Wednesday, January 28, 2026

ဆီဆိုင်စစ်ရှောင် ခုနစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာ၊မိုးကာ၊အခင်းများအရေးပေါ်လိုအပ်

သျှမ်းပြည် တောင်ပိုင်း ၊ဆီဆိုင်မြို့နယ်၊ ယခုသြဂုတ်လအတွင်း စစ်ရှောင် ခုနစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာများ ၊မိုးကာများ၊အခင်းများ အရေးပေါ်လိုအက်လျက်ရှိကြောင်း သိရသည်။

သြဂုတ်လ ၃ရက်မှစပြီး တိုက်ပွဲကြောင့် ဆီဆိုင်မြို့အရှေ့ဘက်ကျေးရွာ (၁၁)ရွာ မှ ဒေသခံ ခုနစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်ရပြီး ဒေသခံအများစုသည် တောင်ယာခြံရှိသော တောတောင်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဆီဆိုင်စစ်ရှောင်နေထိုင်သည့်နေရာ

“ဒီတကျော့ပြန် တိမ်းရှောင်ကြရတဲ့ ဒေသခံပြည်သူတွေက အရင်တကျော့ထက် ပိုခက်ခဲကြတယ်။စိုက်ပျိုးရာသီလည်း ဖြစ်၊ မိုးရာသီလည်း ဖြစ်တဲ့အတွက်ကြောင့် စားဝတ်နေရေးအတွက် အရင်းအနှီးက စိုက်ပျိုးရေး အကုန်ရင်းနှီးကြတဲ့အချက်ကို တွေ့ရတယ်။ အဲ့ကြောင့် စားနပ်ရိက္ခာလိုအပ်မှု၊ အမိုးအကာ၊ အခင်းဆိုင်ရာ လိုအပ်မှုက အရင်ကာလထက် ပိုလိုအပ်တယ်၊ ဒါပေမယ့် တိမ်းရှောင်ကြရတဲ့ အနေအထားက တောင်ယာခြံဘက်ဖြစ်တဲ့အတွက်ကြောင့် အကူအညီမရောက်ကြတာကို တွေ့ရတယ် “ဟု ပအိုဝ်းလူငယ်အစည်းအရုံးမှ တာဝန်ရှိသူ မနန်းက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ဒေသခံများ ရှောင်သွားသော တောဘက်သည် စစ်ကောင်စီ နှင့် ပအိုဝ်း ပြည်သူ့စစ် PNO က လက်နက်ကြီးပစ်ခတ်မှု မကြာခဏရှိနေသောကြောင့် စစ်ရှောင်များလုံခြုံရေးကို စိုးရိမ်ကြောက်လန့်နေရကြောင်း ၎င်းက ပြောသည်။​

ဆီဆိုင် စစ်ရှောင်နေထိုင်သည့်နေရာ

စစ်ရှောင်အမျိုးသမီးတစ်ဦးက “လက်နက်ကြီးသံကြားပြီဆို ဘယ်နားကျမလဲ ကိုယ့်နေတဲ့တဲပေါ် ကျမလား စသဖြင့် အတွေးဝင်တယ် ကြောက်တယ်။စိုးရိမ်တယ်။လက်နက်ကြီးအသံကြားပြီဆိုထွက်ပြေး ပုန်းရမယ့်နေရာရှာရတယ်။ ဘယ်တော့မငြိမ်းချမ်းမလဲ ခုတစ်ခေါက်နဲ့ဆို စစ်ရှောင်ရတာ နှစ်ခေါက်ရှိပြီ။”ဟု ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၇ရက်တွင်လည်းဆီဆိုင်မြို့ အရှေ့ဘက် တွင် စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်လာခြင်းကြောင်း ဆယ်ကျော်သက်စစ်ရှောင် အမျိုးသမီးနှစ်ဦးကို ထိမှတ်ပြီး သေဆုံး ခဲ့သေးကြောင်း ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLA ထုတ်ပြန်ချက်အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ရွာငံမြို့နယ် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်သားများကို ဒေသခံများ ထမင်းထုပ်ပို့ပေးရ

0
သျှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ရှိ ကျေးရွာအတွင်းသို့ တပ်လာစွဲသည့် စစ်ကော်မရှင် တပ်သားများကို ဒေသခံများက ထမင်း၊ဟင်းချက်ပြီး သွားရောက်ပို့ဆောင်ရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ရွာငံမြို့နယ်နှင့် အနီးတဝိုက်သို့ စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်ကော်မရှင် တပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားများရောက်ရှိလာခဲ့သည်။ ထိုစစ်ကော်မရှင် တပ်သားနှင့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...