မူဆယ် SSPP/SSA က ဒုစရိုက်မှုလုပ်ကိုင်နေသူများကို သတိပေး၊ လူမျိုးဘာသာမရွေး တားဆီးနှိမ်နှင်းမည်ဟုဆို

သျှမ်းပြည် မူဆယ်မြို့နယ်တွင် ဒုစရိုက်လုပ်ငန်း လုပ်ကိုင်နေသူများကို ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) က သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဧပြီလ ၂၈ ရက်) တွင် မူဆယ်မြို့နယ်ရှိ SSPP/SSA တပ်ဖွဲ့၏ ရွှေလီဒေသ ကွပ်ကဲရေးတပ်မ (၉၈၉) မှ ပြန်ပေးဆွဲခြင်း၊ လူသတ်လုယက်မှုနှင့် ခိုးဆိုးလုနှိုက် ဓါးပြတိုက်မှု စသည့် မကောင်းမှု ဒုစရိုက်လုပ်ငန်း လုပ်ကိုင်နေသူများကို လူမျိုးဘာသာမရွေး ထိရောက်စွာ တားဆီးနှိမ်နှင်းသွားမည်ဟု ထုတ်ပြန်လာကြောင်း မူဆယ်ဒေသခံများက ပြောသည်။

“လူထုကလည်း သူတို့အပေါ် ယုံကြည်မှုရှိလာအောင် စာထုတ်တဲ့အတိုင်း လုပ်ဆောင်ချက်တွေ တစ်ထပ်တည်း ကျဖို့လိုတာပေါ့။ ဒုစရိုက်မှု လုပ်နေတဲ့လူတွေက မြို့ထဲမှာ၊ စစ်ကောင်စီကလည်း မြို့ထဲမှာ ရှိနေသေးတာပဲ။ SSPP အနေနဲ့ကတော့ မြို့ပတ်လည်မှာ ရှိတာမှန်ပေမယ့် မြို့ပေါ်မှာ တကယ်ကော လှုပ်ရှားနိုင်မလားဆိုတာ မေးစရာရှိတာပေါ့”ဟု မူဆယ်မြို့မှ ကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

၂၀၂၄ နှစ်ဆန်းပိုင်းမှ စတင်ပြီး မူဆယ်မြို့တွင် လက်နက်ကိုင် အယောင်ဆောင်အဖွဲ့များက မြို့ပြပျောက်ကြားအဖွဲ့၊ မြို့တွင်းတော်လှန်သော အုပ်စုအဖွဲ့ (MRTTD) နှင့် မူဆယ် PDF အယောင်ဆောင်အဖွဲ့ (MSPDF) စသည့် နာမည်အမျိုးမျိုးဖြင့် မြို့နေလူထုကို အွန်လိုင်းမှ စာပို့ခြိမ်းခြောက် ငွေညှစ်တောင်းခံပြီး လူပြန်ပေးဆွဲမှုများ နေ့စဉ်နီးပါး ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

“လူမျိုးဘာသာမရွေးလို့ ပြောထားတော့ ပြန်ပေးဆွဲ၊ ဓားပြတိုက် လုပ်စားနေတာက ပြည်သူ့စစ်နဲ့ စစ်ကောင်စီ လက်အောက်ခံဆိုရင် SSPP က ဘယ်လိုအရေးယူမလဲပေါ့၊ တကယ်ဆိုရင် ဒီလိုထုတ်ပြန်ချက်မျိုးက လွန်ခဲ့တဲ့ ၃ လလောက်ကတည်းက ထွက်ခဲ့သင့်တယ်။ ဒီလုပ်စားနေတဲ့အဖွဲ့တွေ ဘယ်လိုလှုပ်ရှားဦးမလဲဆိုတာ အခြေအနေကို စောင့်ကြည့်ရဦးမှာပေါ့”ဟု မူဆယ်မြို့မှ ၎င်းကုန်သည် အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်ကလည်း မူဆယ်မြို့ရှိ ဓားပြတိုက် ပြန်ပေးဆွဲအဖွဲ့တစ်ခုမှ လူငယ် ၉ ယောက်ကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်များက ဖမ်းဆီးခဲ့ပြီး မူဆယ်စစ်ဗျူဟာတွင် စစ်မေးပြီးနောက် ၎င်းတို့အထဲမှ ၈ ဦးကို သတ်ဖြတ်ခဲ့ကြောင်း မူဆယ်ဒေသခံများက ပြောသည်။

“မူဆယ်မှာက စစ်ကောင်စီကိုယ်တိုင်လည်း သူ့အတွက်တောင် လုံခြုံရေးမယူတော့ဘူး။ သေနတ်ကိုင်ထားတဲ့ ပြည်သူ့စစ်တွေလည်း အဖွဲ့ ၂၀ ကျော်ရှိတာ။ မြို့ပတ်လည်မှာ မဟာမိတ်တွေ ဝိုင်းထားတော့ အရင်လို အပြင်ထွက်ပြီး ငွေရှာလို့ မရတော့ဘူး၊ အဲ့တော့ မြို့ထဲရှိတဲ့ ပြည်သူဆီကနေပဲ ရတဲ့နည်းနဲ့ ငွေရှာနေတာ။ တရားဥပဒေစိုးမိုးမှုက လုံးဝ ပျက်စီးသွားပြီ”ဟု သျှမ်းပြည်အရေး လေ့လာသုံးသပ်သည့် အသက် ၅၀ အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် မူဆယ်မြို့နယ်အတွင်း သွားလာလှုပ်ရှားနေသည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များမှာ ကောင်းခါး၊ မြို့မ၊ ပန်းဆေး၊ လုံထန်၊ ပိန်းဆာ၊ မန်ဂျယ်၊ စိန်ကျော့၊ မန်ပြိန်း၊ ရှောက်ဟော်၊ တာမိုးညဲ၊ မုံးပေါ် စသည်ဖြင့် ၁၅ ဖွဲ့ထက်မနည်း ရှိနေသည်။

မူဆယ်မြို့နယ်တွင် TNLA ၊ KIA နှင့် SSPP/SSA စသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ပေါင်းစုံထံသို့ ဆက်ကြေးငွေ ပေးဆောင်နေရသော်လည်း လုံခြုံရေး အာမခံချက် မရှိကြောင်း ဒေသခံများက ပြောသည်။

မူဆယ်မြို့သည် မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေးမြို့ ဖြစ်သည့်အပြင် လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် တရားမဝင် လုပ်ငန်းများ စုံလင်ပေါများသည့် ဒေသဖြစ်သည့်အတွက် သေနတ်ပစ်ခတ်မှု၊ ဓားပြတိုက်မှုနှင့် ပြန်ပေးဆွဲမှုများလည်း မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ယခင်က ဖြစ်ပွားခဲ့သည့် ဓားပြတိုက်မှုနှင့် ပြန်ပေးဆွဲမှုများတွင် ကျူးလွန်သူများကို ပြည်သူများမှ ပြန်လည်ဖမ်းဆီးမိလျှင် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်ဆောင်သည့် ပြည်သူ့စစ်များသာ ဖြစ်ကြောင်း မူဆယ်‌ဒေသခံများထံမှ သိရသည်။

“၁၀၂၇ စစ်ဆင်ရေး”အတွင်းက ညီနောင်မဟာမိတ်တပ်များသည် မူဆယ်မြို့ကို ဝိုင်းရံပိတ်ဆို့ခဲ့သော်လည်း အခြားမြို့များကဲ့သို့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း မရှိဘဲ လက်ရှိတွင် မူဆယ် (၁၀၅)မိုင် နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့တို့အပြင် ရက္ခိုင့်တပ်တော် AA လက်အောက်ခံ FDMR မီးနဂါးတပ်လည်း ပူးပေါင်းထိန်းချုပ်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက်ဒေသ KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ရောက်စဉ် MNDAA စစ်အင်အားဖြည့်

0
သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ဒေသခံ ပြည်သူလူထုအပြင် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါင်းဆောင်များကိုလည်း တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ပထမပတ်အတွင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနှင့် နမ့်ခမ်းမြို့သို့ ရောက်ရှိလာသည့် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်...

မိုင်းကိုင်- နမ့်လန်ကြား SSPP စစ်ဆေးရေးဂိတ်များ စစ်ကော်မရှင်တပ် ထပ်မံဆုတ်ခိုင်း

0
သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့ မှ သျှမ်းပြည် မြောက်ပိုင်း နမ့်လန်မြို့ကို သွားတဲ့ လမ်းမပေါ်ရှိသည့် SSPP/SSA စစ်ဆေးရေးဂိတ်များ ထပ်မံ ဖြုတ်သိမ်းဆုတ်ခွာရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မိုင်းကိုင် - နမ့်လန် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA စစ်ဆေးရေးဂိတ်ကို စစ်ကော်မရှင်တပ်...

တရုတ်ဖိအားကြောင့်လားရှိုး-မူဆယ် လမ်းမပေါ်ရှိ SSPP နှင့် KIA ဂိတ်များ ဖြုတ်သိမ်းဆုတ်ခွာရ

0
မြန်မာ - တရုတ်နယ်စပ် အဓိက ကုန်သွယ်ရေးလမ်းဖြစ်သည့် လားရှိုး - မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ SSPP/SSA နှင့် KIA တပ်တို့၏ စစ်ဆေးရေးဂိတ်များ တရုတ်ဖိအားကြောင့် ဖြုတ်သိမ်းဆုတ်ခွာရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ တတိယပတ်တွင် လားရှိုး - မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ဖမ်းဆီးခံရသည့် ရွာသားနှစ်ဦး ပြန်မလွှတ်သေး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဖမ်းဆီးခဲ့သည့် ရွာသားများထဲမှ အချို့မှာ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ (၁၀) ရက်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)...

ကွဲအက်ရာကို ကျော်လွှားပြီး စုပေါင်းအားနဲ့ အာဏာရှင်ကို ရင်ဆိုင်နိုင်ဖို့

0
မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ တရားဝင်အခင်းအကျင်းရဖို့ ဟန်ပြရွေးကောက်ပွဲကျင်းပပြီး တရားဝင်လွှတ်တော်၊ တရားဝင်အစိုးရ၊ တရားဝင်သမ္မတ နေရာရဖို့ အာဏာသိမ်းစစ်တပ်က လုံးပမ်းနေချိန်မှာ သျှမ်းပြည်တိုင်း ရင်းသား လက်နက်ကိုင်အုပ်စုကြားမှာ ယှဉ်ပြိုင်မှုတွေ ပြည့်နှက်လာပြီး ပဋိပက္ခတွေဟာ နေ့စဉ်နဲ့အမျှ တိုးများလာနေပါတယ်။ TNLA နဲ့ KIA ၊ TNLA နဲ့ SSPP ၊...