စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ညောင်ရွှေတွင် ရွာလုံးကျွတ်ထွက်ပြေးနေရ

သျှမ်းပြည် ညောင်ရွှေမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေလျက်ရှိသော ညောင်ရွှေ-ပင်လောင်း-ဖယ်ခုံအစပ်တွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့က ကျေးရွာထဲသို့ လက်နက်ကြီးဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်နေသောကြောင့် ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်ကြောင်း ဒေသခံများကပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံများမှာ နန်းတုတ်၊ အိမ်မူ၊ ညောင်လေးပင်၊ ရေပူနှင့် ဘုရားတောင် နွယ်နွဲ့ ကျေးရွာများက ဒေသခံများဖြစ်ကြပြီး ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ညောင်ရွှေမြို့နယ် ဒေသခံများက ဆိုသည်။

ညောင်ရွှေမြို့နယ် စစ်ကောင်စီလေကြောင်းကြောင့် ထွက်ပြေးနေရတဲ့ပြည်သူများ

“တိုက်ပွဲတော့ ဒီရက်ပိုင်းမှာ မဖြစ်ဘူး။ လက်နက်ကြီးနဲ့ ဆက်တိုက်ထုနေလို့ ပြည်သူတွေရှောင်နေရတာပါ။ ရှောင်နေရတာက ကျေးရွာ လေးရွာ၊ ငါးရွာ လောက်ရှိတယ်။ လူဦးရေတော့ အတိအကျမသိရဘူး” ဟု ညောင်ရွှေမြို့နယ် အင်းစံကာကျေးရွာအုပ်စုမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ ထွက်ပြေးတိမ်းရှောင်နေရသော အုပ်စုများထဲတွင် စားရေးသောက်ရေးအတွက် စားနပ်ရိက္ခာအချို့ သယ်ယူနိုင်ကြသူများ ပါဝင်သကဲ့သို့ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ထွက်ပြေးတိမ်းရှောင်နေရသူများ ပါဝင်ကြောင်း ဆိုသည်။

ဇန်နဝါရီလဆန်းပိုင်းကတည်းက စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် ကျေးရွာထဲသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေလျက်ရှိကြောင်း ဒေသခံများကပြောသည်။

လက်နက်ကြီးကြောင့် နေအိမ်မီးလောင်

သို့သော် ရေကြောင်းအသုံးပြုမှုကို စစ်ကောင်စီတပ်နှင့် PNO တို့က တားမြစ်ထားသဖြင့် ဒေသခံများသည် ထွက်ပြေးတိမ်းရှောင်၍ မရခဲ့ကြောင်း၊ စစ်ရေးတင်းမာလာသည့်အချိန်မှ ယခုလို ထွက်ပြေးတိမ်းရှောင်ရန် ရေကြောင်းအသုံးမှု ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

“အရင်ရက်တွေက စံကား ရေကြောင်းကိုအသုံးမပြုဖို့ တားမြစ်ထားတာ။ လုပ်ရင်တော့ ပစ်မယ်လို့ပြောတယ်လေ။ ဖေဖော်ဝါရီ ၈ ရက်မှ ဒေသခံတွေကို ထွက်ခိုင်းတာ။ အဲ့နေ့တစ်ရက် မထွက်ရင် မရတော့ဘူးလို့ ပြောတယ်။ အဲ့နေ့မှာဘဲ ရေကြောင်းနဲ့ ထွက်ကြတာ” ဟု ၎င်းကပြောသည်။

ညောင်ရွှေမြို့နယ် စစ်ကောင်စီလေကြောင်းကြောင့် ထွက်ပြေးနေရတဲ့ပြည်သူများ

အင်းလေးဒေသ လူ့အခွင့်အရေး ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် ဇန်နဝါရီလ ၁ အတွင်း လက်နက်ကြီး ပစ်ခတ်မှု အကြိမ်ပေါင်း (၅၄) ကြိမ် လုပ်ဆောင်ခဲ့ပြီး အရပ်သား ၃ ဦး သေဆုံးကာ ၊ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

ထို့ပြင် ယခုလ ဖေဖော်ဝါရီ ၅ ရက်မှ ၁၀ ရက်နေ့အထိ စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံး ထပ်မံသေဆုံးပြီး၊ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...