Wednesday, May 15, 2024

လားရှိုးမြို့ လိုင်စင်ရှိ၊ လိုင်စင်မဲ့ ကားများကို ထောက်ခံစာ စစ်နေ

Must read

လားရှိုးမြို့တွင် လိုင်စင်ရှိသော ကားများအပါအဝင် လိုင်စင်မဲ့သော ကားများကိုပါ စစ်ကောင်စီမှ စာရင်‌ကောက်ပြီး ထောက်ခံစာများ လုပ်ပေးကာ စစ်ဆေးရေးများ တင်းကြပ်လာကြောင်း သိရသည်။

သျှမ်းပြည် လားရှိုးမြို့တွင် လိုင်စင်ရှိသော ကားများအပါအဝင် လိုင်စင်မဲ့သော ကားများကိုပါ စစ်ကောင်စီမှ တဆင့် အုပ်ချုပ်ရေးမှုးထံ ပြီးခဲ့သည့် ဖောဖော်ဝါရီလ တွင် စာရင်းသွင်းခဲ့ရပြီး ဧပြီလ ၂၇ ရက်မှ စ၍ ထောက်ခံစာများကို ထုတ်ပေးခဲ့ကြောင်း လားရှိုးမြို့‌ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စားရင်းပေးထားတဲ့ ကားတွေကို သူတို့ ထောက်ခံစာတွေပေးနေပါပြီ။ ကားတွေဘာတွေသိမ်းတာက အရင်ကတော့ သူတို့ သိမ်းချင်ရင်သိမ်းတာပဲ။ သူတို့က စစ်ဆေးရေးကို ပိုတင်းကြပ်ချင်တာပေါ့။ ရပ်ကွက် ၁ ကနေ ၁၂ ထိပဲ ဥက္ကဌက လုပ်ပေးနေတယ်။ကတ်ဖိုးက တချို့တွေကို ၅ထောင်ကျပ်ကောက်တယ်။ တချို့လည်း မကောက်ဘူး ပြောတယ်။” ဟု အမျိုးသားတစ်ဦးက ပြောသည်။

လားရှိုးမြို့တွင်‌ ထောက်ခံစာများ ပြုလုပ်ပေးပြီး ဧပြီလ ၂၇ ရက်နေ့မှ စ၍ စစ်ဆေးမှုများ ပိုမိုတင်း ကြပ်လာပြီး၊ထောက်ခံစားလုပ်ရန်အတွက် စားများကို ဆက်လက် လက်ခံနေကြောင်း သိရသည်။

ထို့အပြင် စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်ကျော် ကာလအတွင်း သျှမ်းပြည်တစ်ဝှမ်းလုံးရှိ ပြည်ထောင်စု ကားလမ်းမပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ စစ်ဆေးရေး ဂိတ်တိုးချဲ့ ဆောက်လုပ်ပြီး ခရီးသွား ပြည်သူများကို ငွေအဆမတန် တောင်းခံနေလျက်ရှိကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article