Wednesday, January 28, 2026

ပအိုဝ်းအမျိုးသားနေ့ ကျင်းပနိုင်ရေး ၁ လကြာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရန် PNLO နာယကပြော

ပအိုဝ်းအမျိုးသားလုံး အထွဋ်အမြတ်ထားသည့် ပအိုဝ်းအမျိုးသားနေ့ကို စည်းလုံးညီညွတ်စွာနှင့် အောင်မြင်စွာ ကျင်းပရေးအတွက် ပအိုဝ်းနယ်မြေအတွင်း ၁ လကြာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြရန် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ခွန်ဥက္ကာက ပြောဆိုလိုက်သည်။

အဆိုပါ ပြောဆိုမှုသည် ယမန်နေ့ (မတ်လ ၁၉ ရက်) တွင် ထုတ်ပြန်ခဲ့သည့် PNLO ပြန်ကြားလွှာ၌ ထည့်တွင်းပြော ဆိုခဲ့ခြင်းဖြစ်သည်။

မတ်လ ၂၄ ရက်ကျရောက်မည့် ပအိုဝ်းအမျိုးသားနေ့ကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပအိုဝ်းနယ်မြေအဖြစ် သတ်မှတ်ထားသည့် ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် ပင်လောင်းမြို့နယ်အတွင်း ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိက္ခကို မတ်လ ၂၃ ရက်မှ ဧပြီလ ၂၃ အထိ တစ်လကြာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲကြရန် မေတ္တာရပ်ခံထားကြောင်း ဆိုသည်။

ယင်းကဲ့သို့ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခြင်းကြောင့် ပအိုဝ်းအမျိုးသားနေ့ပွဲတော်များကို နေရာအနှံ့ အောင်မြင်စွာ ကျင်းပနိုင်မည်ဖြစ်ကြောင်း၊ ပဋိပက္ခများ လျှော့ကျစေနိုင်ခြင်းအပြင် အလှူအတန်းများ ပြုလုပ်နိုင်ခြင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို စစ်ဘေးရှောင်များထံသို့ ပို့ဆောင်ကူညီနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။

သို့သော် ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA၊ ပူးပေါင်းတော်လှန်ရေး အင်းအားစုတပ်ဖွဲ့နှင့် စစ်ကောင်စီ၊ ပြည်သူ့စစ် PNA တို့အကြား လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေလျက်ရှိနေသည်။

အဆိုပါ မြေနယ်ဒေသအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်နီးပါးလိုပင် ပြုလုပ်နေသည်။

ထို့အပြင် လောင်းမြို့နယ်အတွင်း ပြည်သူ့တော်လှန်ရေး အင်းအားစု PDFs နှင့် စစ်ကောင်စီတပ်၊ ပြည်သူ့စစ် PNA တို့အကြား ယနေ့အချိန်ထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်။

ပုံစာ-၂၀၂၃ ခုနှစ် မတ်လ (၅) ရက်တွင် ပင်လောင်းမြို့နယ်မှာ (၇၄) ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ကို ကျင်းပနေစဉ်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အပစ်ရပ်ထပ်တိုးနေ့တွင် PNLO ဌာနချုပ်နှင့်ကျေးရွာကို စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်

0
အပစ်အခတ်ရပ်စဲကြောင်း သက်တမ်းထပ်တိုးကြေညာသည့်နေတွင် စစ်ကောင်စီတပ်က သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်းရှိ PNLO ၏ ဌာနချုပ်နှင့် ကျေးရွာများအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း PNLA မှ ယနေ့ ဧပြီလ ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ယမန်နေ့ ဧပြီလ ၂၂ ရက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ပအိုဝ်းအမျိုးသား...

စစ်ကောင်စီနှင့် ဆွေးနွေးလိုသည့် အတွေးခေါ်ရှိနေလျှင် အာဏာရှင်ကို အမြစ်ပြတ်ဖြစ်မည်ကို မကြိုက်သည့် သဘောဆောင်ကြောင်း ဗိုလ်ချုပ် ခွန်သူရိန်ဆို

0
စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးလိုသည့် အတွေးအခေါ်မျိုးမရှိသင့်ကြောင်း၊ စစ်ကောင်စီနှင့် ဆွေးနွေးချင်သည့် အတွေးခေါ်ရှိနေလျှင် အာဏာရှင် ကို အမြစ်ပြတ်ဖြစ်မည်ကို မကြိုက်သည့် သဘောဆောင်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLA/PNLO)မှ ဗိုလ်ချုပ် ခွန်သူရိန် က ပြောဆိုလိုက်သည်။ အဆိုပါ ပြောဆိုမှုသည် ယနေ့ (မတ် ၁၃)ရက် ကျရောက်သည့် ပအိုဝ်းအမျိုးသားနေ့တွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။ “စစ်ကောင်စီနဲ့...

အတိတ်နိုင်ငံရေးဝဲဂယက်ထဲသို့ နစ်မြုပ်နေသော ပအိုဝ်းအဖွဲ့အစည်းများ

0
“ပအိုဝ်းပြည်နယ်သစ်‌ပေါ်ထွန်းရေး မပေါ်ထွန်းရေး အဲတာ အသာထား အခုကိုယ့်ရှိနေတာလေး သူများခွဲမစားသွားဖို့ အရေးကြီးတယ်”လို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် အသွင်ပြောင်းပြည်သူ့စစ် ဒုစစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်မှူးကြီးခွန်နေဝင်းထွန်းက လူထုနှင့် တွေ့ဆုံရာတွင် ရှင်းလင်းပြောဆိုပါသည်။ သို့သော်လည်း ပအိုဝ်းနိုင်ငံရေးအဖွဲ့အစည်းများဖြစ်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် နွေဦးတော်လှန်ရေးစတင်ပြီးနောက် အသစ်စုဖွဲ့လိုက်သော ခွန်မြင့်ထွန်းဦးဆောင်သည့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) တို့၏...

PNLA ထိန်းချုပ်ရာဒေသကို စစ်ကောင်စီနှင့် PNO ထိုးစစ်ဆင်၊ ထိတွေ့တိုက်ပွဲဖြစ်

0
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA ထိန်းချုပ်ရာဒေသကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် PNO တပ်တို့က ထိုးစစ်ဆင်လာသောကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၂၀ ရက်) နံနက် ၁၀ နာရီခွဲအချိန်မှစပြီး ဆီဆိုင်မြို့နယ် အတွင်းရှိ အများပြည်သူအသုံးပြုနေသည့် ဆိုက်ခေါင်-ဟိုနမ့်ပွန်ချောင်းတံတားကို စစ်ကောင်စီတပ်ဖွဲ့မှ လေယာဉ်ဖြင့် ဗုံးသုံးလုံး...

NCA အတိုင်း ဆက်သွားမည့် PNLO လက်ကျန်အဖွဲ့ကို ဦးဆောင်သူ ခွန်ဥက္ကာပြော

0
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းအတိုင်း ဆက်သွားရန် ကျန်ရှိခဲ့သည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO )လက်ကျန်အဖွဲ့ကို ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ဆက်လက် ဦးဆောင်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၅ ရက်) တွင် စစ်ကောင်စီတပ်နှင့် လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့်...