NCA ၁၀ နှစ်ပြည့်အခမ်းအနား ပူးတွဲကျင်းပရေး 7 EAO Alliance ဆွေးနွေး၊ လာမည့်ရွေးကောက်ပွဲ ကြားနေမည်ဟုဆို

အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့တို့၏ 7 EAO Alliance မဟာမိတ်အဖွဲ့မှ NCA စာချုပ် လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနား ပူးတွဲကျင်းပရေး ဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။

လာမည့် အောက်တိုဘာလ (၁၅) ရက်တွင် ကျရောက်မည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့် အခမ်းအနားကို Joint Ownership နှစ်ဦးနှစ်ဘက် ပိုင်ဆိုင်မှုအရ စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်နှင့် ပူးတွဲကျင်းပရေးအတွက် 7 EAO Alliance မဟာမိတ်အဖွဲ့ (၇) ဖွဲ့တို့ သြဂုတ် ၆ ရက်တွင် အွန်လိုင်းမှတဆင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“ရှေ့လာမယ့် ဒီအောက်တိုဘာ ၁၅ ရက် NCA လက်မှတ်ရေးထိုးတဲ့ ၁၀ နှစ်ပြည့် အခမ်းအနား ကိစ္စ ဘယ်လို ပူးပေါင်းပါဝင်မလဲ၊ ဘယ်လို လုပ်ကိုင်ကြမလဲ ဆိုတဲ့ အဓိကကတော့ Joint Ownership လို့ ခေါ်တာပေါ့၊ NCA က နှစ်ဦးနှစ်ဖက် ပိုင်ဆိုင်တဲ့ လုပ်ငန်းဖြစ်တော့ ဒီနှစ်ပတ်လည် ပွဲကလည်း နှစ်ဦးနှစ်ဖက် ညှိနှိုင်းလုပ်ရမယ်လို့ ဆိုတဲ့ အဆိုပေါ့လေ။ အဲဒါကို အဓိက ကိုင်တွယ်တာ တွေ့ရတယ်”ဟု အစည်းအဝေး တက်ရောက်ခဲ့သည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

သြဂုတ် ၆ ရက်တွင် အွန်လိုင်းမှတဆင့် ကျင်းပခဲ့သည့် 7 EAO Alliance ၏ ဦးဆောင်အဖွဲ့ အစည်းအဝေးသို့ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားသူ RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်၊ ဒုတိယအဖွဲ့ခေါင်းဆောင်ဖြစ်သူ NMSP ဒုဉက္ကဋ္ဌ နိုင်အောင်မင်းနှင့် အဖွဲ့ဝင် (၇) ဖွဲ့စလုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး စစ်ရေး အခြေအနေများ၊ နိုင်ငံတကာ အခင်းအကျင်းနှင့် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသော အလားအလာများကို သုံးသပ်ခဲ့ကြပြီး မျက်မှောက်ကြုံတွေ့နေရသည့် ပကတိ အခင်းအကျင်းများနှင့် လိုက်လျောညီထွေဖြစ်ရန် လမ်းညွှန်သဘောထား (၅) ရပ်ကို ချမှတ်ပေးနိုင်ခဲ့ကြောင်း 7 EAO Alliance မှ သြဂုတ်၆ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

“လာမယ့် ရွေးကောက်ပွဲကတော့ လက်ရှိ NCA ထိုးထားတဲ့ အဖွဲ့တွေနဲ့ တိုက်ရိုက် သိပ်မပတ်သက်ဘူး ဆိုတဲ့အခါကျတော့ ကြားနေပေါ်လစီကို ကျင့်သုံးဖို့ပေါ့လေ။ ထောက်ခံခြင်းလည်း မလုပ်နဲ့၊ ကန့်ကွက်ခြင်း ဖျက်ဆီးခြင်းလည်း မလုပ်နဲ့ ဆိုတဲ့ ကြားနေပေါ်လစီကို သဘောထားချတာ တွေ့ရပါတယ်”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ဆက်ပြောသည်။

ပုံစာ – 7 EAO Alliance ၏ ဦးဆောင်အဖွဲ့ အစည်းအဝေးကို အွန်လိုင်းမှတဆင့် ကျင်းပနေစဉ် (ဓာတ်ပုံ – 7 EAO Alliance)

ထို့အပြင် 7 EAO Alliance ၏ ဦးဆောင်အဖွဲ့ အစည်းအဝေးကို သုံးလတစ်ကြိမ် ကျင်းပလေ့ရှိသော်လည်း လာမည့် အောက်တိုဘာလ ၁၅ ရက် မတိုင်ခင်အချိန်တွင်း ထပ်မံပြုလုပ်ရန် လျာထားကြောင်း သိရသည်။

ယမန်နှစ် ၂၀၂၄ အောက်တိုဘာလအတွင်း ကျရောက်ခဲ့သည့် NCA (၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို စစ်ကောင်စီဘက်မှ အကျဉ်းရုံးသာ ပြုလုပ်ခဲ့သည်။

သို့သော် လာမည့် NCA (၁၀) နှစ်ပြည့် အခမ်းအနားကို အကြီးအကျယ် ကျင်းပပြုလုပ်ပြီး ငြိမ်းချမ်းရေးဖိုရမ် တစ်ခုလည်း ဆောင်ရွက်မည်ဖြစ်ကြောင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က ဇွန်လအတွင်း Peace Forum တွင် ပြောကြားခဲ့သည်။

NCA လက်မှတ်ထိုး အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့မှ စုဖွဲ့မှုပုံစံအသစ်ဖြင့် ယမန်နှစ် ၂၀၂၄ မတ်လတွင် ပြန်လည်ဖွဲ့စည်းခဲ့သည့် 7 EAO Alliance မဟာမိတ်အဖွဲ့တွင် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ ပါဝင်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်စတင်နိုင်အောင် အခုမှ ကျနော်တို့ ပြန်ပြီး လမ်းစရှာတာ ဖြစ်ပါတယ်”

0
အသွင်ပြောင်းစစ်အစိုးရ ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် ပထမဆုံးအကြိမ် အလွတ်သဘော တွေ့ဆုံဆွေးနွေးရန် 7 EAO Alliance ဆွေးနွေးညှိနှိုင်းရေးအဖွဲ့မှ ကိုယ်စားလှယ် (၈) ဦးတို့သည် ဇွန်လ ၉ ရက်နှင့် ၁၀ ရက်တို့တွင် နေပြည်တော်သို့ သွားရောက်ခဲ့သည်။ အလားတူ...

7 EAO Alliance ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သွားပြီး NSPNC နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေး

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့မှ နေပြည်တော်သို့ သွားရောက်ကာ အသွင်ပြောင်းစစ်အစိုးရ အသစ်ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇွန်လ ၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး...

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အကွက်ချစီစဉ်ထားသည့်အတိုင်း သမ္မတဖြစ်လာ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နံနက် ၁၀ နာရီမှ စတင်ပြီး နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင်...

သျှမ်းပြည်လွှတ်တော်တွင် ရေးရာကော်မတီ(၄)ခုဖွဲ့၊ သင်္ကြန်မတိုင်မီ အစိုးရအဖွဲ့သစ် ပေါ်မည်ဟုဆို

0
စစ်ကော်မရှင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် သျှမ်းပြည်နယ်လွှတ်တော်တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ အပါအဝင် ရေးရာကော်မတီ (၄) ခုကို ထပ်မံဖွဲ့စည်းခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့ ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့၌ ဥပဒေပြုရေးဆိုင်ရာ...

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကတိသစ္စာပြု၊ CRPH လည်း လွှတ်တော်ခေါ်ယူ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) တွင် နေပြည်တော်၌ ပြည်သူ့လွှတ်တော် အစည်းအဝေးကို စစ်တပ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များဖြင့် စတင်ခေါ်ယူ ကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်...