သျှမ်းမြောက်ဒေသ KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ရောက်စဉ် MNDAA စစ်အင်အားဖြည့်

သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ဒေသခံ ပြည်သူလူထုအပြင် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါင်းဆောင်များကိုလည်း တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။

ဧပြီလ ပထမပတ်အတွင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနှင့် နမ့်ခမ်းမြို့သို့ ရောက်ရှိလာသည့် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ် KIA တောင်ပိုင်းတိုင်းလက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းနှင့် အောက်ခြေတပ်သားများကို တွေ့ဆုံ အားပေးခဲ့ကြောင်း သိရသည်။

ကချင်လွတ်လပ်ရေးတပ် KIA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ၊ ကောင်းခါးဒေသရှိ ကချင်၊ သျှမ်း၊ တအာင်း(ပလောင်) ပြည်သူများနှင့် ဘာသာရေးအဖွဲ့ဝင်များကို ဧပြီလ ၄ ရက်နှင့် ၅ ရက်နေ့တို့တွင် လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီး စာသင်ကျောင်းများတွင် ပညာသင်ကြားမှု အခြေအနေကို KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်၊ ဗိုလ်ချုပ်‌ဇော်ရော်နှင့် အဖွဲ့တို့က လိုက်လံကြည့်ရှုခဲ့ကြောင်း ဒေသခံပြောကြားချက်အရ သိရသည်။

“ပြည်သူလူထုဆိုတဲ့ နေရာမှာ ကချင်လူထု နောက်ပြီး ပလောင်ပြည်သူလူထု။ နမ့်ဖတ်ကာမှာ တွေ့တယ်ဆိုတော့ အဲဒီ နမ့်ဖတ်ကာမှာ ရှိတဲ့ ပြည်သူလူထုတွေနဲ့လည်း တွေ့ထားတာပေါ့။ အဲဒီဘက် ရွာတွေ လေ့လာကြည့်ပြီးမှ ကလေးတွေရဲ့ စာသင်ကျောင်းတွေမှာ စာသင်တဲ့ ဟာတွေကို ကြည့်ရှုတာ၊ အားပေးစကားတွေ ပြောတာ ရှိတယ်” ဟု KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကွတ်ခိုင်မြို့နယ်တွင် မတ်လအတွင်း ဖြစ်ပွားခဲ့သည့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကြား စစ်ရေးပဋိပက္ခများနှင့် ပတ်သက်၍ အခက်အခဲများကို ဝိုင်းဝန်းကျော်ဖြတ်ကြရန် လူထုတွေ့ဆုံပွဲတွင် ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ကချင်၊ တအာင်း(ပလောင်)နှင့် သျှမ်းတိုင်းရင်းသားတို့သည် ရှေးယခင်ကတည်းက အတူယှဉ်တွဲ နေထိုင်ခဲ့ကြသူများ ဖြစ်ကြပြီး ဖိနှိပ်ခံဘဝမှ လွတ်မြောက်ရန် တော်လှန်ရေးလမ်းစဉ်ကိုလည်း အတူလက်တွဲ လျှောက်လှမ်းခဲ့ကြခြင်းကြောင့် ညီညီညွတ်ညွတ် နေထိုင်ကြရန် တိုက်တွန်းပြောဆိုခဲ့သည်။

“ကချင်၊ ပလောင်၊ သျှမ်း သုံးဖွဲ့သုံးမျိုးတွေကတော့ အရင်ကတည်းက တူတူနေထိုင်ကြတဲ့ တိုင်းရင်းသားတွေ ညီအစ်ကိုတွေပဲ ဖြစ်တယ်။ ဖိနှိပ်ခံ ဘဝကနေ လွတ်မြောက်ဖို့ တော်လှန်ရေး လမ်းစဉ်လည်း တူတူ လက်တွဲလျှောက်ခဲ့တဲ့ တိုင်းရင်းသားတွေ ဖြစ်ကြတယ် ကချင်တို့ သျှမ်းတို့ ပလောင်တို့ဆိုတာက။ ဒါကြောင့် အားလုံးကတော့ လက်တွဲပြီးမှ ညီညီညွတ်ညွတ် နေထိုင်ကြဖို့ အားလုံးကို ပြောထားတာပေါ့” ဟု ဗိုလ်မှူးကြီး နော်ဘူက ဆက်ပြောသည်။

ထို့အပြင် KIA ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်၏ သျှမ်းပြည်မြောက်ပိုင်း ခရီးစဉ်အတွင်း TNLA ၊ MNDAA နှင့် SSPP/SSA တပ်ဖွဲ့များမှ ခေါင်းဆောင်ပိုင်းများနှင့် သီးခြားစီ တွေ့ဆုံခဲ့သော်လည်း မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့သည်ကို အသေးစိတ် မသိရပေ။

ဧပြီလ (၅) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာဒေသတွင် လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့သည့် KIA ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်နှင့် တွေ့ဆုံရန် သိန္နီဘက်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ စစ်အင်အား ဖြည့်တင်းပြီး ချီတက်သွားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောဆိုသည်။

ထို့နောက် ဧပြီလ (၆) ရက်တွင် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့သို့ ဆက်လက်သွားရောက်ပြီး TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ ဒုဥက္ကဋ္ဌ (၂) ဗိုလ်ချုပ် တားခူလန်း၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များနှင့် KIO/KIA ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

အလားတူ သျှမ်း-ကချင်နယ်စပ်ရှိ မံစီမြို့နယ် မန့်ဝိန်းကြီးဒေသတွင်လည်း ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ခေါင်းဆောင်ပိုင်းနှင့်လည်း ဆက်လက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ဗိုလ်မှူးကြီး နော်ဘူက သျှမ်းသံတော်ဆင့်ကို အတည်ပြုသည်။

“MNDAA ခေါင်းဆောင်ပိုင်းနဲ့လည်း တွေ့တယ်၊ ခေါင်းဆောင်ပိုင်းဆိုတာ အတွင်းရေးမှူး အဖွဲ့တွေနဲ့ နမ့်ဖတ်ကာမှာ တွေ့တာ။ TNLA အဖွဲ့နဲ့လည်း ဒါကတော့ နမ့်ခမ်းမှာ တွေ့တာ။ SSPP/ SSA နဲ့လည်း မန့်ဝိန်းကြီးမှာ တွေ့တာဟုတ်တယ်၊ သူတို့ရဲ့ ခေါင်းဆောင်ပိုင်းနဲ့ တွေ့တာ အဲဒီလိုမျိုးတွေပါ။ တွေ့တာက အဲဒီလိုပဲ ပြည်သူလူထုနဲ့ တွေ့တယ်။ MNDAA နဲ့ တွေ့တယ်၊ SSPP နဲ့ တွေ့တယ်၊ TNLA နဲ့ တွေ့တယ်” ဟု ဗိုလ်မှူးကြီး နော်ဘူက ထပ်လောင်းပြောသည်။

ယင်းမတိုင်မီ ဧပြီလ ၁ ရက်မှ ၄ ရက်အထိ နမ့်ခမ်းမြို့နယ်အတွင်းရှိ ဒေသခံများကို SSPP/SSA ဒုဥက္ကဋ္ဌဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ခွန်ဆိုင် ဦးဆောင်သည့် အဖွဲ့မှ လူထုတွေ့ဆုံပွဲများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး အုပ်ချုပ်ရေး၊ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ တပ်နှင့် ပြည်သူကြား စည်းလုံးညီညွတ်ရေး ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း SSPP Info မှ သတင်းထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...