ချင်းမိုင်အလုပ်သမားများအတွက် တစ်ရက်လုပ်အားခ ဘတ် ၆၀၀ အထိပေးရန်တောင်းဆို

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအပါအဝင် ထိုင်းအလုပ်သမားများက စုပေါင်းပြီး တစ်ရက်လျှင် လုပ်အားခ ဘတ် ၆၀၀ အထိတိုးပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ယမန်နေ့ (မေ ၁) ရက်တွင် ကျရောက်သော မေဒေး (သို့) အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့၌ မြန်မာရွှေ့ပြောင်း အလုပ်သမားများအပါအဝင် ထိုင်းအလုပ်သမားများကစုပေါင်းပြီး ကိုယ်စီတောင်းဆိုချက် ပိုစတားများ ကိုင်ဆောင်၍ ချင်းမိုင်မြို့အလုပ်သမားရှာဖွေရေးရုံးသို့ သွားရောက်တောင်းဆိုခဲ့ပြီးသည့်နောက် ဆန်ကဆတ်မှ ထဖဲဂိတ်အထိ လမ်းလျှောက်ချီတက်ကာ တောင်းဆိုခဲ့သည်။

“အဓိကတော့ လုပ်အားခတွေ၊၊ အိမ်ဖော်အလုပ်သမားတွေအတွက် လူမှုဖူလုံရေးကိစ္စတွေ တောင်းဆိုတာပေါ့။ အခုကျမတို့ရတဲ့လုပ်အားခတွေက ထိုင်းနိုင်ငံမှာချမှတ်ထားတဲ့ တစ်ရက်ကို အနည်းဆုံးလုပ်အားခ ဘတ် ၃၅၀၊ အပြည့်အဝမရပါဘူး။ အိမ်ဖော်အလုပ်လုပ်တဲ့သူတွေအနေနဲ့ အိမ်ထဲမှာဘဲလုပ်ရတဲ့အတွက်ကြောင့် မပေးနိုင်ဘူးဆိုပြီးနှိမ်ခံရတယ်။ တစ်ရက်ကို ဘတ် ၂၀၀ ကျော်၊ ၂၅၀ ဘတ်ပဲရတယ်” ဟု အိမ်ဖော်အလုပ်လုပ်သည့် မြန်မာအလုပ်သမားအမျိုးသမီး တစ်ဦးက ပြောသည်။

လက်ရှိမှာ ကုန်စျေးနှုန်းများ နေ့စဥ်နဲ့အမျှ တက်လာပြီး အသုံးစရိတ်အတွက် လုံလောက်မှုမရှိကြောင်း၊ထို့ကြောင့် လုပ်အားခများကို တန်းတူပေးရန် အနည်းဆုံး ဘတ်၃၅၀ မှ အများဆုံး ဘတ် (၆၀၀)ထိ တိုးမြင့်ပေးရန် မြန်မာရွှေ့ပြောင်းအလုပ်သမားများက တောင်းဆိုလိုက်သည်။

” အခုကျမတို့နေ့စဉ် အသုံးစာရိတ်နဲ့ လာတွက်ရင်ဘယ်လိုမှမလောက်ပါဘူး။ သူများလုပ်အားခတိုးနေတဲ့အချိန်မှာ ကျမတို့ကမတိုးနိုင်ဘဲ သူများသုံး သလောက်ကျမတို့ကသုံးနေရတယ်။ ဒါကြောင့် လုပ်အားခကို သူများတောင်းသလောက် ကျား၊ မ အလုပ်မျိုး မခွဲခြားဘဲ ဘတ် ၆၀၀ အထိပေးစေချင်တယ်” ဟု အထက်ပါအမျိုးသမီးက ပြောသည်။

ထို့အပြင် ထိုင်းနိုင်ငံမှာဖွေးမွားသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးငယ်များအနေဖြင့်လည်း တရားဝင်နေထိုင်ခွင့် (ထိုင်းကတ်) လုပ်ဆောင်ခွင့်ပေးရန်၊ အိမ်ထောင်ရေးပြဿနာမှာ အနှိင်ကျင့်စော်ကား ခံရသည့် ကလေးငယ်နှင့် အမျိုးသမီးများအတွက် လုံခြုံကင်းဘေးသည့် နေရာပေးရန်နှင့် ၎င်းတို့အားစိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ စောင့်ရှောက်ပေးရန် စသည့်ဖြင့် တောင်းဆိုခဲ့သည်။

အလုပ်သမားများ၏ တောင်းဆိုချက် ပိုစတာများမှာ“ တစ်ရက်ကို အနည်းဆုံးလုပ်အားခ ဘတ် ၄၀၀ တိုးပေးပါ၊ ဘတ် ၆၀၀ တိုးပေးပါ”၊ “နေအရမ်းပူတယ် အလုပ်မလုပ်နိုင်ဘူး”၊ “ငါတို့ရဲ့အစွမ်းအစကို လာမတားဆီးပိတ်ပင်နဲ့” ဟုဆိုကာ ထုတ်ဖော်ရေးသားထားကြသည်။

“ကျနော်တို့ မြန်မာလုပ်သားတွေရဲ့ ပြဿနာက အထောက်အထားသွားလုပ်ရင် အဲ့ဒါကိုရဖို့ ပတ်စပိုစ့်ရုံးကို ပြေးရတယ်။ ဟိုနေရာကို သွားခိုင်းတယ်၊ ဒီနေရာကိုသွားခိုင်းတာနဲ့ ကျနော်တို့မှာအလုပ်တွေနားရတယ်။ တချို့သူတွေကလည်း ဘယ်လိုလုပ်ရမှန်းမသိဘူး၊ နေရာမသိဘူး။ ပွဲစားကိုလုပ်ခိုင်းတယ်။ ပြီးရင်ပိုက်ဆံ အများကြီးပေးရတယ်။ ဖြစ်ရင်နိုင်တော့ တစ်နေရာတည်းမှာလုပ်ပေးစေချင်တယ်။ အဲ့ဆိုပွဲစားကို လုပ်ခိုင်းတာလည်း မဖြစ်ရတော့ဘူး။ ပိုက်ဆံလည်းသိပ်မကုန်တော့ဘူး” ဟု Human Rights and Development Foundation ကတာဝန်ခံတစ်ဦးဖြစ်သူ စိုင်းကောင်းကပြောသည်။

၁၈၈၆ ခုနှစ် မေလ ၁ ရက်တွင် အမေရိကန်ပြည်ထောင်စုမှာ အလုပ်သမားသမဂ္ဂများက တစ်နေ့ကို အလုပ်ချိန် ၈ နာရီ သတ်မှတ်ရန် တောင်းဆိုသည့် သပိတ်ကြီးကို ဆင်နွှဲခဲ့ရာမှ တင်းမာမှုများ မြင့်တက်ခဲ့ပြီး ရဲနှင့်ဆန္ဒပြသူများ အကြား ထိပ်တိုက်တွေ့ကာ သေနတ်ပစ်ခတ်မှုဖြစ်ပွား၍ လူအများအပြားသေဆုံးခဲ့ရသည်။

ထို့နောက် ၁၈၈၉ ခုနှစ်မှာ နိုင်ငံပေါင်း ၂၀ က အလုပ်သမားသမဂ္ဂများ၊ ဆိုရှယ်လစ်နှင့် လေဘာပါတီများက ကိုယ်စားလှယ်များ တွေ့ဆုံကြပြီး မေးဒေး (May Day) ကို ယင်းဖြစ်စဉ်များ၏ အောက်မေ့တသသည့်အနေဖြင့် အထိမ်းအမှတ်နေ့ပြုလုပ်ရန် ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်ခဲ့သည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်လဝကမှ ပျံကျဈေးများကို ပိတ်ဆို့စစ်ဆေး၊ မြန်မာဈေးသည် ၉ ဦးထပ်မံဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီဌာနနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ ချင်းမိုင်မြို့တွင်းရှိ Tha Sala နယ်မြေ ပျံကျဈေးဆိုင်ခန်းများကို ဝင်ရောက်စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံသား ဈေးသည် ၉ ဦးအပါအဝင်၊ တရုတ်နိုင်ငံသား ၃ ဦး ဖမ်းမိကြောင်း Chiang Mai Immigration မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ (စက်တင်ဘာ...

ချင်းမိုင်တွင် တစ်ရက်လျှင် ဘတ် ၇,၀၀၀ ဝင်ငွေရှိသည့် မြန်မာနိုင်ငံသား ဈေးသည် တိုင်ကြားခံရပြီး ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Chang Phueak နယ်မြေတွင် စျေး လှည့်လည်ရောင်းချနေသော ဆိုင်များအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် (ပါမစ်) မရှိဘဲ ဈေးရောင်းချနေသည့် မြန်မာနိုင်ငံသားတစ်ဦးအား အာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ ( စက်တင်ဘာလ ၉ ရက်) ညနေပိုင်းက ချင်းမိုင်ခရိုင် လဝက၊...

ထိုင်းတွင် တားမြစ်အလုပ် လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားများကို ပြည်နှင်ဒဏ်အထိ တင်းကြပ်စွာ အရေးယူမည်

0
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မရှိဘဲ ရွှေ့ပြောင်းလုပ်သားများကို ငှားရမ်းခြင်း သို့မဟုတ် ဥပဒေအရ ခွင့်ပြုထားသည့် အလုပ်အကိုင်နယ်ပယ် ပြင်ပတွင် ခိုင်းစေခြင်းများ မပြုလုပ်ကြရန် ထိုင်းအစိုးရက အလုပ်ရှင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူသို့ သတိပေးကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြသည်။ အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ မနက်ဒါရက်စ် (Patdarasm Thongsaluaykorn)...

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

ချင်းမိုင်တွင် အထောက်အထားမဲ့ မြန်မာလုပ်သားနှစ်ဉီး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ဖန် (Fang) မြို့နယ်ရှိ လုပ်ငန်းတခုတွင် အထောက်အထားမဲ့ မြန်မာလုပ်သားများ ငှားရမ်းထားကြောင်း သတင်းပေးပို့ချက်အရ သွားရောက်စစ်ဆေးရာမှ မြန်မာနိုင်ငံသား ၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၃၁ ရက်) က ဖန်မြို့နယ်၊ ဆန်ဆိုင်း...