မိုးကုတ် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ပြီး အပစ်ရပ်စာချုပ်ချိုးဖောက်မှု တုံ့ပြန်သွားမည်ဟု TNLA ပြော

သျှမ်း-မန္တလေး နယ်စပ် မိုးကုတ်မြို့နယ်ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ၏ တပ်စခန်းကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခဲ့ရာ ပြန်လည်တုံ့ပြန်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

မေလ (၄) ရက် ည ၈ နာရီဝန်းကျင်တွင် မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ခလရ-၁၄၈ နှင့် ခလရ-၇၁ တို့က ဖြူရောင်ကျေးရွာမှနေ၍ ညောင်ကုန်းကျေးရွာရှိ TNLA တပ်စခန်းကို လက်နက်ကြီး (၄) လုံးအပြင် လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်ခဲ့ရာ ၎င်းနှစ်ရွာအကြားသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက မေလ ၈ ရက်တွင် သတင်းထုတ်ပြန်လာသည်။

ယခုကဲ့သို့ TNLA တပ်စခန်းကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုနှင့် ပတ်သက်ပြီး “လက်ရှိကျမတို့ စာရင်းဇယားပြုစုပြီး စကစရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်နေပါတယ်၊ လိုအပ်တဲ့ တုံ့ပြန်မှုလည်း ပြင်ဆင်ထားပါတယ်”ဟု TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှူးက သျှမ်းသံတော်ဆင့်ကို ဖြေကြားသည်။

၅ လနီးပါးအကြာ အပစ်ရပ်ကာလအတွင်း စစ်ကောင်စီတပ်က ညီနောင်မဟာမိတ် တပ်စခန်းရှိသည့် နေရာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းအသုံးပြုကာ လာရောက်ဗုံးကြဲခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်ထဲတွင် ဆိုထားသည်။

စစ်ကောင်စီတပ်က TNLA တပ်စခန်းများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်လာခြင်းသည် စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၏ ဧပြီလ နောက်ဆုံးပတ်က တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အပြင် မေလအတွင်း စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တို့ (၅) ကြိမ်မြောက် ထပ်မံတွေ့ဆုံကြမည့် အချိန်နှင့်လည်း တိုက်ဆိုင်နေကြောင်း နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူများက ပြောသည်။

ညီနောင်မဟာမိတ်နှင့် စစ်ကောင်စီတို့သည် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ဇန်နဝါရီလ ၁၀/၁၁ ရက်တို့တွင် ကူမင်းမြို့၌ တတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး သျှမ်းမြောက်တွင် ယာယီအပစ်အခတ် ရပ်စဲရန် “ဟိုင်ဂင် သဘောတူညီမှု”ကို ရရှိခဲ့သည်ဟု ဆိုသော်လည်း မြေပြင်တွင် တိုက်ပွဲများ ရပ်တန့်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ “ဟိုင်ဂင် သဘောတူညီမှု”တွင် နှစ်ဖက်တပ်ဖွဲ့ဝင် အချင်းချင်းကြား ပစ်ခတ်တိုက်ခိုက်မှုနှင့် ထိတွေ့မှုမရှိစေရေး၊ အငြင်းပွားဖွယ်ရာများနှင့် ပစ်ခတ်မှုများ ဖြစ်ပေါ်လာပါက တွေ့ဆုံဆွေးနွေးမှု လမ်းစဉ်ဖြင့် ဖြေရှင်းရေး စသည့် အချက်များအပေါ် သဘောတူညီမှု ရရှိခဲ့သည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် ညီနောင်မဟာမိတ်(၃)ဖွဲ့မှ သျှမ်းမြောက်ရှိ စစ်ကောင်စီ၏ စခန်းများ၊ ဗျူဟာကုန်းများအား ထိုးစစ်ဆင် တိုက်ခိုက်မှုများကို စတင်မပြုလုပ်ရန် သဘောတူခဲ့ပြီး စစ်ကောင်စီဘက်မှလည်း သျှမ်းမြောက်ရှိ ညီနောင်မဟာမိတ်တို့ သိမ်းပိုက်ထိန်းချုပ်ထားသည့် နေရာများအားလုံးကို လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု မပြုလုပ်ရန် သဘောတူခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နှင့် ၂၈ ရက်ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာမှ အသက်(၆၀) အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း TNLA တပ်ဖွဲ့က ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...