မြန်မာ-တရုတ်နယ်စပ်ဒေသတွင် တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရမှုတိုးလာ

မြန်မာ-တရုတ်နယ်စပ်ဒေသတွင် အလုပ်အကိုင်ရှားပါးမှုကြောင့် ပွဲစားမျာကအလုပ်ရှာဖွေပေးမည်ဟု မက်လုံးပေးခေါ်ရာမှ တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရမှုတိုးလာနေကြောင်း သိရသည်။

သျှမ်းမြောက်တွင် “၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲဖြစ်ပွားပြီးနောက် နယ်စပ်ဒေသခံများအပါအဝင် စစ်ဘေးရှောင်များသည် အလုပ်လုပ်ကိုင်ရန်အတွက် မူဆယ်မြို့ရှိ နန်းတော်ဂိတ်တွင် ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ် (TBP) သော်လည်းကောင်း၊ ယာယီလက်မှတ် စာအုပ်နီသော်လည်းကောင်း ပြုလုပ်ပြီး တရုတ်ပြည်သို့သွားရောက်အလုပ်လုပ်ခဲ့ခြင်းဖြစ်သည်။

“အလုပ်ရမယ်၊ အလုပ်ပေးမယ်ခေါ်ပြီးတော့ ဟိုရောက်တော့ရောင်းစားလိုက်တာပေါ့။ အခုက မြန်မာပြည်မှာ အလုပ်ကခက်ခဲတော့ တရုတ်ပြည်ကိုလာကြတယ်။ မြန်မာပြည်မှာကနေလို့လည်းမရ၊ အလုပ်တွေမရှိတော့ ရရာအလုပ်များရမလား တက်လာကြတာ။ ဟိုရောက်တော့ရောင်းစားခံရတာ” ဟု ရောင်းစားခံသူများကို ကယ်ထုတ်ပေးခဲ့သည့် လူမှုကူညီရေးအသင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။

ရောင်းစားခံရသူများမှာ အသက် ၂၀ ကျော်အရွယ် မြန်မာ-တရုတ်နယ်စပ်ဒေသက ဒေသခံအမျိုးသမီးများ အပါအဝင် မကွေး၊ ပခုက္ကူ၊ ရန်ကုန် စသည့်ဖြင့် အနယ်နယ်အရပ်ရပ်က အမျိုးသမီးများဖြစ်ကြပြီး တရုတ်ပြည်ယူနန်မြို့အထိသို့ ရောင်းစားခံရကြောင်း၊ အမျိုးသမီးတစ်ဦးလျှင် တရုတ်ယွမ် ၅ သောင်း (မြန်မာကာလပေါက်စျေး ကျပ်သိန်း ၂၈၀ နီးပါး) မက်လုံးပေး၍ ခေါ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရသည့် အမျိုးသမီး ၆ ဦးကို လူမှုကူညီရေးအသင်းက လက်ခံကူညီခဲ့ပြီး သက်ဆိုင်ရာမြို့နယ်သို့ပို့ဆောင်ပေးခဲ့ပြီးပြီဟု ဆိုသည်။

မြန်မာအမျိုးသမီးများရောင်းစားခံရမှုနှင့် ပတ်သက်၍ နှစ်နိုင်ငံကပူးပေါင်းပြီး ခြေရာခံကိုလိုက်မည်ဆိုလျှင်လည်း ခက်ခဲကြောင်း၊ အမျိုးသမီးများရောင်းစားခံရမှု နောက်ကွယ်မှာ လူမှုအဖွဲ့အစည်းနှင့် လက်နက်ကိုင်တပ်ဖွဲ့တချို့ ပါဝင်ပတ်သက်နေကြောင်း လူမှုကူညီရေးအသင်းက ပြောသည်။

“ကျနော်တို့စုံစမ်းရသလောက်ဆိုရင် ပွဲစားတွေကအဖွဲ့အစည်းပိုင်းကလည်းပါတယ်။ လက်နက်ကိုင်တွေပါတယ်။ ကျနော်တို့လည်း ဘာမှလုပ်လို့မရဘူး၊ မလုပ်ရဲဘူး။ အဲ့ကြောင့်တချို့အရာတွေကလည်း ကျနော်တို့တင်မပြတာ အများကြီးပဲ။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့လုပ်လိုက်တဲ့အခါကျမှ မလွတ်ကင်းတဲ့ဟာများတာကြောင့် ကျနော်တို့လည်းငြိမ်နေရတယ်။ ကျနော်တို့လည်း လက်လှမ်းမှီသလောက်ဟာပဲ လုပ်ပေးနိုင်တယ်” ဟု ၎င်းထပ်လောင်းပြောသည်။

ထို့အပြင် ရောင်းခံစားရမှုဖြစ်စဉ်တချို့တွင် သူငယ်ချင်း အချင်းချင်းဖြစ်သူမှ အလုပ်ရှာဖွေပေးမည်ဟု လိမ်လည်ပြီး တရုတ်ပြည်သို့ ခေါ်ဆောင်ကာ ရောင်းစားခဲ့ကြောင်း၊ အချို့တွင်ကာယကံ ရှင်ဖြစ် သူကိုယ်တိုင်က သဘောတူလက်ခံပြီး မိမိကိုယ်ကို ပြန်လည်ရောင်းစားခဲ့ကြောင်း ဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ တိုင်းနှင့်ပြည်နယ်အသီးသီးမှာ စစ်ရေးပဋိက္ခများဖြစ်ပွားလာခဲ့ရာ ပြည်သူများသည် စစ်ပြေးနေရသည်ကတစ်ကြောင်း၊ စီးပွားရေးကျဆင်း၍ အလုပ်အကိုင်မဖြစ်သည်က တစ်ကြောင်းနှင့် စစ်မှုထမ်းဥပဒေကိုကြောက်ရွံ့၍ ပြည်ပသို့ထွက်ပြေးနေသူများကတစ်ကြောင်း စသည့်ဖြင့် ပြည်ပသို့ထွက်ပြေးလာကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...