မိုင်းကိုင်- နမ့်လန်ကြား SSPP စစ်ဆေးရေးဂိတ်များ စစ်ကော်မရှင်တပ် ထပ်မံဆုတ်ခိုင်း

သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့ မှ သျှမ်းပြည် မြောက်ပိုင်း နမ့်လန်မြို့ကို သွားတဲ့ လမ်းမပေါ်ရှိသည့် SSPP/SSA စစ်ဆေးရေးဂိတ်များ ထပ်မံ ဖြုတ်သိမ်းဆုတ်ခွာရကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မိုင်းကိုင် – နမ့်လန် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA စစ်ဆေးရေးဂိတ်ကို စစ်ကော်မရှင်တပ် က ဖိအားကြောင့် ထပ်မံ ဖြုတ်သိမ်းဆုတ်ခွာရကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ထိန်းချုပ်ထားနယ် မြေတစ်ခုလုံးမှာရှိတဲ့ တပ်တွေကို ဆုတ်ခွာရတာတော့ မဟုတ်ဘူး။ ကားလမ်မကြီးပေါ်မှာရှိတဲ့ ဂိတ်တွေလောက်ပဲ ဖယ်ပေးတာပါ။လမ်းမကြီးနဲ့ ကိုက် ၁၀၀၀ (၁.၆ ကီလိုမီတာခန့်) လောက်ပေါ့။”ဟု စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောသည်။

အလားတူပြီးခဲ့သည့် မတ်လ တတိယပတ်တွင် လားရှိုး – မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ SSPP/SSA နှင့် KIA တို့၏ စစ်ဆေးရေးဂိတ်များကို တရုတ်ဖိအားနှင့်အတူ ကိုးကန့်တပ်ဖွဲ့ MNDAA က ဖယ်ရှားခိုင်းခဲ့သည်။

မတ်လ ဒုတိယပတ်တွင်လည်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ SSPP/SSA စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့သည်။

ဖေဖော်ဝါရီလ ဒုတိယပတ်တွင်လည်း စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့က မိုင်းပွန်ဒေသရှိ SSPP/SSA တပ်စခန်းများကို ဆုတ်ခွာခိုင်းရာမှ စစ်ရေးတင်းမာမှုများ ဖြစ်ပွားခဲ့သည်။

စစ်ကော်မရှင်တပ်သည် ၂၀၀၈ အခြေခံဖွဲ့စည်းပုံ ဥပဒေ ကို မြဲမြံကိုင်စွဲပြီး၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မည်သည့် လက်နက်ကိုင်တပ်ဖွဲ့ကိုမဆို ဖယ်ရှားခိုင်းမည်ဖြစ်ကြောင်း သျှမ်းနိုင်ငံရေး သမားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ စစ်တပ်ကတော့ ၂၀၀၈ဖွဲ့စည်းပုံဉပဒေကို ကိုင်စွဲနေမှာပဲ။ ဘယ်လက်နက်ကိုင်တပ်မဆို သူတို့ကို ပေးထားတဲ့နေရာမှာပဲ နေဖို့နဲ့ ပြည်ထောင်စုလမ်းမကြီးဘေးတလျှောက်ရောက်နေတဲ့တပ်တွေအားလုံး ဖယ်ဖို့ နည်းမျိုးစုံဖိအားနေမှာပဲ” ဟု ၎င်းကဆိုသည်။

မိုင်းကိုင် – နမ့်လန် ပြည်ထောင်စုလမ်းမကြီးတကြောတွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် စစ်ကော်မရှင်တပ်တို့ သွားလာလှုပ်ရှားမှု ရှိနေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျားဖြန့်သမားများကို တိုက်ဖျက် ဖမ်းဆီးသော်လည်း ဆက်လက် ကြီးထွားနေဆဲ

0
သျှမ်းပြည်အတွင်းရှိ စစ်ကော်မရှင် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံတို့သည် အွန်လိုင် ငွေလိမ်လည်မှု (ကျားဖြန့် )တိုက်ဖျက်မှုကို ပြုလုပ်သွားမည်ဟု ကြွေးကြော်နေသော်လည်း လက်ရှိအချိန်ထိ ဆက်လက် ကြီးထွား နေသေးကြောင်း စုံစမ်းသိရသည်။ ယမန့်နေ့( သြဂုတ် ၄)ရက် တွင် သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ် နမ့်လစ်ကျေးရွာအုပ်စု နားရိုင်းရွာသစ် ကျေးရွာ၏...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

KIA ထိန်းချုပ် မဘိမ်းမြို့နယ်ထဲ စစ်တပ်လေကြောင်းဗုံးကြဲ

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့ပေါ်နှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် လူထိခိုက်မှုရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၀ ရက်) ညနေ ၃ နာရီခွဲကျော်တွင် ကချင်လွတ်လပ်ရေးတပ် KIA ထိန်းချုပ်ထားသည့် မဘိမ်းမြို့ပေါ် ရဲစခန်း နေရာဟောင်းနှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းမှ Yak-130...

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

နမ့်လန် – ကျောက်ဂူလမ်းရှိ လက်နက်ကိုင်ပေါင်းစုံ ငွေကြေးတောင်းခံနေ

0
သျှမ်းပြည် မြောက်ပိုင်းနှင့် တောင်ပိုင်းကို ချိတ်ဆက်သွားလာသည့် လမ်းဖြစ်သည် နမ့်လန်-ကျောက်ဂူလမ်းတွင် လက်နက်ကိုင်ပေါင်းစုံ စစ်ဆေးရေးဂိတ်ဖွင့်ပြီး ငွေကြေးတောင်းခံမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ အဆိုပါ နမ့်လန် - ကျောက်ဂူ လမ်းပိုင်းရှိ နောင်ဝိုးကျေးရွာ အနီးရှိ စစ်ကော်မရှင်တပ် စစ်ဆေးရေးဂိတ်တွင် ယာဉ်များ၏ ကားလိုင်စင်၊ ယာဉ်မောင်း လိုင်စင်များအပြင် ခရီးသည်များ၏...