Tuesday, January 27, 2026

စစ်ကော်မရှင် NSPNC နှင့် အပစ်ရပ် ၇ ဖွဲ့တို့ NCA ၁၀ နှစ်ပြည့်ပွဲအတွက် နေပြည်တော်၌ ဆွေးနွေးနေ

NCA စာချုပ် လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနား ပူးတွဲကျင်းပရေးအတွက် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့တို့၏ 7 EAO Alliance မဟာမိတ်အဖွဲ့နှင့် စစ်ကော်မရှင်၏ NSPNC တို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးနေကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဩဂုတ်လ ၂၂ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်၌ စစ်ကော်မရှင် ပြန်လည်ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကိုယ်စားလှယ်များနှင့် 7 EAO Alliance မဟာမိတ်အဖွဲ့ ကိုယ်စားလှယ်များ တွေ့ဆုံပြီး NCA စာချုပ် လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနား ပူးတွဲကျင်းပရေးအတွက် ဆွေးနွေးနေကြောင်း သိရသည်။

“မနေ့က နေပြည်တော်ရောက်ပြီး မနေ့ညပိုင်းမှာ NSPNC နဲ့ ဘယ်လိုဆွေးနွေးကြမလဲဆိုတာ စည်းဝေးညှိနှိုင်းကြတယ်၊ ဒီမနက်တော့ နေပြည်တော်မှာ တွေ့နေတယ်။ NSPNC ကို စစ်ကော်မရှင်က ဖျက်သိမ်းလိုက်ပြီ ဆိုပေမယ့် အသစ်ပြန်ဖွဲ့ထားတယ်။ အခုက ၁၀ နှစ်ပြည့်ပွဲမလို့ ခမ်းခမ်းနားနား လုပ်မယ်လို့ ပြောနေကြတာ”ဟု 7 EAO Alliance နှင့် နီးစပ်သည့် ဝါရင့် တော်လှန်ရေးရဲဘော်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ အစည်းအဝေးသို့ 7 EAO Alliance မဟာမိတ်အဖွဲ့ဝင် ကိုယ်စားလှယ်များဘက်မှ RCSS အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီးစိုင်းငင်း၊ KNU/KNLA (PC) မှ ဗိုလ်မှူးကြီးစောကျော်ညွန့်၊ NMSP ဗဟိုအမှုဆောင် နိုင်အောင်မငေး နှင့် ဦးမျိုးဝင်း စသူတို့ လူကိုယ်တိုင် တက်ရောက်နေသည်။

ယနေ့အစည်းအဝေး မတိုင်မီ ဩဂုတ်လ (၁၅) ရက်ကလည်း စစ်ကော်မရှင် ပြန်လည်ဖွဲ့စည်းထားသည့် NSPNC ကိုယ်စားလှယ်များနှင့် 7 EAO Alliance မဟာမိတ်အဖွဲ့ ကိုယ်စားလှယ်များ အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ပုံစာ – ၂၀၂၃ စက်တင်ဘာလအတွင်း RCSS နှင့် NSPNC တွေ့ဆုံဆွေးနွေးခဲ့စဉ်

“၇ ဖွဲ့ဘက်ကတော့ နှစ်ဘက်သေချာဆွေးနွေးညှိနှိုင်းပြီး အတည်ပြုလို့ရမှ ပွဲလုပ်ဖို့ ပြောတာရှိတယ်။ ဟိုဘက်က သူတို့လုပ်ချင်သလိုလုပ် ပြောချင်သလိုပြောပြီး EAO ဘက်က ဧည့်သည်လိုပဲ ပွဲတက်ရမယ်ဆိုရင်တော့ ခေါင်းဆောင်တွေ မတက်ဖို့ များတယ် အဲ့လိုဆိုတော့ စောင့်ကြည့်ရဦးမှာပေါ့”ဟု အဆိုပါ ဝါရင့်တော်လှန်ရေးရဲဘော်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လာမည့် အောက်တိုဘာလ (၁၅) ရက်တွင် ကျရောက်မည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့် အခမ်းအနားကို RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရွက်စစ်နှင့် KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေဖိုးတို့ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ လူကိုယ်တိုင် တက်ရောက်နိုင်ရန် ဖိတ်ကြားသွားရန်ရှိကြောင်း ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက်တွင် အွန်လိုင်းမှတဆင့် ပြုလုပ်ခဲ့သည့် 7 EAO Alliance မဟာမိတ်အဖွဲ့၏ ဦးဆောင်အဖွဲ့ အစည်းအဝေးတွင် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့် အခမ်းအနားကို Joint Ownership နှစ်ဦးနှစ်ဘက် ပိုင်ဆိုင်မှုအရ စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်နှင့် ပူးတွဲကျင်းပရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာ က သျှမ်းသံတော်ဆင့်ကို ဩဂုတ် ၈ ရက်တွင် ပြောဆိုထားသည်။

ယမန်နှစ် ၂၀၂၄ တွင် NCA (၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို စစ်ကောင်စီဘက်မှ အကျဉ်းရုံးသာ ပြုလုပ်ခဲ့သော်လည်း လာမည့် NCA (၁၀) နှစ်ပြည့် အခမ်းအနားကို အကြီးအကျယ် ကျင်းပပြုလုပ်ပြီး ငြိမ်းချမ်းရေးဖိုရမ် Peace Forum တစ်ခုလည်း ဆောင်ရွက်မည်ဖြစ်ကြောင်း ထိုစဉ်က NSPNC အတွင်းရေးမှူးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က ဇွန်လအတွင်း Peace Forum တွင် ပြောကြားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

“ပလက်ဖောင်း ကိုကိုကြီး” ဟု ခေါ်ခံရသည့် PP ဥက္ကဌ ရွေးကောက်ပွဲရှုံးနိမ့်

0
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် နေရာ ဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ပါတီ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်ကို ဇန်နဝါရီလ ၂၅ ရက် ညပိုင်းတွင် အတည်ပြုပြောသည်။ စစ်ကောင်စီ ရွေးကောက်ပွဲသည် မြေပေါ် နိုင်ငံရေး (ဝါ)...

စစ်မှုထမ်းရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ဒေသခံများထံ သိန်းရာချီကောက်ခံပြီး လူဝယ်ထည့်ရ

0
သျှမ်းပြည် မြို့နယ်အချို့၌ စစ်မှုထမ်း အပတ်စဉ် (၂၁) အတွက် လူသစ်စုဆောင်းရာတွင် လူငယ်များ ထွက်ပြေးတိမ်းရှောင်နေကြသဖြင့် လူစားထိုးရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ပွဲစားများမှတစ်ဆင့် ချိတ်ဆက် ဝယ်ယူနေရကြောင်း ဒေသခံများက ပြောသည်။ စစ်မှုထမ်း အပတ်စဉ် (၂၁) အတွက် လူသစ်စုဆောင်းမှုများကို ပြီးခဲ့သည့် ဇန်နဝါရီလ ပထမပတ်မှစ၍ တောင်ကြီး၊...

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

မိုင်းပန်-မိုင်းတုံကြား သံလွင်တံတားသစ်(တာဆန်း)ကို စစ်ခေါင်းဆောင် လာရောက်ဖွင့်လှစ်

0
သျှမ်းပြည် မိုင်းပန်မြို့နှင့် မိုင်းတုံမြို့ကြား အသစ်တည်ဆောက် ပြီးစီးခဲ့သည့် သံလွင်မြစ်ကူးတံတား(တာဆန်း) ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၀ ရက်) နံနက် ၁၁ နာရီခွဲတွင် မိုင်းပန်မြို့နှင့် မိုင်းတုံမြို့ကြားရှိ သံလွင်မြစ်ပေါ်တွင် အသစ်တည်ဆောက် ပြီးစီးခဲ့သည့် သံလွင်မြစ်ကူးတံတား(တာဆန်း) ကို...