တောင်ကြီးမြို့ ဘားဆိုင် အတွင်း စစ်ကောင်စီ က လူငယ် ၂ ဦးဖမ်း ပိုက်ဆံဖြင့် ပြန်ရွေးထုတ်ခိုင်း

သျှမ်းပြည် တောင်ကြီးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့မှ လူငယ်များရှိရာ Bar ဆိုင်နှင့် နေအိမ် အတွင်းသို့ ရှောင်တခင် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးပြီး လူငယ် ၂ ဦးဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၁၈ ရက်) ညပိုင်းတွင် စစ်ကောင်စီက တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် အတွင်းသို့ ရှောင်တခင်ဧည့်စာရင်း ဝင်ရောက်စစ်ဆေးရာ 1964 Bar ဆိုင်အတွင်းရှိ လူငယ်အမျိုးသား ၂ ဦးကို ဖမ်းဆီးသွားသည်။

ထိုဖမ်းဆီးခံရသည့် လူငယ် ၂ဦးကို ၎င်းတို့မိသားစုဝင်များက တစ်ဦးလျှင် ပိုက်ဆံကျပ်သိန်း ၂၀ ဖြင့် ညတွင်းချင်းပြန်ရွေးထုတ်ခဲ့ရကြောင်း အမည်မဖော်လို ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“မနေ့က ဘုရားဖြူ 1964 Bar ဆိုင်မှာ လူငယ် ၂ ဦးဖမ်းကို စစ်ကောင်စီတပ်က ဖမ်းသွားတယ်။ မိသားစုတွေက တစ်ယောက်ကို ပိုက်ဆံ သိန်း ၂၀ နဲ့ ပြန်ရွေးထုတ်ရတယ်” ဟု ၎င်းက ပြောသည်။

Photo by Sai Moe/ တောင်ကြီးမြို့ အပေါ်မြင်ကွင်း

အလားတူ သစ်တောရပ်ကွက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့မှ ရှောင်တခင် ဧည့်စာရင်း ဝင်ရောက်စစ်ခဲ့သေးကြောင်း တောင်းကြီးမြို့ဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောသည်။

“အခုသူတို့ဧည့်စာရင်းကိစ္စကို ပြန်ပြီးတင်းကြပ်ထားတယ်။ မနေ့ကသစ်တောနဲ့ ဘုရားဖြူဘက်မှာတော့ ရှောင်တခင် ဝင်စစ်နေတယ်။ အခုသူတို့လုပ်နေတာက ပြည်သူလူထုကို ခြိမ်းခြောက်နေတာပဲ”ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီမှ နိုင်ငံသားတိုင်း စစ်မှုထမ်းရန်အတွက် (ဖေဖော်ဝါရီလ ၁၀ ရက်) ကတည်းက ဥပဒေထုတ်ပြန်လာပြီးနောက် တောင်ကြီးမြို့တွင် တကိုယ်လုံး ဓာတ်ပုံနှင့်အတူ မှတ်ပုံတင်မိတ္ထူကို ပူးတွဲ ဧည့်စာရင်းတိုင်ကြားရန် စစ်ကောင်စီက လက်အောက်ခံ အုပ်ချုပ်ရေးမှူးများက ညွှန်းကြားထားခြင်း ဖြစ်သည်။

ယခင်က ဧည့်စာရင်းတိုင်ကြားရာတွင် အမည်၊ မိဘအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်နှင့် နေရာများပါ ဧည့်စာရင်းစစ်သည့် ဇယားပုံစံကို တင်ပြရသော်လည်း ယခုတစ်ခါတွင် တကိုယ်လုံး ဓာတ်ပုံနှင့်အတူ မှတ်ပုံတင်မိတ္ထူကို ပူးတွဲတင်ပြရကြောင်း တောင်ကြီးမြို့ခံများက ပြောသည်။

ယင်းကဲ့သို့ ရှောင်တခင် ဧည့်စာရင်းဝင်ရောက် စစ်ဆေးမှုနှင့် ပတ်သက်၍ တောင်ကြီးမြို့များက လုံခြုံရေး စိုးရိမ်နေကြသည်။

“အခုစစ်မှုထမ်း ကိစ္စကလည်းရှိနေတော့ ဧည့်စာရင်းမတိုင်ထားရင် သူတို့အတွက်လုပ်စားဂွင် ဝင်သွားမှာ သေချာတယ်။ ဧည့်စာရင်းမတိုင်ရင် စစ်မှုထမ်းဖို့ ခေါ်သွားမှာလား ပြောမရဘူး။ ခေါ်သွားပြီး ပေါ်တာထည့်၊ တရားစွဲ၊ စစ်မှုထမ်း၊ ငွေညစ်အမျိုးစုံ လုပ်နိုင်တယ်” ဟု အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် တောင်ကြီးမြို့တွင် စစ်ကောင်စီထံ စစ်မှုထမ်းရန်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှုးမှ ဦးဆောင်ပြီး အိမ်ထောင်စုစာရင်း လိုက်လံကောက်ခံသွားမည်ဖြစ်သကဲ့သို့ ညောင်ရွှေမြို့နယ်နှင့် အောင်ပန်းမြို့နယ်တွင်လည်း ဧည့်စာရင်းတိုင်ကြားရန် စစ်ကောင်စီက အမိန့်ထုတ်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...