ပြင်ဦးလွင်အနီး စစ်ကောင်စီတပ် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက် စစ်ကြောင်းထိုးနေ

စစ်တက္ကသိုလ်တည်ရှိသည့် ပြင်ဦးလွင်မြို့နှင့် ၁၀ မိုင်အကွာ၊ နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာ အနီးတဝိုက် စစ်ကောင်စီတပ်က နေ့စဥ် လက်နက်ကြီး ပစ်ခတ်ပြီး လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ကာ မြေပြင်မှ စစ်ကြောင်းထိုးနေသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဧပြီလ ၂၉ ရက်) တွင် ပြောသည်။

သရက်ကုန်းရွာရှိ စစ်ကောင်စီ တပ်စခန်းကို MDY- PDF တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ် ပြန်လည် ထိုးစစ်ဆင်နေရာက တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်း တိုက်ခိုက်မှုများ နေ့စဥ် ပြုလုပ်နေရာ ယမန်နေ့ (ဧပြီလ ၂၈ ရက်) က တနေကုန်နီးပါး ဗုံးကြဲပြီး လက်နက်ကြီး ပစ်ခတ်ခဲ့သည်ဟု သတင်းရင်းမြစ်က ဆိုသည်။

“မနေ့ကတော့ တနေကုန်နီးပါး လေကြောင်းက ပစ်ခတ် ဗုံးကြဲနေတယ်လို့ သိရပါတယ်။ စစ်တပ်က ဒရုန်းတွေပါ သုံးနေပါတယ်။ ပြင်ဦးလွင်က တိုက်ခိုက်ရေး ရဟတ်ယာဥ်တွေ တောက်လျှောက် တက်လိုက် ဆင်းလိုက်ပဲ” ဟု ၎င်းကရှင်းပြသည်။

ယနေ့ (ဧပြီလ ၂၉ ရက်) မနက်ပိုင်းက ပြင်ဦးလွင်၊ မိုးကြိုးကျေးရွာအနီးရှိ စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်နေရာ လက်ရှိအချိန်အထိ အဆက်မပြတ် ပစ်ခတ်နေကြောင်း၊ ရပ်ကွက်ကြီး (၇) စစ်ဆေးရုံ အနီး လမ်းသွားလမ်းလာများကို စစ်ဆေးနေကြောင်း ဒေသခံ တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်တွင်လည်း သီပေါနှင့် ကျောက်မဲရှိ စစ်ကောင်စီတပ်များ နောင်ချိုမှ တိုက်ပွဲဖြစ်ပွားရာ သရက်ကုန်း ကျေးရွာဘက် ထွက်ခွာသွားသည်ဟု ဒေသခံများက ပြောဆိုသည်။

“စစ်တပ်က သီပေါ၊ ကျောက်မဲ ဘက်ကနေ နောင်ချိုဘက်ကို အလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့ သဘောပါ။ ပြင်ဦးလွင်ဘက်ကတော့ ယောင်ပြအနေနဲ့ တပ်နည်းနည်း လွှတ်ထားတယ်လို့ သတင်းရပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က သုံးသပ်သည်။

ယခုဖြစ်ပွားနေသည့် တိုက်ပွဲများ အတွင်း ၂ ဖက်တပ် ထိခိုက် ကျဆုံးမှုနှင့် ပြည်သူလူထု ထိခိုက်မှုရှိမရှိ စုံစမ်း မေးမြန်းနေဆဲ ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နေ့၊ ညပိုင်းက စစ်တက္ကသိုလ် (DSA) တည်ရှိရာ ပြင်ဦးလွင်မြို့ စစ်ရေးပစ်မှတ်များကို MDY-PDF က ရှော့တိုက်ဒုန်းအလုံး ၂၀ ပစ်ခတ် တိုက်ခိုက်ပြီးနောက် နောက်တရက် ဧပြီလ ၁၅ ရက်နေ့ မနက် အစောပိုင်း သရက်ကုန်းရွာရှိ စစ်ကောင်စီတပ် စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာက ယနေ့တိုင် တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

တစ်ရက်နီးပါး ဖြစ်ပွားသည့် သရက်ကုန်းရွာ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး စစ်လက်နက်ပစ္စည်းများ ရရှိခဲ့သည်ဟု NUG ကာကွယ်ရေးက ထုတ်ပြန်ထားသည်။

အဆိုပါစစ်စခန်း ပြန်လည်ရရှိရေး ဧပြီ ၁၉ ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ် ကြည်းကြောင်းနှင့် လေကြောင်း အသုံးပြု တန်ပြန်ထိုးစစ်ဆင်နေရာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်ဟု NUG ကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...