နောင်ချို လေကြောင်းဗုံးကြဲတိုက်ခိုက် အမျိုးသမီး ၂ ဦး အပါအဝင် ၄ ဦးသေဆုံး

သျှမ်းပြည် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများအတွင်း အမျိုးသမီး ၂ ဦး အပါအဝင် စုစုပေါင်း ၄ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဧပြီလ ၂၁ ရက်) နံနက် ၁၀ နာရီကျော်တွင် သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်နှင့် နောင်ချိုမြို့နယ်ကြားရှိ သရက်ကုန်းကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီး (၂) ဦးနှင့် ဦးပဉ္ဇင်းတစ်ပါး အပါအဝင် စုစုပေါင်း ၄ ဦး သေဆုံးခဲ့ကြောင်း နောင်ချိုမြို့နယ် ဒေသခံများက ပြောသည်။

“မနေ့က လေယာဉ်နဲ့ဗုံးကြဲတာ ကျွဲနှစ်ကောင်နဲ့ အသက် ၂၀ ကျော်အရွယ် ယောကျ်ားလေး ၁ ယောက်သေတယ်။ သပြေကုန်းက အမျိုးသမီး အသက် ၃၀ အောက် ၂ ယောက် သေတယ်။ ၂၀ ရက်နေ့က သရက်ကုန်းဘုန်းကြီးကျောင်း မီးလောင်ပြီးတော့ ဦးပဉ္ဇင်းတစ်ပါး ပျံလွန်သွားတယ်”ဟု နောင်ချိုမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်တွင် ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်ကို မန္တလေး-PDF တပ်ဖွဲ့က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ပြင်ဦးလွင်မြို့နှင့် ၈ မိုင်ခန့်သာ ကွာဝေးသော နောင်ချိုမြို့နယ် အစပ်ရှိ သရက်ကုန်းကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းကို ထပ်မံထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ဧပြီလ ၁၅ ရက်တွင် သိမ်းဆည်းနိုင်ခဲ့သည်။

၎င်းနောက် ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် DSA/DSTA နှင့် ညောင်ကုန်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုနှင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများ အပြင်းအထန် လုပ်ဆောင်လာရာ သရက်ကုန်း၊ ဇာလီနှင့် ပါဟပ်ကျေးရွာ ဘုန်းကြီးကျောင်းများ ထိခိုက်ပျက်စီးပြီး ညောင်တုန်းကျေးရွာလည်း ရွာလုံးကျွတ် နေအိမ်ပျက်စီးသွားကြောင်း သိရသည်။

ထို့အပြင် သရက်ကုန်းနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာ (၁၀) ရွာကျော်မှ ပြည်သူ ၃၀၀၀ ကျော်မှာ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

“ရွာသားတွေ ကိုယ်လွတ်ရုန်းပြီး ထွက်လာရတော့ ဘုန်းကြီးကျောင်းတွေမှာ တည်းနေတာရှိတယ်၊ တချို့လဲ တဲထိုးပြီး နေတာရှိတယ်။ တစ်ရွာလုံး ထွက်ပြေးရတော့ အစားအသောက် ခက်ခဲတယ်၊ တော်တော်ဒုက္ခရောက်တယ်။ လက်နက်ကြီးလည်း အဆက်မပြတ် ပစ်နေတော့ မီးခိုးလုံးတွေ တလိပ်လိပ် တက်တာတောင် မြင်ရတယ်”ဟု နောင်ချိုမြို့မှ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ် တိုက်ခိုက်မှုများကြောင့် နောင်ချိုမြို့နယ်အတွင်း သရက်ကုန်း၊ ကံ့ကော်၊ ဇာလီ ဖြူကြောင်၊ ပန်ခံ၊ နားပျန်၊ ညောင်ကုန်း၊ ပါဟက်၊ ဆီဆုံ စသည့် ကျေးရွာများမှ ပြည်သူ ၃၀၀၀ ကျော်မှာ ဘန့်ဘွေး၊ ခြေမြစ်ပင်၊ အင်းဝိုင်း၊ ကုန်းလုံ၊ ကုန်းသာ စသည့် ဘေးလွတ်ရာရှိ ကျေးရွာဘုန်းကြီးကျောင်းများတွင် ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

“မနေ့တုန်းက ဆမ္မဆယ်ကနေ လှမ်းကြည့်တာ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဆက်တိုက်ကို ဗုံးလာကြဲတာ။ ၂၀ ရက်ကစပြီး လေယာဉ်နဲ့ နေ့တိုင်းလာပစ်တာ နေ့ကော ညကော မနားဘူး။ မော်တာ စက်သေနတ်နဲ့ ပစ်လိုက်၊ လေယာဉ်နဲ့ ထပ်လာပစ်လိုက် ၁ မိနစ်ကို ၁၅ လုံးလောက်ကို ကျနေတာ။ ပစ်မှတ်က သရက်ကုန်း၊ ကံ့ကော်၊ ဆမ္မဆယ်၊ ဇာလီ ဒီရွာတွေကို တော်တော်ဖျက်ချင်နေတာ”ဟု နောင်ချိုမြို့နယ်မှ စစ်ဘေးရှောင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့ကလည်း ပြင်ဦးလွင်စစ်တက္ကသိုလ်ကို မန္တလေးတိုင်း (ပကဖ)အဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားသည်။

လက်ရှိတွင် ပြင်ဦးလွင်မြို့ပေါ်နှင့် အဝင်အထွက်လမ်းမကြီးများတွင် စစ်ကောင်စီတပ်က လုံခြုံရေး စစ်ဆေးတင်းကျပ်လျက်ရှိပြီး မြို့ပတ်လည်တွင်လည်း စစ်အင်အား တိုးမြှင့်ထားကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

KIA ထိန်းချုပ် မဘိမ်းမြို့နယ်ထဲ စစ်တပ်လေကြောင်းဗုံးကြဲ

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့ပေါ်နှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် လူထိခိုက်မှုရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၀ ရက်) ညနေ ၃ နာရီခွဲကျော်တွင် ကချင်လွတ်လပ်ရေးတပ် KIA ထိန်းချုပ်ထားသည့် မဘိမ်းမြို့ပေါ် ရဲစခန်း နေရာဟောင်းနှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းမှ Yak-130...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နန်းမယ်ခုံမြို့နယ်ကို စစ်တပ်က ထပ်မံ လေကြောင်းဗုံးကြဲ

0
ကရင်နီပြည် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၂၉ ရက်) နေ့လည် ၁ နာရီဝန်ကျင်တွင် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီး ခဲ့ကြောင်း မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီနေ့ နေ့လည်က ဗုံးကြဲသွားတာ ဟုတ်ပါတယ်။နန်းမယ်ခုံ တဝိုက်ကိုပဲ ကြဲသွားတာပါ။ လူအထိခိုက်တော့ မရှိဘူးဗျ။အိမ် နှစ်လုံးပေါ်ကျတာ။”ဟု မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက ပြောသည်။  ပြီးခဲ့သည့် ဇွန်လ (၂၄) ရက်တွင်လည်း နန်းမယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် (၂) ဦး သေဆုံးခဲ့သည်။ ယမန်နေ့ (ဇွန်လ ၂၈ ရက်) တွင်လည်း မိုးဗြဲအနီးရှိ စစ်ကော်မရှင်တပ် စခန်းတစ်ခုကို တော်လှန်ရေး တပ်ပေါင်းစုများကဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်မှုထမ်း စစ်သား (၁) ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန်း (၂) ဦး နှင့် အတူ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်တပ်က လေကြောင်းဗုံးကြဲ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ ( ဇွန်လ ၁၈ ရက်) ည ၆ နာရီခွဲကျော်တွင် မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာကို စစ်ကောင်မရှင်တပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြေပြင်တွင်လှုပ်ရှားနေသည့် သတင်းအရင်းမြစ်တစ်ဦးက သျှမ်းသံတောဆင့်ကို ပြောသည်။ “ကျနော်...