Tuesday, January 27, 2026

ဆီဆိုင်မြို့သို့ ပစ္စည်းပြန်ယူသူ ၂ လ အတွင်း ၂၀ဦးထက်မနည်း ပျောက်ဆုံးနေ

ဆီဆိုင်မြို့သို့ ပစ္စည်းပြည် ယူသူများ မိသားစု နှင့် အဆက်သွယ် ပျက်ကား နှစ်လ အတွင်း ပျောက်ဆုံးနေသူ ၂၀ ဦးထက်မနည်းရှိနေကြောင်း စုံးစမ်းသိရသည်။

သျှမ်းပြည် ဆီဆိုင်မြို့တွင် ပြီးခဲ့သည့် မတ်လ ပထမ ပတ်မှစ၍ ယခုအချိန် ထိ ၂လအတွင်း စစ်ဘေးရှောင်များ ပစ္စည်းပြန်ယူခြင်း၊စာနပ်ရိက္ခာ ပြန်ယူခြင်းကြောင့် မိသားစုနှင့် အဆက်အသွယ်ပျက်ကာ ပျောက်ဆုံး နေသူ ၂၀ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း ဆီဆိုင်မြို့ ဒေသခံ အမျိုးသားတစ်ဦး သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တော်တော်များများကတော့ သက်ဆိုင်တဲ့မိသားစု ကနေအကူညီလာတောင်းတာပေါ့။ ပျောက်နေတဲ့ ဟာတွေ ကလည်း ၂၀ ထက်မနည်းဘူး။ ပြန်ရောက်လာတာလည်း ရှိတယ်။ရိုက်နက်ခံရတဲ့ လူတွေလည်း ရှိတယ်။ပျောက် ပြီး သေတဲ့ဟာတွေလည်းရှိတယ်။ပစ္စည်းပြန်ယူလို့ ပျောက်တာပေါ့။”ဟု ဆီဆိုင်မြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုပျောက်ဆုံးနေသူများသည် အသက် ၁၇ မှ စ၍ အသက် ၄၀ အောက်များဖြစ်နေကြောင်း သိရပြီး၊ ဆီဆိုင်ဒေသခံများသည် မြို့၏ ပတ်ဝန်းကျင်ရှိ အရှေ့ဖက်၊အနောက်ဖက်နှင့်မြောက်ဖက်တို့တွင် စစ်ဘေး‌ရှောင်နေရကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် ဆီဆိုင်မြို့မြောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ် PNO တို့က ထိန်းချုပ်ထားပြီး တောင်ဘက်ခြမ်းကိုတော့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA နှင့် ပူးပေါင်းတော်လှန်ရေး အင်အားစုတပ်ဖွဲ့များက ထိန်းချုပ်ထားကြောင်းသိရသည်။

သျှမ်းတောင် ဆီဆိုင်၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ် တိုက်ပွဲများကြောင့် အရပ်သား သေဆုံးမှု ၅၅ ဦးအထိ ရှိလာပြီး အမျိုးသမီးနှင့် ကလေးငယ်အပါအဝင် အရပ်သား ထိခိုက်ဒဏ်ရာရမှု ၇၀ ဝန်းကျင်အထိ မြင့်တက်လာနေကြောင်း ပအိုဝ်းလူငယ်အစည်းအရုံးက ဧပြီလ ၂ ရက်တွင် ထုတ်ပြန်ထားသည်။

ပြီခဲ့သည့် ဧပြီလ ၈ ရက်တွင်လည်း တွေပူးကျေးရွာတွင် စစ်ရှောင်ကျောင်းသူ သုံးဦး ရေသွားခပ်ရာ စစ်ကောင်စီမှ အကြောင်းရင်းမဲ့ လက်နက်ကြီးပစ်ခက်မှုကြောင့် ကျောင်းသူ ၃ ဦး ထိခိုက်ခဲ့ပြီး ၁ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...