Monday, May 20, 2024

ပင်လောင်းတောင်ဘက် စစ်ရှောင်များ ရေရှားပါးမှုနှင့် ကြုံတွေ့နေရ

Must read

သျှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့ တောင်ဘက်ရှိ စစ်ရှောင်များသည် ရေရှားပါးမှု ဆိုးဆိုးရွားရွားကြုံတွေ့နေရကြောင်း စစ်ရှောင်တစ်ဦးထံမှသိရသည်။

ပင်လောင်းမြို့နယ်ရှိ ကျေးရွာအများစုသည်အဝိစိရေတူးခြင်းမရဘဲ မိုးရေကိုသာ ရေတွင်းခံပြီး သိုလှောင်ထားရပြီး ယခုကာလတွင် ရှိရင်းရွာခံ အရပ်သားများအပြင် လာရောက်ခိုလှုံသည့် စစ်ဘေးရှောင်လည်း များစွာ ရှိခြင်းကြောင့် မူလသိုလှောင် ရေများ လုံလောက်မှုမရှိဘဲ အခက်ခဲကြုံ တွေ့ နေရကြောင်းသိရသည်။

“အရင်က ရွာသားတွေက သူတို့ရေကို ပေးခပ်တယ်။ခုနောက်ပိုင်းတော့ မပေးခပ်တော့ဘူး။ ခုဆို အဝတ်လျှော်၊ရေမချိုးဘူး သောက်ဖို့အတွက်ပဲ ထားထားရတယ်။ချွေတာရတယ်”ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးကပြောသည်။

ယခုတွင် ရေတစ်ကားကို ၅သောင်းကျပ်မှ ၈သောင်းကျပ်ဖြင့် စစ်ရှောင်များက ဝယ်ယူနေရသည့်အပြင် ရေဝယ်ခြင်းသည်လည်း လိုအပ်သလောက် ဝယ်လို့မရကြောင်း သိရသည်။

“ရေက မချိုးရတော့ အိမ်သာတွေက သန့်ရှင်းမှုမရှိဘူး ။ကလေး၊လူကြီး တွေဆိုလည်း ယားယံကြတယ်။ဝဲပေါက်ကြတယ်။”ဟု ယင်းစစ်ရှောင်အမျိုးသမီးကဆက်ပြောသည်။

ပင်လောင်းတွင်စစ်ရှောင် စခန်း၂၀ကျော်ရှိပြီး စစ်ရှောင်လှုဦးရေ ၂သောင်းကျော်ရှိကာ ရေ၊စားနပ်ရိက္ခာ၊ဆေးဝါးနှင့် အမျိုးသမီးလစဉ် အသုံးအဆောင်ပစ္စည်းများ လိုအပ်လျက်ရှိကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article