သျှမ်းတောင် တိုက်ပွဲ ၃ လ အတွင်း အရပ်သား ၆၀ ကျော်သေဆုံး

သျှမ်းပြည် တောင်ပိုင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) မဟာမိတ် ပူးပေါင်း တော်လှန်‌ရေး တပ်ပေါင်းစုများ နှင့် စစ်ကောင်စီ တို့အကြား ၃ လအကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သား ၆၀ ကျော် သေဆုံး ပြီး ထိ ခိုက်ဒဏ်ရာရှိသူ ၇၈ ဦး အထိ ရှိနေကြောင်း စုံစမ်းသိရသည်။

တိုက်ပွဲ ၃ လအကြာ စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်ခြင်း နှင့် လက်နက်ကြီးထိမှန်မှုကြောင့် ၆ လသားမှ ၁၀ နှစ်အတွင်းရှိ ကလေးငယ် ၇ ဦးနှင့် အသက် ၁၅ တစ်ဦး၊ အမျိုးသား(၄၃)ဦး သေဆုံးပြီး၊ အမျိုးသမီး ၄ဦး နှင့် အတည်မပြုနိုင်သည့် အလောင်း ၆လောင်း စုစုပေါင်း ၆၁ ဦး သေဆုံးခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO) မှ ထုတ်ပြန် ထားသည်။

ထို့အတူ တိုက်ပွဲများကြောင့် ဆီဆိုင်မြို့နယ်ရှိ ဒေသခံများ စစ်ဘေးရှောင်နေသူ ၅သောင်းနှစ်ထောင်ကျော်၊ ပင်လောင်းမြို့နယ်တွင် တစ်သောင်းခွဲ ၊ ဟိုပုံးမြို့နယ်တွင် တစ်ထောင် နှင့် ညောင်ရွှေမြို့နယ်တွင် ၂ထောင်တစ်ရာကျော် စုစုပေါင်း ခုနစ်သောင်းကျော်အထိရှိလာကြောင်း PYO ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ထိုစစ်ဘေးရှောင်များသည် ဟိုပုံးမြို့နယ်၊ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် တောတောင်အတွင်း ထွက်ပြေးခိုလှုံနေရကြောင်း သိရသည်။

ညောင်‌ရွှေမြို့နယ် ကျေးရွာ ၄ ရွာခန့်ရှိ စစ်ဘေးရှောင် ၂ ထောင်ကျော်သည် ဧပြီလ ပထမ ပတ်မှစ၍ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခက်မှု မြင့်တက်လာမှုကြောင့် ကလေးငယ်နှင့် သက်ကြီးရွယ်အိုများကို ဘေးလွတ်ရာသို့ ပြောင်း‌‌ရွေ့ပေးရကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ညောင်ရွှေဘက် ကတော့ စစ်ကောင်စီနဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်လို့ နမ့်ပွန်၊ညောင်လေးပင်၊ဒီရိ၊ ရေပူရယ်‌ပေါ့။ အဲ့ဖက်ကတော့ ကလေးနဲ့ လူကြီးတွေကို အဓီက ပြောင်းရွှေ့ထားပေးရတာပေါ့။ စစ်ကောင်စီ ဘက်က လက်နက်ကြီး ဖြစ်ခက်မှုများတာကို။စစ်ရှောင်တွေက အဓိကတော့ စားနပ်ရီက္ခာလိုအပ်နေတာပေါ့” ဟု ၎င်းက ပြောသည်။

ထိုအပြင် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက် ဒဏ်ရာရရှိသူ ကလေးငယ် ၁၂ ဦး၊ အမျိုးသား ၃၉ ဦး ၊ အမျိုးသမီး ၁၆ ဦး နှင့် ကျား/မ အတည်မပြုနိုင်သူ ၁၁ ဦး ထိ ရှိနေကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားချိန်မှစ၍ စစ်ကောင်စီသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၄၆၂ ကြိမ်နှင့် အထက်ရှိပြီး၊ လက်နက် ကြီး ပစ်ခတ်မှု ၂၈၄၆ ကြိမ် ပြုလုပ်ခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံးက ဧပြီလ ၁၆ ရက် နေ့တွင်း ထုတ်ပြန် ထားသည်။

အဆိုပါ စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံနေအိမ် ၅၅၂ လုံး ပျက်စီးသွားပြီး ဘာသာရေးအဆောက်အအုံ ၂၅ ဦး၊ စာသင်ကျောင်း ၁၂ လုံး၊လမ်းတံတား ၂ စင်း၊‌ဆေးရုံ/ဆေးခန်း ၄ လုံးနှင့် ဈေး ၁ ခု ပျက်စီးသွားခဲ့ပြီဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။

ဟိုပုံးမြို့နယ် စံဖူးကျေးရွာတွင် ဖြစ်ပွားခဲ့သည့် PNLA ၏ ယာဉ်တန်းကို စစ်ကောင်စီနှင့်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့တို့က ပစ်ဆို့ဟန်းတား စစ်ဆေးမှုကြောင့် (ဇန်နဝါရီလ ၂၁ ရက်)တွင် နှစ်ဖက်တပ်ဖွဲ့ကြား တိုက်ပွဲစတင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...