စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းရန် နေအိမ်ပေါ်ထိ ပေါ်တာတက်ဆွဲ

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့က တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၂) ကို ဆက်လက်ဖွင့်လှစ် ကျင်းပနေပြီး နေအိမ်ပေါ်ထိ ပေါ်တာလာရောက်ဆွဲကြောင်း စုံစမ်းသိရသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၂)ကို ဆက်လက်ဖွင့်လှစ်နေကြောင်းလည်း ယနေ့ (မေလ ၁၅ )ရက်တွင် ကြေညာလိုက်သည်။

စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အသက်သွင်းပြီးနောက် သင်္ကြန်ရုံးပိတ်ရက်များအပြီး စစ်မှုထမ်းရန်အတွက် လူသစ်စစုမည်ဟု ကြေညာထားသော်လည်း အပတ်စဉ် (၁) စစ်သင်တန်းကို သင်္ကြန်မတိုင်မီကတည်းက စတင်ခဲ့သည်။

ထိုနောက် ပြည်သူ့စစ်မှုထမ်းအမှတ် (၂) အတွက် တပ်သားသစ်လိုက်လံကောက်ခံခဲ့ရာတွင် လူနေအိမ်ပေါ်ထိ ပေါ်တာဆွဲယူခဲ့သည်ဟု ပင်လောင်းမြို့ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“သင်္ကြန်ပြီးတော့ စင်းတောင်းရွာမှာ လူနေအိမ်ပေါ်ထိ ပေါ်တာတက်ဆွဲတာ။ လူငယ်တချို့တွေ ပါသွားတယ်။ တချို့တွေကကြောက်လို့၊ မနေရဲလို့ပြေးကုန်တာ။ အခုလည်းမြို့ပေါ်မှာ တစ်ရပ်ကွက်ကို လူနှစ်ယောက် တောင်းတယ်။ ဘယ်သူမှမသွားချင်လို့ လူငှားဖို့အတွက် တစ်အိမ်ကို ကျပ် ၈ သောင်းထည့်ရတယ်” ဟု ၎င်းကဆိုသည်။ 

လက်ရှိ ပင်လောင်းမြို့နယ်တွင် တော်လှန်ရေးအင်အားစုတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေသောကြောင့် စစ်ကောင်စီသည် ၎င်း၏လက်အောက်ခံ ပြည်သူ့စစ် PNO တပ်ဖွဲ့အား တပ်သားသစ်စုဆောင်းခိုင်းစေပြီး ရှေ့တန်းပို့ဆောင်ခဲ့သည်ဟု သိရသည်။ 

ထိုကဲ့သို့ ရှေ့တန်းသို့ပို့ဆောင်ခဲ့ရာမှာ ဧပြီလ ၂၇ ရက်တွင် မဲနယ်တောင်ဒေသက စစ်သင်တန်းမတက်ဖူးသူ အသက် ၃၁ နှစ်အရွယ် ခွန်အောင်ရွေသည် ထမ့်ယမ်းတိုက်ပွဲ၌ သေနတ်ထိမှန်ပြီးသေဆုံးသွားသည်၊ ကျောက်တလုံးကြီးမြို့ နောင်လုံရပ်ကွက်နေ အသက် ၂၅ နှစ် ခွန်မောင်ပိုးသည်လည်း PNO ခေါ်သည့် ပြည်သူ့စစ်မှုထမ်းတွင် အလှည့်ကျရှေ့တန်းတက်စဉ် ဧပြီလဒုတိယပတ်တွင် တိုက်ပွဲ၌ သေဆုံးသွားခဲ့သည်။

ထို့အပြင် ပြည်သူ့စစ်မှုထမ်း အမှတ် (၂) အတွက် လူသစ်စုဆောင်းမှုများ ပြုလုပ်နေစဉ် စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက အမျိုးသားများပြည်ပသို့ တရားဝင်အလုပ်သွားရောက် လုပ်ကိုင်ခွင့်ကို မေလ ၁ ရက်မှစ၍ ယာယီတားမြစ်ပိတ်ပင်လိုက်သည်။

စစ်မှုထမ်းဥပဒေကြောင့် လူငယ်များအပြား တရားဝင်နှင့် တရားမဝင်လမ်းကြောင်း နှစ်ခုစလုံးမှတဆင့် ပြင်ပနိုင်ငံများသို့ ထွက်ခွာနေစဉ် ယခုကဲ့သို့ ထပ်မံပိတ်လိုက်သဖြင့် လူငယ်များတရားမဝင်ထွက်ခွာမှု ပိုတိုးလာနေကြောင်း၊ BACS အစီရင်ခံစာအရ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် နည်းအမျိုးမျိုးဖြင့် နေရပ်စွန့်ခွာရန် ကြိုးစားနေကြသည့် လူငယ် ၁ သိန်းထက်မနည်းရှိနေကြောင်း ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...