သိန္နီမြို့နယ် နှစ်လအတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ

သျှမ်းပြည် သိန္နီမြို့နယ်တွင် နှစ်လအတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ၂ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

မေလ ၁၄ ရက် နံနက် ၁၀ နာရီကျော်တွင် သိန္နီမြို့နယ် ကောင်းဟော်ကျေးရွာအုပ်စုရှိ ဟိုတာ့ကျေးရွာမှ အသက် ၃၁ နှစ်အရွယ်ရှိ စိုင်းဆိုင်လျန်း သည် တောင်ယာရှင်းလင်းနေစဉ် သစ်ကိုင်းဖြင့် မြေမြှုပ်မိုင်းကို ထိခိုက်မိရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိန္နီဒေသခံများက ပြောသည်။

“ခြံသွားရှင်းရင်းနဲ့ သစ်ကိုင်းက မြေမြှုပ်မိုင်းကို သွားထိမိတာ။ ခြံစပ်နားမှာ မီးရှို့နေတော့ သစ်ကိုင်းနဲ့ မီးတားရင်း အဲ့မြေမြှုပ်မိုင်းကို ခိုင်းမိပြီး ပေါက်ကွဲတာ သူ့အစ မှန်တာပေါ့။ ဆေးခန်းပြကြည့်တော့ ခြေကျင်းဝတ်မှာ ထိတယ်လို့ပဲ သိတာ၊ အဲ့တာနဲ့ ဓာတ်မှန်ရိုက်ကြည့်တော့ အရိုးထိတယ် ပြောလို့ ကွမ်းလုံဆေးရုံကို ပို့လိုက်ရတာ”ဟု သိန္နီမြို့မှ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သိန္နီ လက်နက်ကြီးကျ အိမ်ပျက်စီး

လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် စိုင်းဆိုင်လျန်းကို ကွမ်းလုံဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ထားပြီး မိသားစု စားဝတ်နေရေးနှင့် ဆေးဝါးကုသမှုစရိတ် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိန္နီမြို့မှ ၎င်းအမျိုးသမီးက ဆက်ပြောသည်။

အလားတူ ဧပြီနှင့် မေ (၂)လအတွင်း သိန္နီမြို့နယ် ကောင်းဟော်ကျေးရွာအုပ်စုတွင် မြေမြှုပ်မိုင်းနင်းမိသူ စုစုပေါင်း (၇) ဦးအထိ ရှိလာပြီး ၎င်းတို့အထဲမှ (၂)ဦး သေဆုံးကာ (၅) ဦး ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့ကြောင်း သိန္နီဒေသခံများထံမှ သိရသည်။

“ခြံသွားရင်လည်း မလုံခြုံတော့ဘူး၊ လမ်းဘေးတွေမှာလည်း မိုင်းတွေထောင်ထားတာ ရှိတယ်။ စာသင်ကျောင်းတွေနားမှာတောင်မှ မိုင်းထောင်ထားတာ ရှိတယ်။ မိုင်းနင်းမိရင် အများစုက ခြေထောက်ပြတ်ရင်ပြတ်၊ မဟုတ်ရင်လည်း ဒုက္ခိတဘဝ ရောက်ရတော့ ရွာသားတွေကတော့ စိုးရိမ်ကြတာပေါ့”ဟု သိန္နီမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် မေလ ၆ ရက်နေ့ကလည်း သိန္နီမြို့နယ် ကောင်းဟော်ကျေးရွာအုပ်စု ဟိုတာ့ရွာရှိ ဆောက်လုပ်လက်စ ခရစ်ယာန်ဘုရားကျောင်းတစ်ခုတွင် သန့်ရှင်းရေး ဝင်လုပ်သည့် အမျိုးသားနှစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး တစ်ဦးသေဆုံးသွားကြောင်း သိန္နီဒေသခံများ ထံမှ သိရသည်။

သိန္နီမြို့ ဆီဆိုင် တန်းစီ စောင့်ဆိုင်းနေကြသည့်ပုံ

“ကိုးကန့်စစ်သားတွေလည်း မြေမြှုပ်မိုင်းတွေ လာမယူပေးဘူး။ သူတို့ကို သွားပြောရင်လည်း ဒီဟာက သူတို့မိုင်းမဟုတ်ဘူး၊ စစ်ကောင်စီက ကျန်ခဲ့တဲ့မိုင်းတွေလို့ ပြောတာ။ နောက်ပြီးတော့ မိုင်းရှင်းဖို့လည်း လူရှာနေတုန်းပဲ မရောက်လာသေးဘူးလို့ပဲ အကြောင်းပြချက် ပေးတာ”ဟု သိန္နီမြို့မှ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

သိန္နီမြို့တွင် “၁၀၂၇ စစ်ဆင်ရေး” အပစ်ရပ်ပြီးနောက် (၅) လနီးပါးအတွင်း ဒေသခံအချို့မှာ နေရပ် ပြန်လာနိုင်ကြသော်လည်း မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းများမှ နယ်မြေရှင်းလင်းရေး မလုပ်နိုင်သကဲ့သို့ ပြည်သူများအား မြေမြှုပ်မိုင်းအကြောင်းနှင့် ပတ်သက်၍ အသိပညာပေးခြင်း မရှိသေးကြောင်း ဒေသခံများက ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...