သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ တောင်ကြီး တက္ကသိုလ် အနီးတွင် ယာဉ်တိုက်မှုကြောင့် အသက် ၁၀ နှစ်အရွယ်ရှိ ကျောင်းသူ တစ်ဦးကပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။
ယနေ့ (ဩဂုတ်လ ၂၁ ရက်) တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းမပေါ် တောင်ကြီး တက္ကသိုလ် နှင့် ဧရာဝတီ လက်ဖက်ရည်ဆိုင် အကြားတွင် ခရီးသည်တင်ယာဉ်ကားကြီးနှင့် ဆိုင်ကယ်တစ်စီး တိုက်မိတာ ချိတ်ပါသွားပြီး အသက် ၁၀ နှစ်အရွယ်ရှိ ကျောင်းသူတစ်ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

“ဖြစ်တာကတော့ ကျမ မရောက်ခင်ရှေ့လေးမှာဖြစ်တာ ကျမ အဲ့နားရောက်သွားတော့ ကလေးလေးက လှဲနေတယ်။ သူ့အဖေကပွေ့ထားတာ လူတွေလည်း ဝိုင်းအုံနေတယ်၊ ခုကတော့ တိုက်မိတဲ့ကားနဲ့လူကိုတော့ ယာဉ်ထိန်းရဲရုံးကို ခေါ်သွားပြီ” ဟု ၎င်းကပြောသည်။
လက်ရှိတွင် တောင်ကြီးမြို့၌ စက်သုံးဆီ ဝယ်ယူရရှိရန် တန်းစီနေရမှုများကြောင့် ယာဉ်ကြောများပိတ်ဆို့ ရှုပ်ထွေးနေပြီး ပြည်သူများလည်း အခက်အခဲများစွာတွေ့နေရသည်။
သျှမ်းပြည်တွင်းတွင် ၂၀၂၄ ဇန်နဝါရီလမှ ဇွန်လထိ ယာဉ်တိုက်မှုများကြောင့် လူ ၁၄၀ ဝန်းကျင်သေဆုံးခဲ့ရပါသည်။
အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။












Leave a Comments