Tuesday, January 27, 2026

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းရန် နေအိမ်ပေါ်ထိ ပေါ်တာတက်ဆွဲ

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့က တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၂) ကို ဆက်လက်ဖွင့်လှစ် ကျင်းပနေပြီး နေအိမ်ပေါ်ထိ ပေါ်တာလာရောက်ဆွဲကြောင်း စုံစမ်းသိရသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၂)ကို ဆက်လက်ဖွင့်လှစ်နေကြောင်းလည်း ယနေ့ (မေလ ၁၅ )ရက်တွင် ကြေညာလိုက်သည်။

စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အသက်သွင်းပြီးနောက် သင်္ကြန်ရုံးပိတ်ရက်များအပြီး စစ်မှုထမ်းရန်အတွက် လူသစ်စစုမည်ဟု ကြေညာထားသော်လည်း အပတ်စဉ် (၁) စစ်သင်တန်းကို သင်္ကြန်မတိုင်မီကတည်းက စတင်ခဲ့သည်။

ထိုနောက် ပြည်သူ့စစ်မှုထမ်းအမှတ် (၂) အတွက် တပ်သားသစ်လိုက်လံကောက်ခံခဲ့ရာတွင် လူနေအိမ်ပေါ်ထိ ပေါ်တာဆွဲယူခဲ့သည်ဟု ပင်လောင်းမြို့ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“သင်္ကြန်ပြီးတော့ စင်းတောင်းရွာမှာ လူနေအိမ်ပေါ်ထိ ပေါ်တာတက်ဆွဲတာ။ လူငယ်တချို့တွေ ပါသွားတယ်။ တချို့တွေကကြောက်လို့၊ မနေရဲလို့ပြေးကုန်တာ။ အခုလည်းမြို့ပေါ်မှာ တစ်ရပ်ကွက်ကို လူနှစ်ယောက် တောင်းတယ်။ ဘယ်သူမှမသွားချင်လို့ လူငှားဖို့အတွက် တစ်အိမ်ကို ကျပ် ၈ သောင်းထည့်ရတယ်” ဟု ၎င်းကဆိုသည်။ 

လက်ရှိ ပင်လောင်းမြို့နယ်တွင် တော်လှန်ရေးအင်အားစုတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေသောကြောင့် စစ်ကောင်စီသည် ၎င်း၏လက်အောက်ခံ ပြည်သူ့စစ် PNO တပ်ဖွဲ့အား တပ်သားသစ်စုဆောင်းခိုင်းစေပြီး ရှေ့တန်းပို့ဆောင်ခဲ့သည်ဟု သိရသည်။ 

ထိုကဲ့သို့ ရှေ့တန်းသို့ပို့ဆောင်ခဲ့ရာမှာ ဧပြီလ ၂၇ ရက်တွင် မဲနယ်တောင်ဒေသက စစ်သင်တန်းမတက်ဖူးသူ အသက် ၃၁ နှစ်အရွယ် ခွန်အောင်ရွေသည် ထမ့်ယမ်းတိုက်ပွဲ၌ သေနတ်ထိမှန်ပြီးသေဆုံးသွားသည်၊ ကျောက်တလုံးကြီးမြို့ နောင်လုံရပ်ကွက်နေ အသက် ၂၅ နှစ် ခွန်မောင်ပိုးသည်လည်း PNO ခေါ်သည့် ပြည်သူ့စစ်မှုထမ်းတွင် အလှည့်ကျရှေ့တန်းတက်စဉ် ဧပြီလဒုတိယပတ်တွင် တိုက်ပွဲ၌ သေဆုံးသွားခဲ့သည်။

ထို့အပြင် ပြည်သူ့စစ်မှုထမ်း အမှတ် (၂) အတွက် လူသစ်စုဆောင်းမှုများ ပြုလုပ်နေစဉ် စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက အမျိုးသားများပြည်ပသို့ တရားဝင်အလုပ်သွားရောက် လုပ်ကိုင်ခွင့်ကို မေလ ၁ ရက်မှစ၍ ယာယီတားမြစ်ပိတ်ပင်လိုက်သည်။

စစ်မှုထမ်းဥပဒေကြောင့် လူငယ်များအပြား တရားဝင်နှင့် တရားမဝင်လမ်းကြောင်း နှစ်ခုစလုံးမှတဆင့် ပြင်ပနိုင်ငံများသို့ ထွက်ခွာနေစဉ် ယခုကဲ့သို့ ထပ်မံပိတ်လိုက်သဖြင့် လူငယ်များတရားမဝင်ထွက်ခွာမှု ပိုတိုးလာနေကြောင်း၊ BACS အစီရင်ခံစာအရ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် နည်းအမျိုးမျိုးဖြင့် နေရပ်စွန့်ခွာရန် ကြိုးစားနေကြသည့် လူငယ် ၁ သိန်းထက်မနည်းရှိနေကြောင်း ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...