Tuesday, January 27, 2026

NCA အတိုင်း ဆက်သွားမည့် PNLO လက်ကျန်အဖွဲ့ကို ဦးဆောင်သူ ခွန်ဥက္ကာပြော

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းအတိုင်း ဆက်သွားရန် ကျန်ရှိခဲ့သည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO )လက်ကျန်အဖွဲ့ကို ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ဆက်လက် ဦးဆောင်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (စက်တင်ဘာလ ၁၅ ရက်) တွင် စစ်ကောင်စီတပ်နှင့် လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် ဗိုလ်မှူးကြီး ခွန်သူရိန် ဦးဆောင်သည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (ခွဲထွက်) PNLO-AD မှ အပြီးအပိုင် နှုတ်ထွက်ကြောင်း ဦးဆောင်နာယက ဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ထုတ်ပြန်ကြေညာခဲ့သည်။

၎င်းနောက် NCA လမ်းကြောင်းအတိုင်း ဆက်သွားရန် ကျန်ရှိခဲ့သည့် PNLO လက်ကျန်အဖွဲ့ကို စုဖွဲ့မှုအသစ်ဖြင့် ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကိုယ်တိုင် ဦးဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အာဏာရှင် ဆန့်ကျင်ရေးတစ်ဖွဲ့ ခွဲထွက်သွားပြီးတော့ NCA ငြိမ်းချမ်းရေး လမ်းကြောင်းအတိုင်း ဆက်သွားမယ့် တစ်ဖွဲ့ကျန်ခဲ့တဲ့ သဘောပါ။ ကျန်ခဲ့တဲ့ တစ်ဖွဲ့မှာ ကျနော်ပြန်ပြီးတော့ ဦးဆောင်မှာပါ။ အဲ့ဒီမှာတော့ ပြန်စုဖွဲ့မှုအသစ်ကတော့ မပြောတတ်သေးဘူး။ ကျနော်တို့ လာသမျှလူ ပြန်စုနေတော့ အချိန်နည်းနည်း စောင့်နေတယ်”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အပစ်အခတ် ရပ်စဲရေးကို ထိန်းသိမ်းပြီး အရပ်သားများကို အကာအကွယ်ပေးရေး၊ နိုင်ငံတကာ အကူအညီ လက်ခံရရှိရေးအတွက် ဆက်လက်လုပ်ဆောင်လိုခြင်းကြောင့် NCA လမ်းကြောင်းအတိုင်း ဆက်သွားမည့် PNLO နှင့် စစ်ကောင်စီကို တိုက်ခိုက်မည့် PNLO ဟူ၍ ကွဲသွားခြင်းဖြစ်ကြောင်း ဆိုသည်။

“ကျနော် နာယကပဲ ဆက်လုပ်မလား၊ သို့တည်းမဟုတ် လိုအပ်ချက်အရ ဥက္ကဋ္ဌပဲ လုပ်ရမလား ကျနော်ကတော့ မလုပ်ချင်တော့ဘူး။ လောက်လောက်လားလား အားကိုးရတဲ့လူရှိရင်တော့ ကျန်ခဲ့တဲ့အဖွဲ့ NCA လမ်းကြောင်းသွားမယ့် ဥက္ကဋ္ဌရယ်၊ ကျနော်ကတော့ အကြံပေး နာယကပဲ ဆက်သွားချင်တယ်။ သို့သော်လည်းပဲ စုဖွဲ့မှုအသစ်ကတော့ ကျနော်တို့ လူမစုံသေးတော့ မကြေညာဖြစ်ဘူး”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်ပြောသည်။

NCA လမ်းကြောင်းအတိုင်း ဆက်သွားမည့် PNLO လက်ကျန်အဖွဲ့၏ စုဖွဲ့မှုပုံစံအသစ်ကို လာမည့် (၉) နှစ်မြောက် NCA လက်မှတ်ရေးထိုးပွဲ အခမ်းအနားအပြီးတွင် ကြေညာသွားမည်ဖြစ်ကြောင်း ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၁၀) ရက်နှင့် (၁၁) ရက်တို့တွင် အွန်လိုင်းဖြင့် ကျင်းပပြုလုပ်ခဲ့သည့် 7 EAO Alliance ဦးဆောင်အဖွဲ့ အစည်းအဝေးသို့ PNLO ကိုယ်စားပြုအဖြစ် ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် ဗိုလ်မှူးခွန်မင်းသိန်း တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

၎င်းတို့အနေဖြင့် NCA လက်မှတ်ထိုးစဉ်က အသုံးပြုခဲ့သည့် PNLO နာမည်ကို ဆက်လက်ထိန်းသိမ်းပြီး စာချုပ်အတိုင်း အလုပ်ဆက်လုပ်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

NCA စာချုပ်အရ တရားဝင်မှုကို ဆက်လက်စွဲကိုင်နိုင်မှသာ ပြည်တွင်းတွင် အရပ်သားများ အကာအကွယ်ပေးရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်နိုင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းတို့ကို လုပ်ဆောင်နိုင်မည်ဖြစ်သောကြောင့် တရားဝင်မှု Legitimacy ကို လက်မလွှတ်ချင်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

လက်ရှိတွင် ပအိုဝ်းလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေးအရ၊ မူဝါဒအရ ကွဲပြားခြင်းဖြစ်ပြီး စစ်ရေးအရ ပဋိပက္ခဖြစ်ပွား၍ ကွဲပြားခြင်းမဟုတ်ကြောင်းလည်း ၎င်းက ဆိုသည်။

၂၀၀၉ ခုနှစ်တွင် PNO မှ ခွဲထွက်ကျန်ရစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဦးဆောင်သော (PPLO) နှင့် ရလလဖ (SNPLO) မှ ခွဲထွက်လာသူ ဗိုလ်မှူးကြီး ခွန်သူရိန် ဦးဆောင်အင်အားစုများက အခြားပအိုဝ်း အင်အားစုငယ်များ ဝိုင်းရံလျက် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အခြားတစ်ဘက်တွင် ဗိုလ်မှူးကြီး ခွန်သူရိန် ဦးဆောင်သည့် PNLO အနေဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၁) ရက်တွင် စစ်ကောင်စီတပ်နှင့် စစ်ရေးပဋိပက္ခ ဖြစ်ပွားသည့် အချိန်မှ စတင်၍ NCA အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်တွင် ပါဝင်ခြင်း ရပ်ဆိုင်းသွားပြီဖြစ်ကြောင်း၊ စစ်ကောင်စီနှင့် သွားရောက်တွေ့ဆုံသည့် 7 EAO Alliance တွင် PNLO မှ ကိုယ်စားလှယ် စေလွှတ်ခြင်း မရှိကြောင်း စက်တင်ဘာလ (၁၃) ရက်တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် NCA အကောင်အထည် မဖော်နိုင်ခဲ့ဟု RCSS ပြော

0
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ရည်မှန်းထားသည့်အတိုင်း မဆောင်ရွက်နိုင်ခဲ့ခြင်းသည် နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် RCSS က ပြောဆိုလိုက်သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားတစ်ပိုင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား လက်မှတ်ရေးထိုးခဲ့သည့်...

NCA (၁၀)နှစ်ပြည့်ပွဲ ကျင်းပနေစဉ် စစ်တပ်က သီပေါမြို့နယ်ကို လေကြောင်းဗုံးကြဲ ဖိအားပေးတိုက်နေ

0
စစ်ကော်မရှင်တပ်သည် နေပြည်တော်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ကျင်းပနေချိန် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နယ်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းအတွက် အရေးပါသော သီပေါမြို့ကို စစ်ကော်မရှင်တပ်က...

တိုင်းရင်းသားများ ဖြစ်နိုင်တာကိုပဲ ပြောကြရန် NCA ၁၀ နှစ်ပြည့်ပွဲမှာ စစ်ခေါင်းဆောင်ပြော

0
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်တွင် ကျင်းပနေသည်။ ယနေ့ (အောက်တိုဘာလ ၁၅ ရက်) တွင် ကျရောက်သည့် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်ရှိ MICC-1 တွင်...

စစ်ကော်မရှင် NSPNC နှင့် အပစ်ရပ် ၇ ဖွဲ့တို့ NCA ၁၀ နှစ်ပြည့်ပွဲအတွက် နေပြည်တော်၌ ဆွေးနွေးနေ

0
NCA စာချုပ် လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနား ပူးတွဲကျင်းပရေးအတွက် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့တို့၏ 7 EAO Alliance မဟာမိတ်အဖွဲ့နှင့် စစ်ကော်မရှင်၏ NSPNC တို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၂ ရက်) နံနက်ပိုင်းမှ...

NCA ၁၀ နှစ်ပြည့်အခမ်းအနား ပူးတွဲကျင်းပရေး 7 EAO Alliance ဆွေးနွေး၊ လာမည့်ရွေးကောက်ပွဲ ကြားနေမည်ဟုဆို

0
အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့တို့၏ 7 EAO Alliance မဟာမိတ်အဖွဲ့မှ NCA စာချုပ် လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနား ပူးတွဲကျင်းပရေး ဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။ လာမည့် အောက်တိုဘာလ (၁၅) ရက်တွင် ကျရောက်မည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA...