Tuesday, January 27, 2026

လက်နက်ကြီးပစ်ခတ်

မိုးဗြဲမြို့ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၊ လေကြောင်းဗုံးကြဲ

သျှမ်း - ကရင်နီပြည် နယ်စပ် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ပြီး လေကြောင်း အသုံးပြု တိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၇ ရက်) တွင်လည်း မိုးဗြဲမြို့နှင့် ကုန်းသာကျေးရွာတွင် စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်သည့်အပြင် လေကြောင်း...

အပစ်ရပ်ထပ်တိုးနေ့တွင် PNLO ဌာနချုပ်နှင့်ကျေးရွာကို စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်

အပစ်အခတ်ရပ်စဲကြောင်း သက်တမ်းထပ်တိုးကြေညာသည့်နေတွင် စစ်ကောင်စီတပ်က သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်းရှိ PNLO ၏ ဌာနချုပ်နှင့် ကျေးရွာများအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း PNLA မှ ယနေ့ ဧပြီလ ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ယမန်နေ့ ဧပြီလ ၂၂ ရက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ပအိုဝ်းအမျိုးသား...

စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ညောင်ရွှေတွင် ရွာလုံးကျွတ်ထွက်ပြေးနေရ

သျှမ်းပြည် ညောင်ရွှေမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေလျက်ရှိသော ညောင်ရွှေ-ပင်လောင်း-ဖယ်ခုံအစပ်တွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့က ကျေးရွာထဲသို့ လက်နက်ကြီးဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်နေသောကြောင့် ဒေသခံများ ဘေးလွတ်ရာ...

ဖယ်ခုံ စစ်ကောင်စီတပ် နှစ်ရက်ဆက်တိုက် လက်နက်ကြီးပစ်ခတ်၊ ကလေးအပါအဝင် (၆) ဦးသေဆုံး

သျှမ်းပြည် ဖယ်ခုံမြို့အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ-၄၂၁ တပ်မှ နှစ်ရက်ဆက်တိုက် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ရှိနေကြောင်း သတင်းရရှိသည်။ ယနေ့ ( နိုဝင်ဘာလ ၂၈ ရက် ) မနက် ၇ နာရီခွဲ ဝန်းကျင်တွင် ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခက်မှုကြောင့် ကုန်းပေါရွာရှိ...

စစ်ကောင်စီမှ လေကြောင်း ဗုံးကြဲတိုက်ခိုက် အသက်၆၀ အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိ

သျှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် အတွင်း တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အသက်၆၀ အရွယ် အမျိူးသမီးတစ်ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (စက်တင်ဘာလ ၃) ရက် နံနက် ၁၀ နာရီကျော်တွင် ကျောက်ဂူတိုက်နယ် ဝါးပြားကျေးရွာအတွင်း လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့်...

မိုးကုတ် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ပြီး အပစ်ရပ်စာချုပ်ချိုးဖောက်မှု တုံ့ပြန်သွားမည်ဟု TNLA ပြော

သျှမ်း-မန္တလေး နယ်စပ် မိုးကုတ်မြို့နယ်ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ၏ တပ်စခန်းကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခဲ့ရာ ပြန်လည်တုံ့ပြန်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ မေလ (၄) ရက် ည ၈ နာရီဝန်းကျင်တွင် မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ခလရ-၁၄၈ နှင့် ခလရ-၇၁ တို့က...

ဆီဆိုင်မြို့နယ်တွင်း စစ်ကောင်စီ လက်နက်ကြီး၊ဒရုန်း ပစ်ခတ်၊ပြည်သူများကို ရွာပြင်ထွက်ဖို့ တားမြစ်

သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် နေ့စဥ် စစ်ကောက်စီမှ လက်နက်ကြီးများ ဒရုန်းများဖြင့် ပစ်ခတ်နေပြီး ပအိုဝ်းပြည်သူ့စစ် ( PNO )က ကျေးရွာရှိ ဒေသခံများကို ဓားစာခံများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ သျှမ်းပြည် ဆီဆိုင်မြို့နယ် ဝိုင်းလုံကျေးရွာကို ယမန်နေ့(ဧပြီလ ၃၀ ရက်) ညနေ ၃ နာရီဝန်းကျင်တွင်...

ကွတ်ခိုင် လက်နက်ကြီးကြောင့် ကလေး ၁ ဦးနှင့် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရ၊ စစ်ကောင်စီတပ်က အရပ်သား၂ ဦးကို ပစ်သတ်

သျှမ်းပြည် ကွတ်ခိုင်မြို့တွင် လက်နက်ကြီးကြောင့် ကလေး ၁ ဦးနှင့် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်က အရပ်သား ၂ ဦးကို ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) ညနေ ၃ နာရီကျော်တွင် ကွတ်ခိုင်မြို့ ရပ်ကွက်(၁)...

မူဆယ်မြို့နယ် ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူအသက်အန္တရာယ်စိုးရိမ်နေရ

သျှမ်းပြည် မူဆယ်မြို့နယ်အတွင်း ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူများစိုးရိမ်နေရကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ သျှမ်းပြည် မူဆယ်မြို့နယ် ကျေးရွာအချို့တွင် ညီနောင်မဟာမိတ်တို့ ဒရုန်းများ၊ စစ်ကောက်စီတို့၏ လက်နက်ကြီး များနှင့် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင်း ပြည်သူများ အသက်အန္တရာယ် စိုးရိမ်နေရသည့် အဆင့်ဖြစ်နေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။ " အခု က...

မိုးဗြဲမြို့ လူနေအိမ်ပေါ်ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ လက်နက်ကြီး ပစ်ခတ်

သျှမ်း-ကရင်နီ (ကယား) နယ်စပ်ဒေသရှိ မိုးဗြဲမြို့ လူနေအိမ်ရပ်ကွက်ကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲသည့်အပြင် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်သဖြင့် အရပ်သားထိခိုက်မှုနှင့် နေအိမ်ပျက်စီးမှုများ ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၇) ရက် နံနက် ၅ နာရီကျော် အချိန်မှစပြီး မိုးဗြဲမြို့နယ် လူနေအိမ်ရပ်ကွက်ကို စစ်ကောင်စီမှ...

Latest news