တိုက်ပွဲပြင်းထန်သည့်ကြား (၇၅)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အကြီးအကျယ်ကျင်းပ

သျှမ်းပြည် တောင်ကြီးမြို့နယ်တွင် (၇၅)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို တိုက်ပွဲပြင်းထန်သည့်ကြားက အကြီးအကျယ် ကျင်းပခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (မတ်လ ၂၄ ရက်) တပေါင်းလပြည့်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတု ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို တောင်ကြီးမြို့ ဘက်စုံဖွံ့ဖြိုးရေးကွင်း (ဒဲဉ်သီႏဗွေကွင်ꩻ) ၌ အကြီးအကျယ် ကျင်းပခဲ့သည်။

၎င်းအခမ်းအနားသို့ စစ်ကောင်စီခန့် သျှမ်းဝန်ကြီးချုပ် ဦးအောင်အောင်၊ ပအိုဝ်းပြည်သူ့စစ် PNO ခေါင်းဆောင် ဦးအောင်ခမ်းထီတို့နှင့်အတူ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

“ပအိုဝ်းအမျိုးသားနေ့ တက်ရောက်တဲ့အချိန်မှာ အတူတူ တက်ရောက်ကြတာပါ။ ပအိုဝ်းအမျိုးသားနေ့က တစ်မျိုးသားလုံးလည်း ဆိုင်တယ်၊ စိန်ရတုလည်း ဖြစ်တယ်။ အဲ့ဒါကြောင့် အမျိုးသားနေ့မှာ ကျနော်လည်း တက်တယ်။ ဥက္ကဋ္ဌကြီး ဦးအောင်ခမ်းထီကလည်း သဘာပတိ အဖြစ်နဲ့ တက်တယ်။ အဲ့ဒီပွဲမှာ တွေ့ကြတာပါ”ဟု PNLO နာယကဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

တောင်ကြီးမြို့တွင် ကျင်းပခဲ့သည့် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသူ PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် PNO ပြည်သူ့စစ်ခေါင်းဆောင် ဦးအောင်ခမ်းထီတို့ကို အတူတွေ့မြင်ရသည့် ဓာတ်ပုံထွက်ပေါ်လာပြီးနောက် လူမှုကွန်ယက် စာမျက်နှာတွင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ သည် PNO အဖွဲ့နှင့် ပူးပေါင်းလိုက်ကြောင်း သတင်းပျံနှံ့လာခဲ့ရာ မဟုတ်မှန်ကြောင်း ၎င်းက ငြင်းဆိုသည်။

“ဒါက ပအိုဝ်းအမျိုးသားနေ့ အစဉ်အလာ အခမ်းအနားအရ တွေ့တာပါ။ တခြားကိစ္စတွေက ကျနော်တို့ နိုင်ငံရေး ရပ်တည်ချက်ကို သတင်းအတုအယောင်တွေနဲ့ ရိုက်ချိုးတဲ့သဘောပါ။ သတင်းအတုတွေပါ။ တွေ့တယ်ဆိုတာက အမျိုးသားနေ့ အခြေခံအပေါ်မှာ တွေ့တာပါ။ ကျနော်နှစ်တိုင်း တက်နေကျအတိုင်း တက်ပါတယ်။ တခြားကိစ္စ မပါပါဘူး”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

မတ်လ ၁၉ ရက်တွင်လည်း PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာသည် (၇၅)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆီဆိုင်၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ်အတွင်း ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခကို မတ်လ ၂၃ ရက်မှ ဧပြီလ ၂၃ အထိ တစ်လကြာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြရန်လည်း တောင်းဆိုထားသည်။

သို့သော် ၎င်း(၃)မြို့နယ်တွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA ပူးပေါင်းတော်လှန်ရေး အင်အားစုတပ်ဖွဲ့နှင့် စစ်ကောင်စီ၊ PNA ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တို့အကြား လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေလျက်ရှိပြီး စစ်ကောင်စီက ကျေးရွာများသို့ လက်နက်ကြီး ပစ်ခတ်မှုနှင့် လေကြောင်းဗုံးကြဲမှုဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...