စစ်ကောင်စီနှင့် ဆွေးနွေးလိုသည့် အတွေးခေါ်ရှိနေလျှင် အာဏာရှင်ကို အမြစ်ပြတ်ဖြစ်မည်ကို မကြိုက်သည့် သဘောဆောင်ကြောင်း ဗိုလ်ချုပ် ခွန်သူရိန်ဆို

စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးလိုသည့် အတွေးအခေါ်မျိုးမရှိသင့်ကြောင်း၊ စစ်ကောင်စီနှင့် ဆွေးနွေးချင်သည့် အတွေးခေါ်ရှိနေလျှင် အာဏာရှင် ကို အမြစ်ပြတ်ဖြစ်မည်ကို မကြိုက်သည့် သဘောဆောင်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLA/PNLO)မှ ဗိုလ်ချုပ် ခွန်သူရိန် က ပြောဆိုလိုက်သည်။

အဆိုပါ ပြောဆိုမှုသည် ယနေ့ (မတ် ၁၃)ရက် ကျရောက်သည့် ပအိုဝ်းအမျိုးသားနေ့တွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။

“စစ်ကောင်စီနဲ့ တွေ့ပြီး ညှိနိူင်းနေတာက အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေသလိုပဲ။ ဒီတစ်ခုကတော့ တော်လှန်ရေးအင်အားစုတွေ မှတ်သားထားရမယ်။စစ်ကောင်စီက ကျနော်တို့ကို သူတို့ အကျိုးစီးပွားအတွက် သွေးခွဲမှုတွေ လုပ်နေတယ်။ ပအိုဝ်းပြည်သူလုထု များအနေဖြင့် သေချာစဉ်းစားသင့်ပြီ။ ညီညွတ်သင့်ပြီ” ဟု ၎င်း ဗိုလ်ချုပ် ခွန်သူရိန်က ပြောကြားထားသည်။

ထို့အပြင် စစ်ကောင်စီ မှီခိုနေသည့် ရေကြောင်းနှင့် လေကြောင်းကို မဖျက်ဆီးနိုင်လျှင် အဆိပ်ပင်ရေလောင်းသကဲ့သို့ တူညီနေကြောင်း ဗိုလ်ချုပ် ခွန်သူရိန် ထောက်ပြပြောဆိုလိုက်သည်။

ပအိုဝ်းပြည်သူ့စစ် (PNO)မှ ပအိုဝ်းပြည်သူများကို အသုံးချကာ အာဏာရှင်၏အကျိုးစီးပွားကို ကာကွယ်ပေးနေပြီး ပြည်သူ့စစ်သည် ပအိုဝ်းလူမျိုး၊ ပအိုဝ်းလူမျိုးသည် ပြည်သူ့စစ် ဟု မြင်လာစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လာမှုအပေါ် တခြားသော တိုင်းရင်းသားများအနေဖြင့် ပအိုဝ်းပြည်သူစစ်နှင့် ပအိုဝ်းလူမျိုးကို ကွဲကွဲပြားပြား နားလည် သိစေချင်ကြောင်း ဗိုလ်မှူးအောင်မန်းက ထပ်လောင်းပြောသည်။

ထို့အပြင် ပအိုဝ်းပြည်သူ့စစ် (PNO)သည် ပအိုဝ်းလူမျိုးများကို စစ်ကောင်စီတပ်သားအဖြစ် အသုံးချနေခြင်းကို ရှုံ့ချသင့်ပြီး လူမျိုးအပေါ် သစ္စာမဲ့သည့် လုပ်ရပ်ဖြစ်ကြောင်းနှင့် ပအိုဝ်းလူမျိုးများကို အာဏာရှင် စနစ်အောက်မှ ရုန်းထွက်ရန်လိုအပ်ကြောင်း အပါဝင် မြေပြင်တွင် စနစ်တကျ အင်အားတည်ဆောက်ထားရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယာယီသမ္မတ ဒူဝါလရှီးလ ကနေ ယနေ့ကျရောက်သည့် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြန်မာပြည်အရေးကို ဆောင်ရွက်နေသူမှန်လျှင် သမိုင်းကို ပြန်လေ့လာသင့်ပြီး သမိုင်းကြောင်းကို နားလည်မှ အတု၊အစစ်ကို သေချာခွဲခြားသိမြင်နိုင်ကာ အာဏာရရေးကို ဦးစားပေးမသွားစေ◌ချင်ကြောင်း ပဒိုသမိန်ထွန်းက ပြောကြားခဲ့သည်။

“ တိုင်းရင်းသားလက်နက်ကိုင်တွေ အနေနဲ့လည်း အာဏာရှင်စနစ်က လွတ်ဖို့ သူတို့ဆီက စိတ်ကူးမယဉ်နဲ့တော့ သူတို့က တိုင်းပြည်ပျက်နေ ပါစေ နောက်မဆုတ်ဘူး။ လူတွေက အာဏာရရင် တစ်မျိုး ၊မရခင်တစ်မျိုး အဲလိုမျိုးတွေ မဖြစ်စေချင်ဘူး။” ဟု အဆိုပါ ပဒို သမိန်ထွန်းက ပြောသည်။

အချုပ်အားဖြင့် ကိုယ်ပိုင်ပြည်နယ် ပြဌာန်းရေးး၊ ပအိုဝ်းလူမျိုး လွတ်မြောက်ရေး အပါဝင် အာဏာရှင်စနစ်ကျဆုံးရေးကို အစဉ်တစိုက် လုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယနေ့ ကောဇာသက္ကရာဇ် ၁၃၈၆ ခုနှစ် တပေါင်းလပြည့်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ကို ပအိုဝ်းအမျိုးသား ဖယ်ဒရယ်ကောင်စီ(PNFC) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLA/PNLO)တို့ ပူးပေါင်းကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ဒုသမ္မတ ဒူးဝါလရှီးလ ၊ ကရင်အမျိုးသားအစည်းရုံး (KNU) မှ ပဒိုသမိန်ထွန်း ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် အပါအဝင် PNLA မှ ဗိုလ်မှူးအောင်မန်း၊ ဗိုလ်ချုပ် ခွန်သူရိန်၊ PNFC မှ ခွန်မြင့်ထွန်း တို့ ပါဝင် ပြီး သတင်းမီဒီယာများ အမျိုးသားရေးတက်ကြွလှုပ်ရှားသူများ ဒေသခံ များတက်ရောက်ခဲ့ကြသည်။

၁၉၄၈ ခုနှစ် မတ်လတွင် သထုံမြို့၌ ဖဆပလ အစိုးရ၏ မြေယာဝေခြမ်းရေး အစီစဉ်ကို ပအိုဝ်းလူမျိုးများက ကန့်ကွက် ချီတက် ဆန္ဒပြပြီး အဆို(၃)ရပ်ကို တောင်းဆိုခဲ့ကြသည်။ ၎င်းအဆို(၃)ရပ်မှ ပအိုဝ်းလူမျိုးကို တောင်သူလူမျိုးဟု ရေးသားခေါ်ဆိုခြင်း မပြုဘဲ ပအိုဝ်းလူမျိုးဟု ခေါ်ဆို အသိမှတ်ပြုရန် ဆိုသော အချက်ကိုသာ ဖဆပလ အစိုးရမှ လိုက်လျောပေးခဲ့သည်။

ထိုအချိန်မှစ၍ သထုံမြို့ရှိ ရွှေစာရံစေတီတော်၏ မူလ ဒါယိကာ ပအိုဝ်းမင်းဖြစ်သည့် သထုံပြည့်ရှင် သူရိယစန္ဒာ၏ မွေးနေ့ဖြစ်သော တပေါင်းလပြည့်နေတိုင်းကို ပအိုဝ်းအမျိုးသားနေ့ အဖြစ် သတ်မှတ်ခဲ့ကြသည်။

၁၉၉၆ ခုနှစ် နောက်ပိုင်းတွင် နအဖ စစ်အစိုးရမှ ပအိုဝ်းအမျိုးသားနေ့ကို ပအိုဝ်းအမျိုးသားပွဲတော် အဖြစ်သို့ ပြောင်းလဲ ကျင်းပစေခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

PNLA တပ်ဖွဲ့ဝင် ၆၁ ဦး အလင်းဝင်လာဟု PNO ဆို

0
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့ဝင် (၆၁)ဦးသည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ထံ အလင်းဝင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဧပြီလ (၂၅)ရက်နေ့ ညနေအချိန်တွင် ဗန်းမတ်ဒေသတွင် ခွန်တန်(ခ)ဇာတ်လိုက် ဦးဆောင်သော PNLAတပ်ရင်း (၃၅၉)မှ တပ်ဖွဲ့ဝင် (၆၁)ဦးသည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်(PNO)ထံတွင် လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း...