စစ်ကော်မရှင် NSPNC နှင့် အပစ်ရပ် ၇ ဖွဲ့တို့ NCA ၁၀ နှစ်ပြည့်ပွဲအတွက် နေပြည်တော်၌ ဆွေးနွေးနေ

NCA စာချုပ် လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနား ပူးတွဲကျင်းပရေးအတွက် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့တို့၏ 7 EAO Alliance မဟာမိတ်အဖွဲ့နှင့် စစ်ကော်မရှင်၏ NSPNC တို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးနေကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဩဂုတ်လ ၂၂ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်၌ စစ်ကော်မရှင် ပြန်လည်ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကိုယ်စားလှယ်များနှင့် 7 EAO Alliance မဟာမိတ်အဖွဲ့ ကိုယ်စားလှယ်များ တွေ့ဆုံပြီး NCA စာချုပ် လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနား ပူးတွဲကျင်းပရေးအတွက် ဆွေးနွေးနေကြောင်း သိရသည်။

“မနေ့က နေပြည်တော်ရောက်ပြီး မနေ့ညပိုင်းမှာ NSPNC နဲ့ ဘယ်လိုဆွေးနွေးကြမလဲဆိုတာ စည်းဝေးညှိနှိုင်းကြတယ်၊ ဒီမနက်တော့ နေပြည်တော်မှာ တွေ့နေတယ်။ NSPNC ကို စစ်ကော်မရှင်က ဖျက်သိမ်းလိုက်ပြီ ဆိုပေမယ့် အသစ်ပြန်ဖွဲ့ထားတယ်။ အခုက ၁၀ နှစ်ပြည့်ပွဲမလို့ ခမ်းခမ်းနားနား လုပ်မယ်လို့ ပြောနေကြတာ”ဟု 7 EAO Alliance နှင့် နီးစပ်သည့် ဝါရင့် တော်လှန်ရေးရဲဘော်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ အစည်းအဝေးသို့ 7 EAO Alliance မဟာမိတ်အဖွဲ့ဝင် ကိုယ်စားလှယ်များဘက်မှ RCSS အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီးစိုင်းငင်း၊ KNU/KNLA (PC) မှ ဗိုလ်မှူးကြီးစောကျော်ညွန့်၊ NMSP ဗဟိုအမှုဆောင် နိုင်အောင်မငေး နှင့် ဦးမျိုးဝင်း စသူတို့ လူကိုယ်တိုင် တက်ရောက်နေသည်။

ယနေ့အစည်းအဝေး မတိုင်မီ ဩဂုတ်လ (၁၅) ရက်ကလည်း စစ်ကော်မရှင် ပြန်လည်ဖွဲ့စည်းထားသည့် NSPNC ကိုယ်စားလှယ်များနှင့် 7 EAO Alliance မဟာမိတ်အဖွဲ့ ကိုယ်စားလှယ်များ အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ပုံစာ – ၂၀၂၃ စက်တင်ဘာလအတွင်း RCSS နှင့် NSPNC တွေ့ဆုံဆွေးနွေးခဲ့စဉ်

“၇ ဖွဲ့ဘက်ကတော့ နှစ်ဘက်သေချာဆွေးနွေးညှိနှိုင်းပြီး အတည်ပြုလို့ရမှ ပွဲလုပ်ဖို့ ပြောတာရှိတယ်။ ဟိုဘက်က သူတို့လုပ်ချင်သလိုလုပ် ပြောချင်သလိုပြောပြီး EAO ဘက်က ဧည့်သည်လိုပဲ ပွဲတက်ရမယ်ဆိုရင်တော့ ခေါင်းဆောင်တွေ မတက်ဖို့ များတယ် အဲ့လိုဆိုတော့ စောင့်ကြည့်ရဦးမှာပေါ့”ဟု အဆိုပါ ဝါရင့်တော်လှန်ရေးရဲဘော်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လာမည့် အောက်တိုဘာလ (၁၅) ရက်တွင် ကျရောက်မည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့် အခမ်းအနားကို RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရွက်စစ်နှင့် KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေဖိုးတို့ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ လူကိုယ်တိုင် တက်ရောက်နိုင်ရန် ဖိတ်ကြားသွားရန်ရှိကြောင်း ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက်တွင် အွန်လိုင်းမှတဆင့် ပြုလုပ်ခဲ့သည့် 7 EAO Alliance မဟာမိတ်အဖွဲ့၏ ဦးဆောင်အဖွဲ့ အစည်းအဝေးတွင် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့် အခမ်းအနားကို Joint Ownership နှစ်ဦးနှစ်ဘက် ပိုင်ဆိုင်မှုအရ စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်နှင့် ပူးတွဲကျင်းပရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာ က သျှမ်းသံတော်ဆင့်ကို ဩဂုတ် ၈ ရက်တွင် ပြောဆိုထားသည်။

ယမန်နှစ် ၂၀၂၄ တွင် NCA (၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို စစ်ကောင်စီဘက်မှ အကျဉ်းရုံးသာ ပြုလုပ်ခဲ့သော်လည်း လာမည့် NCA (၁၀) နှစ်ပြည့် အခမ်းအနားကို အကြီးအကျယ် ကျင်းပပြုလုပ်ပြီး ငြိမ်းချမ်းရေးဖိုရမ် Peace Forum တစ်ခုလည်း ဆောင်ရွက်မည်ဖြစ်ကြောင်း ထိုစဉ်က NSPNC အတွင်းရေးမှူးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က ဇွန်လအတွင်း Peace Forum တွင် ပြောကြားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...