ဆီဆိုင်မြို့မဈေးထဲရှိ ပစ္စည်းများကို စစ်ကောင်စီက လေလံတင်ရောင်းချ၊ ၎င်းအုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်နိုင်ရန် ကြိုးပမ်းနေ

စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် မီးလောင်ပြာကျသွားသည့် ဆီဆိုင်မြို့ဈေးထဲရှိ ပစ္စည်းများကို စစ်ကောင်စီက ကျပ်သိန်း (၇၀) ဖြင့်လေလံတင်ရောင်းချခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လက်နက်ကြီးများကြောင့် မီးလောင်ပျက်စီးသွားသည့် ဆီဆိုင်မြို့မဈေးကို အသစ်ပြန်လည် တည်ဆောက်ရန်အတွက် လက်ကျန်သံတိုသံစများ၊ သွပ်များကို ကျပ်သိန်း ၇၀ ဖြင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ကောင်စီက လေလံတင်ရောင်းချခဲ့ကြောင်း ဆီဆိုင်မြို့ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဆီဆိုင်ဈေးထဲမှာ ပျက်သွားတဲ့အဆောက်အဦးအားလုံးကို သန့်ရှင်းရေးလုပ်ပြီး လေလံတင်ရောင်းလိုက်တယ် ပြောတယ်။ သံတိုသံစတွေ၊ သွပ်တွေ ရောင်းလိုက်တာပေါ့။ ဘယ်သူကဝယ်သွားလဲတော့ မသိဘူး။ ပစ္စည်းတောင်မှအခုစရှင်းနေပြီ။ ဈေးကြီးပတ်ပတ်လည်ကဆိုင်တွေတော့ ကိုယ်ဟာကိုယ်ရှင်းကြတယ်။ တချို့လည်း ရောင်းလိုက်တယ်” ဟု ၎င်းကပြောသည်။

စစ်ကောင်စီမှ လေလံတင်ရောင်းချပြီး ရရှိထားသည့် ငွေများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရရှိပြီး၊ နစ်နာသူ ဆိုင်ခန်းပိုင်ရှင်များက တစ်ကျပ်တစ်ပြားမှမရရှိကြောင်း သိရသည်။

အဆိုပါ မြို့မဈေးတွင် ဆိုင်ခန်းပေါင်း ၈၀၀ ခန့်ရှိပြီး ဖေဖော်ဝါရီလ ၁၅ ရက်က စစ်ကောင်စီ၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဆိုင်ခန့်တချို့သာကျန်၍ ဆိုင်ခန်းများအားလုံးနီးပါး မီးလောင်ပြာကျသွားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၂၅ ရက်မှစ၍ ဆီဆိုင်မြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ပြီးနောက် ၎င်းတို့အုပ်ချုပ်ရေး ယန္တရား ပြန်လည်ပတ်နိုင်ရန် ဌာနဆိုင်ရာရုံးဝန်ထမ်းများကို ပြန်ပို့ခြင်း၊ ဖုန်းလိုင်းများ ပြန်လည်ပြုပြင်ခြင်းနှင့် စစ်ရှောင်များ နေရပ်ပြန်နေထိုင်ရန် ခေါ်ယူခြင်း စသည့်ဖြင့် လုပ်ဆောင်နေသည်ဟု ဆီဆိုင်မြို့ဒေသခံတစ်ဦးက ပြောသည်။

“ဒါကတော့ တော်လှန်ရေးတပ်ဖွဲ့တွေ ဖျက်စီးလို့၊ အကြမ်းဖက်တွေ ဖျက်စီးလို့ ငါတို့ကပြန်လည်ပြုပြင် ရတာဆိုပြီး နိုင်ငံရေးအမြတ်ယူနေတာပဲ။ အမှန်ကသူတို့ဖျက်စီးတာပဲ၊ အခုမှသူတို့ပြန်လုပ်ပေးတာပါ” ဟု ၎င်းကပြောသည်။

စစ်ကောင်စီဘက်မှ အုပ်ချုပ်ရေး ယန္တရားပြန်လည်ပတ်နိုင်ရန် စစ်ဘေးရှောင်များကို ခေါ်ယူနေသော်လည်း လူနေအိမ်ရပ်ကွက်များတွင် စစ်လက်နက်အကြွန်းများ ကျန်ရှိနေသကဲ့သို့ ဆီဆိုင်မြို့တောင်ဘက် ကျေးရွာတွင်လည်း တိုက်ပွဲများဆက်လက် ဖြစ်ပွားနေသေးသဖြင့် ဒေသခံများနေရပ်မပြန်နိုင်သေးပေ။

“အခုဆီဆိုင်မှာကတိုက်ပွဲလုံးဝမပြီးသေးဘူး။ ဆီဆိုင်မြို့ရဲ့ တောင်ဘက်မှာ တောက်လျောက်တိုက်ပွဲ ဆက်ဖြစ်နေသေးတယ်။ ဒီနေ့ဆို နောင်ရေးရွာ၊ နောင်ဘိုရွာတို့ဘက်က ၃ ရွာ၊ ၄ ရွာမှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ အဲ့ရွာကလူတွေ အယောက် ၁ ထောင်ကျော် ဆိုက်ခေါင်ကိုရှောင်လာကြတယ်” ဟု ဆီဆိုင်မြို့ စစ်ဘေးရှောင်ကူညီသူတစ်ဦးက ပြောသည်။

သျှမ်းတောင် ဆီဆိုင်မြို့အပြင် ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် ညောင်ရွှေမြို့နယ်တွင် တိုက်ပွဲများကြောင့် ၃ လကြာ အရပ်သားသေဆုံးမှု ၆၆ ဦးထိရှိပြီး ကလေးငယ်နှင့် အမျိုးသမီးအပါအဝင် အရပ်သားထိခိုက်သေဆုံးမှု ၈၃ ဦးအထိ မြင့်တက်လာနေကြောင်း ပအိုဝ်းလူငယ်အစည်းအရုံးက ယနေ့ဧပြီလ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...