တရုတ်ဖိအားကြောင့်လားရှိုး-မူဆယ် လမ်းမပေါ်ရှိ SSPP နှင့် KIA ဂိတ်များ ဖြုတ်သိမ်းဆုတ်ခွာရ

မြန်မာ – တရုတ်နယ်စပ် အဓိက ကုန်သွယ်ရေးလမ်းဖြစ်သည့် လားရှိုး – မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ SSPP/SSA နှင့် KIA တပ်တို့၏ စစ်ဆေးရေးဂိတ်များ တရုတ်ဖိအားကြောင့် ဖြုတ်သိမ်းဆုတ်ခွာရကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် မတ်လ တတိယပတ်တွင် လားရှိုး – မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် ကချင်လွတ်လပ်ရေးတပ် KIA တို့၏ စစ်ဆေးရေးဂိတ်များကို တရုတ်ဖိအားနှင့်အတူ ကိုးကန့်တပ်ဖွဲ့ MNDAA က ဖယ်ရှားခိုင်းခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ‌ပြောသည်။

“၁၀၅ မိုင်နဲ့ နမ့်ဖတ်ကာကြားက လမ်းမကြီးပေါ်မှာ ရှိတဲ့ SSPP တပ်ရဲ့ ဂိတ်တွေ ဖယ်‌ပေးရတာ သေချာပါတယ်။ လမ်းမကြီးပေါ်မှာ ဂိတ်တွေ မရှိရဘူး ဆိုတဲ့သဘောမျိုးပါ၊ KIA တပ်လည်း ဖယ်ပေးလိုက်ရပါတယ်။ စစ်ဆေးရေးဂိတ်တွေကို တရုတ်ဖိအားနဲ့ ကိုးကန့်က ဖယ်ခိုင်းတာ”ဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ၏ စစ်ဆေးရေးဂိတ်များကို ဖြုတ်သိမ်း ဆုတ်ခွာခိုင်းသည့်အပေါ် ကိုးကန့်တပ်ဖွဲ့ MNDAA ၏ နောက်ကွယ်တွင် တရုတ်အစိုးရ ဖိအားပေးမှုများ ရှိနိုင်ပြီး မြန်မာနှင့် တရုတ် အဓိက ကုန်သွယ်ရေးလမ်းဖြစ်သည့် မူဆယ်-လားရှိုး-မန္တလေး ပြည်ထောင်စုလမ်းမကြီးကို ပြန်ဖွင့်ရန် အစီအစဉ် ရှိနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။

“ကျနော်တို့ အမြင်က တရုတ်ရဲ့ ကုန်သွယ်ရေးလမ်းကြောင်းပါ။ သူတို့ ဒီလမ်းပွင့်သွားရင် ကိုးကန့်တွေကို လက်ကိုင်တုတ်အနေနဲ့ ထားချင်တာလည်း ဖြစ်နိုင်တယ်။ သူတို့ ဒီသတ္တုတူးဖော်တဲ့ ကိစ္စတွေကိုပါ ထပ်ချဲ့လာနိုင်ဖို့ ရှိပါတယ်။ လမ်းမကြီး သေချာဖွင့်သွားရင် ကြံ၊ ပြောင်း၊ သတ္တု စတာတွေကိုလည်း ကြိုက်သလို သယ်လို့ရတာပေါ့”ဟု စစ်ရေးသတင်းရင်းမြစ်က သုံးသပ်သည်။

မူဆယ်မြို့နယ် ၁၀၅ မိုင်ဒေသ နမ့်အွမ်ကျေးရွာ အဝင်အထွက်ရှိ SSPP/SSA နှင့် KIA တပ်တို့၏ စစ်ဆေးရေးဂိတ်နှင့် အကာအရံများကို ဖယ်ရှားခိုင်းထားပြီး ပြည်ထောင်စုလမ်းမကြီး၏ ၅ မိုင်အကွာ ပတ်လည်တွင် ဆုတ်ခွာခိုင်းထားကြောင်း ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၁၃ ရက်မှစပြီး MNDAA နှင့် TNLA တပ်ဖွဲ့ကြား စစ်ရေးပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက် ကွတ်ခိုင်၊ နမ္မတူ၊ နမ့်ဖက်ကာနှင့် မူဆယ် ၁၀၅ မိုင်ရှိ ကုန်သွယ်ရေးဇုန် အပါအဝင် TNLA တပ်စခန်းများကို MNDAA က တိုက်ခိုက် ဖယ်ရှားပြီး ထိန်းချုပ်ထားကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ – တရုတ် အဓိက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်နေသည့် သျှမ်းပြည်မြောက်ပိုင်း မူဆယ် – လားရှိုး ပြည်ထောင်စုလမ်းမကြီးတကြောကို MNDAA က ထိန်းချုပ်ထားသည်။

“ကိုးကန့်က တရုတ်စကားပြောတယ်၊ ဘာသာစကားတူ နောက်ပြီး လူမျိုးတူ စာတူ နောက်ပြီး စနစ်ကလည်း တူတယ်။ တရုတ်က မီးစိမ်း မပြရင် ကိုးကန့်က အခုလို လုပ်ရဲမလား၊ တရုတ်က မြန်မာပြည်ထဲက စီမံကိန်းတွေကို ရအောင်လုပ်ဖို့ မြန်မြန်ပြီးဖို့အတွက် နည်းမျိုးစုံ သုံးမှာပဲ” ဟု သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောဆိုသည်။

လားရှိုး – မူဆယ် ပြည်ထောင်စုလမ်းမကြီးတကြောတွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၊ ကချင်လွတ်လပ်ရေးတပ် (KIA) ၊ ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ သွားလာလှုပ်ရှားမှု ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ဒုတိယပတ်တွင်လည်း သျှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်းကို ဆက်သွယ်ထားသည့် ရပ်စောက် – နောင်ချို လမ်းမကြီးပေါ်ရှိ SSPP/SSA တပ်၏ စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...

ချင်းရွှေဟော်နယ်စပ်တွင် ဂိတ်သစ် တိုးချဲ့နေ

0
ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားသည့် ချင်းရွှေဟော်မြို့တွင် တရုတ်-မြန်မာ နယ်စပ်ဂိတ်ဟောင်းကို ပြန်လည်ပြုပြင်ချဲ့ထွင်နေပြီး ဂိတ်သစ်တစ်ခုကိုလည်း မကြာမီဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဂိတ်ဟောင်းကို ကုန်တင်ကားကြီးများ အဆင်ပြေစွာ သွားလာနိုင်ရန် ကွင်းပြင်ပုံစံ တိုးချဲ့နေပြီး ခြံစည်းရိုးအသစ်များကိုလည်း ပြန်လည်တည်ဆောက်နေကြောင်း “ဝ”ဒေသတွင်း မီဒီယာတစ်ခုဖြစ်သော Wa News Land...

SSPP ကိုယ်စားလှယ်အဖွဲ့နှင့် NSPNC နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အသွင်ပြောင်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၂ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ SSPP ဒုဥက္ကဋ္ဌဖြစ်သူ...