Tuesday, January 27, 2026

ကွတ်ခိုင် လက်နက်ကြီးကြောင့် ကလေး ၁ ဦးနှင့် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရ၊ စစ်ကောင်စီတပ်က အရပ်သား၂ ဦးကို ပစ်သတ်

သျှမ်းပြည် ကွတ်ခိုင်မြို့တွင် လက်နက်ကြီးကြောင့် ကလေး ၁ ဦးနှင့် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်က အရပ်သား ၂ ဦးကို ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။

လက်နက်ကြီးကြောင့်ပစ်ခံရသည့်နေအိမ်

ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) ညနေ ၃ နာရီကျော်တွင် ကွတ်ခိုင်မြို့ ရပ်ကွက်(၁) ရဲစခန်းအောက်ရှိ သာယာကုန်းတွင် မည်သည့်လက်နက်ကိုင်အဖွဲ့က ပစ်ခတ်လာသည်ဟု မသိရှိရသည့် လက်နက်ကြီးပေါက်ကွဲမှုကြောင့် ကလေး ၁ ဦးနှင့် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ကွတ်ခိုင်မြို့ဒေသခံများက ပြောသည်။

“မနေ့ညကတော့ ဘယ်ကပစ်လိုက်တဲ့ လက်နက်ကြီးလဲတော့ မသိဘူး။ ရပ်ကွက်(၁)ထဲကို ကျတာ။ ကလေးတစ်ယောက်က ခေါင်းမှာ လက်နက်ကြီးစ နည်းနည်း ရှပ်မှန်တယ်။ နောက်ထပ် အမျိုးသမီး ၂ ယောက်ကျတော့ ခါးမှာ ထိတယ်။ မနေ့က ညနေပိုင်းမှာ ဖြစ်တာ၊ ရပ်ကွက်(၁) ရဲစခန်းအောက်မှာပေါ့။ နေအိမ်တွေကတော့ ကလေးထိတဲ့အိမ်မှာ သွပ်တွေ ပေါက်ကုန်ပြီးတော့ ရေခဲသေတ္တာတွေလဲ ပျက်စီးကုန်တယ်”ဟု ကွတ်ခိုင်မြို့မှ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကွတ်ခိုင် လက်နက်ကြီးထိမှန်နေအိမ်

ထို့အပြင် ဒီဇင်ဘာလ ၁၅ ရက်က ည ၉ နာရီအချိန်ခန့်တွင် ကွတ်ခိုင်မြို့ ရပ်ကွက်(၂)အတွင်း ကင်းလှည့်နေသော စစ်ကောင်စီတပ်သားများက အရပ်သား ၂ ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ကွတ်ခိုင်မြို့ ဒေသခံများထံမှ သိရသည်။

“တစ်ယောက်ကတော့ မနေ့က သင်္ဂြိုလ်ပြီးတာ၊ သူက တုန်ဆင်ရွာကလို့ ပြောတယ်။ နောက်တစ်ယောက်က သူ့မိဘတွေက ဘယ်သူမှန်းမသိ အဲ့လိုဖြစ်နေလို့။ သူတို့က ညအချိန် ဆိုင်ကယ်နဲ့ဆိုတော့ လှည့်ကင်းနဲ့သွားတိုးတော့ အသံမကြားလို့လားမသိဘူး ဆိုင်ကယ်မရပ်ဘူးလေ အပစ်ခံရတာ။ ၁၅ ရက်နေ့က ည ၉ နာရီလောက်က ရပ်ကွက်(၂)မှာ သေနတ်ပစ်ခံရတာ”ဟု ကွတ်ခိုင်မြို့နေ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတပ်၏ သေနတ်ပစ်ခံရခြင်းကြောင့် ပွဲချင်းပြီး သေဆုံးသွားသူမှာ တုန်ဆင်ကျေးရွာမှဖြစ်ပြီး အသက် ၂၈ နှစ်အရွယ်ရှိ နားချန်ကျေးရွာမှ လဇေ ဟု အမည်ရသည့် အမျိုးသားသည် ဆေးရုံအရောက်၌ သေဆုံးသွားပြီး ယနေ့ (ဒီဇင်ဘာလ ၁၈ ရက်တွင်) သင်္ဂြိုလ်မည်ဟု သိရသည်။

အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလ တတိယပတ်အတွင်း လားရှိုးမြို့တွင်လည်း စစ်ကောင်စီက ညမထွက်ရအမိန့် ထုတ်ပြန်ပြီးနောက် မလိုက်နာသူများကို ဖမ်းဆီးအရေးယူပြီး အမျိုးသား ၄ ဦးထက်မနည်းကို ပစ်သတ်ခဲ့ကြောင်း လားရှိုးဒေသခံများက ပြောသည်။

လားရှိုးမြို့အခြေစိုက် အရှေ့မြောက် တိုင်းစစ်ဌာနချုပ် (ရမခ) လက်အောက်ခံ လားရှိုး၊ ကွတ်ခိုင်၊ သိန္နီ၊ မူဆယ်၊ နမ့်ခမ်း၊ ကွမ်းလုံနှင့် လောက်ကိုင်မြို့အခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒစက) လက်အောက်ခံ လောက်ကိုင်နှင့် ကုန်းကြမ်းမြို့နယ်တို့တွင်လည်း နိုဝင်ဘာ ၁၅ ရက်နေ့မှစ၍ မာရှယ်လော ကြေညာထားပြီး ည ၆ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...