ဆီဆိုင်စစ်ရှောင် ခုနစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာ၊မိုးကာ၊အခင်းများအရေးပေါ်လိုအပ်

သျှမ်းပြည် တောင်ပိုင်း ၊ဆီဆိုင်မြို့နယ်၊ ယခုသြဂုတ်လအတွင်း စစ်ရှောင် ခုနစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာများ ၊မိုးကာများ၊အခင်းများ အရေးပေါ်လိုအက်လျက်ရှိကြောင်း သိရသည်။

သြဂုတ်လ ၃ရက်မှစပြီး တိုက်ပွဲကြောင့် ဆီဆိုင်မြို့အရှေ့ဘက်ကျေးရွာ (၁၁)ရွာ မှ ဒေသခံ ခုနစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်ရပြီး ဒေသခံအများစုသည် တောင်ယာခြံရှိသော တောတောင်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဆီဆိုင်စစ်ရှောင်နေထိုင်သည့်နေရာ

“ဒီတကျော့ပြန် တိမ်းရှောင်ကြရတဲ့ ဒေသခံပြည်သူတွေက အရင်တကျော့ထက် ပိုခက်ခဲကြတယ်။စိုက်ပျိုးရာသီလည်း ဖြစ်၊ မိုးရာသီလည်း ဖြစ်တဲ့အတွက်ကြောင့် စားဝတ်နေရေးအတွက် အရင်းအနှီးက စိုက်ပျိုးရေး အကုန်ရင်းနှီးကြတဲ့အချက်ကို တွေ့ရတယ်။ အဲ့ကြောင့် စားနပ်ရိက္ခာလိုအပ်မှု၊ အမိုးအကာ၊ အခင်းဆိုင်ရာ လိုအပ်မှုက အရင်ကာလထက် ပိုလိုအပ်တယ်၊ ဒါပေမယ့် တိမ်းရှောင်ကြရတဲ့ အနေအထားက တောင်ယာခြံဘက်ဖြစ်တဲ့အတွက်ကြောင့် အကူအညီမရောက်ကြတာကို တွေ့ရတယ် “ဟု ပအိုဝ်းလူငယ်အစည်းအရုံးမှ တာဝန်ရှိသူ မနန်းက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ဒေသခံများ ရှောင်သွားသော တောဘက်သည် စစ်ကောင်စီ နှင့် ပအိုဝ်း ပြည်သူ့စစ် PNO က လက်နက်ကြီးပစ်ခတ်မှု မကြာခဏရှိနေသောကြောင့် စစ်ရှောင်များလုံခြုံရေးကို စိုးရိမ်ကြောက်လန့်နေရကြောင်း ၎င်းက ပြောသည်။​

ဆီဆိုင် စစ်ရှောင်နေထိုင်သည့်နေရာ

စစ်ရှောင်အမျိုးသမီးတစ်ဦးက “လက်နက်ကြီးသံကြားပြီဆို ဘယ်နားကျမလဲ ကိုယ့်နေတဲ့တဲပေါ် ကျမလား စသဖြင့် အတွေးဝင်တယ် ကြောက်တယ်။စိုးရိမ်တယ်။လက်နက်ကြီးအသံကြားပြီဆိုထွက်ပြေး ပုန်းရမယ့်နေရာရှာရတယ်။ ဘယ်တော့မငြိမ်းချမ်းမလဲ ခုတစ်ခေါက်နဲ့ဆို စစ်ရှောင်ရတာ နှစ်ခေါက်ရှိပြီ။”ဟု ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၇ရက်တွင်လည်းဆီဆိုင်မြို့ အရှေ့ဘက် တွင် စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်လာခြင်းကြောင်း ဆယ်ကျော်သက်စစ်ရှောင် အမျိုးသမီးနှစ်ဦးကို ထိမှတ်ပြီး သေဆုံး ခဲ့သေးကြောင်း ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLA ထုတ်ပြန်ချက်အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...