ဆီဆိုင်မြို့ ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ကောင်စီ တင့်ကားအသုံးပြု ပစ်ခတ်နေဟု PNLA ပြော

သျှမ်းပြည် ဆီဆိုင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်ကောင်စီတပ်ဘက် နေ့စဉ်ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး တင့်ကားပါအသုံးပြု ပစ်ခတ်နေကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA ၏ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောကြားသည်။

ဆီဆိုင်မြို့နယ် အပျက်အစီး

မတ်လ ၂၄ ရက်တွင် ကျရောက်သည့် စိန်ရတု ၇၅ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့တွင်လည်း စစ်ကောင်စီတပ် က ဆီဆိုင်မြို့ကို လက်နက်ကြီး၊ ဒရုန်းများအသုံးပြုကာ အကြိမ် ၅၀ ကျော် ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့သေး ကြောင်း ဆိုသည်။

“လက်ရှိ ဆီဆိုင်မြို့ကတော့ နေ့စဉ်နေ့တိုင်း တိုက်ပွဲဖြစ်ပွားနေပါတယ်။ တနေ့ကလည်း စစ်ကောင်စီဘက်က ဒရုန်း၊ လက်နက်ကြီးနဲ့ အချက်ပေါင်း ၅၀ ကျော် ပစ်ခတ်ခဲ့ပါတယ်။အခု ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က နေ့တိုင်း ထိုးစစ်ဆင်တိုက်ခိုက်တဲ့ အနေအထားရှိပါတယ်။ တင့်ကားတွေနဲ့လည်း သုံးနေပါတယ်” ဟု PNLA ၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေသောကြောင့် ဒေသခံများအနေဖြင့် ဆီဆိုင်မြို့ထဲသို့ဝင်လာပြီး ပစ္စည်း၊ ရိက္ခာများ သယ်ယူခြင်း၊ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန်၊ အကယ်၍ မြို့ထဲသို့ပြန်လို့ရပြီဆိုပါက PNLA အဖွဲ့အစည်းမှ တရားဝင်ထုတ်ပြန်ကြေညာသွားမည်။

လက်ရှိ ဆီဆိုင်မြို့နယ်တွင် PNLA နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေသော်လည်း တစ်ဖက်တွင် တောင်ကြီးမြို့တွင် ကျင်းပသွားခဲ့သည့် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားအတွင်း စစ်ကောင်စီခန့် သျှမ်းဝန်ကြီးချုပ် ဦးအောင်အောင်၊ ပအိုဝ်းပြည်သူ့စစ် PNO ခေါင်းဆောင် ဦးအောင်ခမ်းထီတိုနှင့်အတူ PNLO ၏ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကလည်း တက်ရောက်ခဲ့သည်ဟု သိရသည်။

မတ်လ ၁၉ ရက်တွင်လည်း PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာသည် (၇၅)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆီဆိုင်၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ်အတွင်း ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခကို မတ်လ ၂၃ ရက်မှ ဧပြီလ ၂၃ အထိ တစ်လကြာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြရန်လည်း တောင်းဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...