Wednesday, January 28, 2026

ဆီဆိုင်မြို့နယ်တွင်း စစ်ကောင်စီ လက်နက်ကြီး၊ဒရုန်း ပစ်ခတ်၊ပြည်သူများကို ရွာပြင်ထွက်ဖို့ တားမြစ်

သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် နေ့စဥ် စစ်ကောက်စီမှ လက်နက်ကြီးများ ဒရုန်းများဖြင့် ပစ်ခတ်နေပြီး ပအိုဝ်းပြည်သူ့စစ် ( PNO )က ကျေးရွာရှိ ဒေသခံများကို ဓားစာခံများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

သျှမ်းပြည် ဆီဆိုင်မြို့နယ် ဝိုင်းလုံကျေးရွာကို ယမန်နေ့(ဧပြီလ ၃၀ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် စစ်ကောင်စီ နှင့် ပြည်သူ့ စစ်အဖွဲ့များသည် လက်နက်ကြီး ၂ ကြိမ်၊ ဒရုန်းဖြင့် ၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း PNLA မှ ထုတ်ပြန်ထားသည်။

ထို ကျေးရွာ၏ ပတ်ဝန်းကျင်တွင်လည်း စစ်ကောင်စီက ဒရုန်းဖြင့် ၆ ကြိမ် ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထိုတို့ လက်နက်ကြီး ဒရုန်းများဖြင့် ပစ်ခတ်တိုက်မှုကြောင့် ကျေးရွာရှိ ဒေသခံများ ကြောက်လန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အလားတူ ဆီဆိုင်မြို့နယ်ရှိ ထမ်းယံရွာ နှင့် ပန်းအွန်း ကျေးရွာရှိ ဒေသခံလူထုများကို စစ်ကောင်စီ နှင့် PNO ပြည်သူ့ စစ်အဖွဲ့များက တောင်ယာသွားခြင်း နှင့် ရွာအပြင်ထွက်ခွင့် မပေးကြောင်း ဓားစာခံကဲ့သို့ ပိတ်ပင်တားဆီးနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်တွင်လည်း ဆီဆိုင်မြို့နယ် နမ့်တောင်း ကျေးရွာအနီးရှိ တောင်ယာထဲသို့ လက်နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် တောင်ယာ ကလေး ၂ ဦးကို အပါအဝင် မိသားစု ဝင် ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...