ကွတ်ခိုင် လက်နက်ကြီးကြောင့် ကလေး ၁ ဦးနှင့် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရ၊ စစ်ကောင်စီတပ်က အရပ်သား၂ ဦးကို ပစ်သတ်

သျှမ်းပြည် ကွတ်ခိုင်မြို့တွင် လက်နက်ကြီးကြောင့် ကလေး ၁ ဦးနှင့် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်က အရပ်သား ၂ ဦးကို ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။

လက်နက်ကြီးကြောင့်ပစ်ခံရသည့်နေအိမ်

ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) ညနေ ၃ နာရီကျော်တွင် ကွတ်ခိုင်မြို့ ရပ်ကွက်(၁) ရဲစခန်းအောက်ရှိ သာယာကုန်းတွင် မည်သည့်လက်နက်ကိုင်အဖွဲ့က ပစ်ခတ်လာသည်ဟု မသိရှိရသည့် လက်နက်ကြီးပေါက်ကွဲမှုကြောင့် ကလေး ၁ ဦးနှင့် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ကွတ်ခိုင်မြို့ဒေသခံများက ပြောသည်။

“မနေ့ညကတော့ ဘယ်ကပစ်လိုက်တဲ့ လက်နက်ကြီးလဲတော့ မသိဘူး။ ရပ်ကွက်(၁)ထဲကို ကျတာ။ ကလေးတစ်ယောက်က ခေါင်းမှာ လက်နက်ကြီးစ နည်းနည်း ရှပ်မှန်တယ်။ နောက်ထပ် အမျိုးသမီး ၂ ယောက်ကျတော့ ခါးမှာ ထိတယ်။ မနေ့က ညနေပိုင်းမှာ ဖြစ်တာ၊ ရပ်ကွက်(၁) ရဲစခန်းအောက်မှာပေါ့။ နေအိမ်တွေကတော့ ကလေးထိတဲ့အိမ်မှာ သွပ်တွေ ပေါက်ကုန်ပြီးတော့ ရေခဲသေတ္တာတွေလဲ ပျက်စီးကုန်တယ်”ဟု ကွတ်ခိုင်မြို့မှ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကွတ်ခိုင် လက်နက်ကြီးထိမှန်နေအိမ်

ထို့အပြင် ဒီဇင်ဘာလ ၁၅ ရက်က ည ၉ နာရီအချိန်ခန့်တွင် ကွတ်ခိုင်မြို့ ရပ်ကွက်(၂)အတွင်း ကင်းလှည့်နေသော စစ်ကောင်စီတပ်သားများက အရပ်သား ၂ ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ကွတ်ခိုင်မြို့ ဒေသခံများထံမှ သိရသည်။

“တစ်ယောက်ကတော့ မနေ့က သင်္ဂြိုလ်ပြီးတာ၊ သူက တုန်ဆင်ရွာကလို့ ပြောတယ်။ နောက်တစ်ယောက်က သူ့မိဘတွေက ဘယ်သူမှန်းမသိ အဲ့လိုဖြစ်နေလို့။ သူတို့က ညအချိန် ဆိုင်ကယ်နဲ့ဆိုတော့ လှည့်ကင်းနဲ့သွားတိုးတော့ အသံမကြားလို့လားမသိဘူး ဆိုင်ကယ်မရပ်ဘူးလေ အပစ်ခံရတာ။ ၁၅ ရက်နေ့က ည ၉ နာရီလောက်က ရပ်ကွက်(၂)မှာ သေနတ်ပစ်ခံရတာ”ဟု ကွတ်ခိုင်မြို့နေ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတပ်၏ သေနတ်ပစ်ခံရခြင်းကြောင့် ပွဲချင်းပြီး သေဆုံးသွားသူမှာ တုန်ဆင်ကျေးရွာမှဖြစ်ပြီး အသက် ၂၈ နှစ်အရွယ်ရှိ နားချန်ကျေးရွာမှ လဇေ ဟု အမည်ရသည့် အမျိုးသားသည် ဆေးရုံအရောက်၌ သေဆုံးသွားပြီး ယနေ့ (ဒီဇင်ဘာလ ၁၈ ရက်တွင်) သင်္ဂြိုလ်မည်ဟု သိရသည်။

အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလ တတိယပတ်အတွင်း လားရှိုးမြို့တွင်လည်း စစ်ကောင်စီက ညမထွက်ရအမိန့် ထုတ်ပြန်ပြီးနောက် မလိုက်နာသူများကို ဖမ်းဆီးအရေးယူပြီး အမျိုးသား ၄ ဦးထက်မနည်းကို ပစ်သတ်ခဲ့ကြောင်း လားရှိုးဒေသခံများက ပြောသည်။

လားရှိုးမြို့အခြေစိုက် အရှေ့မြောက် တိုင်းစစ်ဌာနချုပ် (ရမခ) လက်အောက်ခံ လားရှိုး၊ ကွတ်ခိုင်၊ သိန္နီ၊ မူဆယ်၊ နမ့်ခမ်း၊ ကွမ်းလုံနှင့် လောက်ကိုင်မြို့အခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒစက) လက်အောက်ခံ လောက်ကိုင်နှင့် ကုန်းကြမ်းမြို့နယ်တို့တွင်လည်း နိုဝင်ဘာ ၁၅ ရက်နေ့မှစ၍ မာရှယ်လော ကြေညာထားပြီး ည ၆ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီနှင့် ကွတ်ခိုင်တွင် မီးပြန်ရသော်လည်း မီတာတစ်ယူနစ် ၄၀၀ ကျပ် ပေးရမည်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သျှမ်းပြည်မြောက်ပိုင်း သိန္နီနှင့် ကွတ်ခိုင်မြို့နယ်များတွင် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ လျှပ်စစ်မီးများ ပြန်လည်ရရှိနေပြီဖြစ်သော်လည်း အိမ်သုံးမီတာခ တစ်ယူနစ်လျှင် ၄၀၀ ကျပ်အထိ ပေးဆောင်ရမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်းမှစတင်ကာ သုံးနှစ်နီးပါးကြာ လျှပ်စစ်မီးပြတ်တောက်ခဲ့သည့် အဆိုပါဒေသများတွင် ယခုအခါ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...