Tuesday, January 27, 2026

‘ဝ’ဒေသ ပန်ဆန်း(ပန်ခမ်း)မြို့တွင် ကား ၃ စီးဆင့် ယာဉ်တိုက်မှုဖြစ်ပွား

သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ ပန်ဆန်း(ပန်ခမ်း)မြို့တွင် ကား ၃ စီးဆင့် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဧပြီလ ၂၉ ရက်) ည ၆ နာရီခန့်တွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ပန်ဆန်း(ပန်ခမ်း)မြို့လယ်ရှိ နားလော့ရပ်ကွက်၌ ကားတစ်စီးသည် လူနာတင်ယာဉ်အား တိုက်မိပြီး ထွက်ပြေးရန် ကြိုးစားခဲ့ရာမှ အရှိန်ဖြင့် နောက်ထပ် ကား ၃ စီးဆင့် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း ပန်ဆန်းဒေသခံများက ပြောသည်။

“တိုက်တဲ့နေရာက နားလော့နားမှာဖြစ်တာ။ ကြည့်ရတာတော့ လူနာတင်ကားကို တိုက်ပြီး ထွက်ပြေးတဲ့အချိန် နောက်ထပ် ၃ စီးကို ထပ်တိုက်မိတာ။ ကားသမားကတော့ တစ်ယောက်ပဲတွေ့တယ်။ ထလို့လည်း မရတော့ဘူး ကားထဲမှာပဲ ခံနေတာ မျက်စိလည်း မဖွင့်တော့ဘူး။ ကားလည်း တော်တော်လေး ပျက်စီးသွားတယ်”ဟု ပန်ဆန်းမြို့ဒေသခံ လူငယ်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည့် နေရာသို့ ဒေသအာဏာပိုင်များက လာရောက်စစ်ဆေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ၎င်းကားသမားကို ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လဆန်းပိုင်းက လောက်ကိုင်မြို့သို့ စစ်ပြေးဖမ်းဆီးရန် နယ်ကျွံသွားရောက်ခဲ့သည့် ‘ဝ’တပ်ဖွဲ့မှ တပ်ခွဲမှူးအဆင့်ရှိသူတစ်ဦးလည်း လောက်ကိုင်မြို့မှ ပြန်လာစဉ် ထော်လာဂျီတစ်စီးကို ကျော်တက်နေစဉ် လမ်းပြောင်းပြန် မောင်းနှင်လာသည့် ကိုးကန့်တပ်သား၏ ကားကို မရှောင်နိုင်ဘဲ တိုက်မိခဲ့ရာ ကိုးကန့်တပ်သားများက ၎င်း‘ဝ’တပ်သားအား ဝိုင်းဝန်းရိုက်နှက်ပြီး ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ‘ဝ’တပ်ခွဲမှူးကို ရိုက်နှက်ရာတွင် ကျူးလွန်ခဲ့သည့် ကိုးကန့်တပ်သားများကို MNDAA တပ်ဖွဲ့မှ စုံစမ်းဖော်ထုတ်ပြီး နမ့်တစ်မြို့သို့ လာရောက်တောင်းပန်ခိုင်းရန်နှင့် မလာရောက်ပါက နမ့်တစ်မြို့ရှိ ‘ဝ’တာဝန်ရှိသူများမှ လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဟု ‘ဝ’တပ်ဖွဲ့က မတ်လ (၇) ရက်တွင် စာထုတ်ပြန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“UWSA” ထိန်းချုပ် မိုင်းပေါက်မြို့တွင် ရေကြီးမှုဖြစ်၊ ရဲအရာရှိ ၁ ဦးသေဆုံး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာဒေသ သျှမ်းပြည်အရှေ့ပိုင်း မိုင်းပေါက်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေကြီးရေလျှံမှု ဖြစ်ပေါ်ပြီး ရဲအရာရှိ တစ်ဦးသေဆုံးကြောင်း သိရသည်။ ယမန်နေ့ (ဇူလိုင် ၂၂ ရက်) နံနက်အစောပိုင်းမှစပြီး မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မိုင်းပေါက်မြို့တွင် ရေကြီးမှု ဖြစ်ပေါ်ခဲ့ကြောင်း Wa Nation society...

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မိုင်းပေါက်မြို့တွင် ရေကြီး၊ရေလျှံမှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း " UWSA " "ဝ" ထိန်းချုပ်သည့် ဒေသ မိုင်ပေါက်မြို့နှင့် ပန်ဆန်းမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီး၊ရေလျှံမှုဖြစ်ပွားသည်ဟု စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၉ ရက်)နံနက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းနေကြောင့် နေအိမ်အဆောက်အအုံ ၊ လမ်းမပေါ်ရှိဆိုင်ကယ်နှင့် မော်တော်ယာဉ်မျး နစ်မြှုပ်သည့်အထိ ရေကြီးမှု ကြုံနေရကြောင်း မြို့နယ်ဒေသခံ...

‘ဝ’ဒေသ ရာဇဝတ်မှု ကျူးလွန်သူများကို UWSP မှ လူစုလူဝေးရှေ့ စီရင်ချက်ချ

0
သျှမ်းပြည် ‘ဝ’ဒေသအတွင်း ရာဇဝတ်မှု ကျူးလွန်သူများကို ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) တရားစီရင်ရေးကော်မတီမှ လူစုလူဝေး ရှေ့မှောက်တွင် စီရင်ချက် ချမှတ်ပြီး ပြစ်ဒဏ်ပေးခဲ့ကြောင်း သတင်းသိရသည်။ ဩဂုတ်လ (၄) ရက် နံနက်ပိုင်းတွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသရှိ ပန်ဆန်း(ပန်ခမ်း)မြို့တွင် ပြန်ပေးဆွဲမှု၊ ခိုးမှု၊ လုယက်မှုနှင့် သေနတ်ရောင်းဝယ်ဖောက်ကားမှု...

တောင်ကြီး တက္ကသိုလ်အနီး ယာဉ်တိုက်မှုကြောင့် အသက် ၁၀ နှစ်အရွယ်ကလေးတစ်ဦးသေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ တောင်ကြီး တက္ကသိုလ် အနီးတွင် ယာဉ်တိုက်မှုကြောင့် အသက် ၁၀ နှစ်အရွယ်ရှိ ကျောင်းသူ တစ်ဦးကပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၁ ရက်) တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းမပေါ် တောင်ကြီး တက္ကသိုလ် နှင့် ဧရာဝတီ လက်ဖက်ရည်ဆိုင် အကြားတွင်...

SSPP နှင့် TNLA နှစ်ဘက်ခေါင်းဆောင်များ UWSA ဌာနချုပ် ပန်ဆန်း၌ တွေ့ဆုံဆွေးနွေး

0
မဟာမိတ်တပ်ဖွဲ့အချင်းချင်း စစ်ရေးတင်းမာနေသည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှစ်ဘက်ခေါင်းဆောင်များသည် ‘ဝ’ဒေသ ပန်ဆန်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၃ ရက်) တွင် ‘ဝ’တပ်ဖွဲ့ UWSA ဌာနချုပ်တည်ရှိရာ ပန်ဆန်းမြို့၌ SSPP ဘက်မှ...