‘ဝ’ဒေသ ရာဇဝတ်မှု ကျူးလွန်သူများကို UWSP မှ လူစုလူဝေးရှေ့ စီရင်ချက်ချ

သျှမ်းပြည် ‘ဝ’ဒေသအတွင်း ရာဇဝတ်မှု ကျူးလွန်သူများကို ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) တရားစီရင်ရေးကော်မတီမှ လူစုလူဝေး ရှေ့မှောက်တွင် စီရင်ချက် ချမှတ်ပြီး ပြစ်ဒဏ်ပေးခဲ့ကြောင်း သတင်းသိရသည်။

ဩဂုတ်လ (၄) ရက် နံနက်ပိုင်းတွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသရှိ ပန်ဆန်း(ပန်ခမ်း)မြို့တွင် ပြန်ပေးဆွဲမှု၊ ခိုးမှု၊ လုယက်မှုနှင့် သေနတ်ရောင်းဝယ်ဖောက်ကားမှု စသည့် ရာဇဝတ်မှု အမျိုးအစား (၁၁) မျိုးဖြင့် တရားစွဲဆိုခံရသူ (၅၀) ကျော်ကို လူစုလူဝေး ရှေ့မှောက်တွင် စီရင်ချက် ချမှတ်၍ ပြစ်ဒဏ်ပေးခဲ့ကြောင်း ‘ဝ’တပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

၎င်းစီရင်ချက်ချသည့် နေရာသို့ UWSP တရားစီရင်ရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့နေလူထု၊ စာသင်ကျောင်းများမှ ဆရာ/မများနှင့် ကျောင်းသားကျောင်းသူများအပြင် ဖိတ်ကြားထားသူများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝ ဒေသ ရာဇာဝတ်မှုကျူးလွန်သူများ လူရှေ့မှောက် တရားစီရင်

ပြီးခဲ့သည့် ဧပြီလနှင့် မေလအတွင်း ပြစ်မှုကျူးလွန်ခဲ့ပြီး တရားရေးဌာနမှ ဖမ်းဆီးရမိခဲ့သူ (၅၀) ကျော်ကို ရာဇဝတ်မှု အမျိုးအစား (၁၁) ခွဲခြား၍ တရားစွဲဆိုခဲ့ပြီး ပြစ်မှုအလိုက် ထောင်ဒဏ် တစ်နှစ် နှစ်နှစ်မှ (၁၇) နှစ်ထိ အပြင် တရားမဝင် လက်နက်ရောင်းဝယ်မှုအတွက် တစ်သက်တစ်ကျွန်း ထောင်ဒဏ်အထိ စီရင်ချက် ချမှတ်ပြီး ပြစ်ဒဏ်ပေးခဲ့ကြောင်း WSTV ရုပ်သံသတင်းတွင် ဖော်ပြသည်။

အလားတူ ယမန်နေ့ (စက်တင်ဘာလ ၅ ရက်)တွင် မိုင်းပေါက်မြို့တွင်လည်း တရားစွဲဆိုခံရသူများကို အများပြည်သူရှေ့မှောက်တွင် ပြစ်မှုအလိုက် တရားစီရင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယခုကဲ့သို့ တရားစွဲဆိုခံရသူများအား လူစုလူဝေး ရှေ့မှောက်တွင် စီရင်ချက်ချ ပြစ်ဒဏ်ပေးခြင်းကို ပန်ဆန်းမြို့အပြင် ‘ဝ’ဒေသအတွင်းရှိ မိုင်းပေါက်မြို့နယ်၊ မိုင်းမောမြို့နယ်နှင့် ဟိုပန်မြို့နယ်တို့တွင် မကြာမီ ရက်ပိုင်းအတွင်း ထပ်မံပြုလုပ်မည်ဟု ထုတ်ပြန်ထားကြောင်း သိရသည်။

လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က ပြစ်မှုကျူးလွန်သူ (၁၀) ဦးကို အများပြည်သူရှေ့မှောက် သေဒဏ်ချမှတ်ခဲ့စဉ်က ဥရောပသမဂ္ဂ EU မှ အပြင်းထန်ဆုံး ရှုတ်ချပြီး ဘယ်လိုအခြေအနေဖြစ်ဖြစ် သေဒဏ်ချမှတ်မှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံးက ဧပြီလ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ်ဒေသ ခရစ်ယာန်ဝတ်ပြုကျောင်းများ ပိတ်ထားခိုင်း၊ အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှုရှိနေဟုဆို

0
သျှမ်းပြည် 'ဝ'တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ ပိတ်သိမ်းခံရပြီး အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှု ရှိနေကြောင်း စုံစမ်းသိရသည်။ လတ်တလောတွင် နာမည်ကြီးနေသည့် ခရစ်ယာန်ဘာသာရေးအမည်ခံ "ယေရှုတရုတ်မ”ဆိုသည့် ဂိုဏ်းအဖွဲ့ကြောင့် 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA ထိန်းချုပ်ဒေသ ပန်ဆန်း၊ မိုင်းပေါက်၊ နားဝီးနှင့် ၁၇၁ တောင်ပိုင်းစစ်ဒေသ...

စစ်အစိုးရ ရက်(၁၀၀) စီမံချက်အလွန် ‘ဝ’တပ်ဖွဲ့ UWSA နေပြည်တော်ခရီးစဉ် ထွက်ပေါ်

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...

မြန်မာ-ထိုင်းနယ်စပ်ရှိ အဖြိုက်နက်သိုက်များ တရုတ်နှင့် ရုရှား အပြိုင်လုနေ

0
မြန်မာ-ထိုင်းနယ်စပ်အနီး မိုင်းတုံမြို့နယ်ရှိ လွယ်ချီလိတ်တောင်တန်းတွင် တရုတ်နှင့် ရုရှားနိုင်ငံတို့မှ ကုမ္ပဏီများက အဖြိုက်နက်သတ္တုသိုက်များကို အပြိုင်အဆိုင် တူးဖော်ရန် ကြိုးပမ်းနေကြကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်သည်။ လွယ်ချီလိတ်တောင်၏ တောင်ဘက်ခြမ်းတွင် တရုတ်ကုမ္ပဏီတစ်ခုသည် 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ပူးပေါင်းကာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှစ၍...