော့...