Thursday, May 9, 2024

ပအိုဝ်းအမျိုးသားနေ့

တိုက်ပွဲပြင်းထန်သည့်ကြား (၇၅)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အကြီးအကျယ်ကျင်းပ

သျှမ်းပြည် တောင်ကြီးမြို့နယ်တွင် (၇၅)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို တိုက်ပွဲပြင်းထန်သည့်ကြားက အကြီးအကျယ် ကျင်းပခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၄ ရက်) တပေါင်းလပြည့်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတု ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို တောင်ကြီးမြို့ ဘက်စုံဖွံ့ဖြိုးရေးကွင်း (ဒဲဉ်သီႏဗွေကွင်ꩻ) ၌ အကြီးအကျယ် ကျင်းပခဲ့သည်။ ၎င်းအခမ်းအနားသို့...

ပအိုဝ်းအမျိုးသားနေ့ ကျင်းပနိုင်ရေး ၁ လကြာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရန် PNLO နာယကပြော

ပအိုဝ်းအမျိုးသားလုံး အထွဋ်အမြတ်ထားသည့် ပအိုဝ်းအမျိုးသားနေ့ကို စည်းလုံးညီညွတ်စွာနှင့် အောင်မြင်စွာ ကျင်းပရေးအတွက် ပအိုဝ်းနယ်မြေအတွင်း ၁ လကြာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြရန် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ခွန်ဥက္ကာက ပြောဆိုလိုက်သည်။ အဆိုပါ ပြောဆိုမှုသည် ယမန်နေ့ (မတ်လ ၁၉ ရက်) တွင် ထုတ်ပြန်ခဲ့သည့်...

Latest news