Monday, April 29, 2024

ဆီဆိုင်-ဟိုပုံးမြို့နယ်အစပ် စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲ ပြည်သူ ၂ ဦးသေဆုံး

Must read

သျှမ်းပြည် ဆီဆိုင်- ဟိုပုံးမြို့နယ် အစပ် ဆီဆိုင်မြို့နယ် ပဆျားကြိုးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ ၂ ဦးသေဆုံးသွားခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA၏ ထုတ်ပြန်ချက်အရ သိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၁၄ ရက်) နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ်နှင့်ဟိုပုံးမြို့နယ် နယ်စပ်တွင်ရှိသည့် ပဆျားကြိုးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ငါးကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူ ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရကာ ဒေသခံပြည်သူများ၏ နေအိမ်နှင့် အိုးအိမ်စည်းစိမ်းများလည်း ပျက်စီးသွားခဲ့သည်ဟု ရေးသားဖော်ပြထားသည်။

“မနေ့က စစ်ကောင်စီက လေယာဉ်နဲ့ လာကြဲသွားတာက မဲနယ်တောင်အရှေ့ဘက် ပဆျားကြိုးရွာကို လာကြဲသွားတာ ဟုတ်ပါတယ်။ အဲ့မှာတိုက်ပွဲဖြစ်နေတယ်လို့ ကြားတယ်။ ဒါကြောင့် လေယာဉ်နဲ့ လာကြဲသွားတာ။ အခုရွာကလူတွေတော့ ပြေးနေရတယ်” ဟု ဟိုပုံးမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

ထိုကဲ့သို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် ယခင်စစ်ရှောင်ရခဲ့သော စံဖူးကျေးရွာအပါအဝင် ကျောက္ကဆျားရွာ စသည့်ဖြင့် ကျေးရွားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်ဇဝါရီလ ၂၁ ရက်တွင် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ စံဖူးကျေးရွာအတွင်း လက်နက်သမ်း ဆောင်လာသည့် PNLO ၏ ယာဉ်တန်းများကို စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ PNO တို့ တားဆီး စစ်ဆေးရာမှ တိုက်ပွဲဖြစ်ပွားခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article