Tuesday, January 27, 2026

လားရှိုးမြို့နယ် မိုင်းကျက်မှ ရှင်သာမဏေတစ်ပါး မြေမြှုပ်မိုင်းဆော့ကစားရင်း ပေါက်ကွဲပြီး သေဆုံး

သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာမှ ကိုရင်လေးတစ်ပါးသည် မပေါက်ကွဲသေးသည့် မြေမြှုပ်မိုင်းဆော့ကစားရင်း ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (မေလ ၂ ရက်) နံနက် ၆ နာရီခွဲခန့်တွင် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာရှိ ဘုန်းကြီးကျောင်းမှ အသက် (၁၄)နှစ်အရွယ်ရှိ ရှင်ကုမာရ သည် အုတ်ခဲသွားသယ်နေစဉ် မပေါက်ကွဲသေးသည့် မြေမြှုပ်မိုင်းကို ကောက်ယူလာပြီး လက်တွန်းလှည်းတွင် ထုခွဲကစားကြည့်ရာမှ ပေါက်ကွဲ၍ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း မိုင်းကျက်ဒေသခံများက ပြောသည်။

“ကိုရင်လေးနဲ့ ရွာသားနှစ်ယောက်က အုတ်ခဲသွားသယ်ကြတာ၊ ကိုရင်က မိုင်းတွေ့ပြီး လက်တွန်းလှည်းမှာ လာထုကြည့်တော့ ပေါက်ကွဲပြီး အဲ့မှာတင် ပွဲချင်းပြီး ဆုံးသွားတယ်။ မိုင်းစက စိုင်းခမ်းကိုလည်း မှန်ပြီးတော့ ဒဏ်ရာပြင်းထန်တော့ လားရှိုးဆေးရုံကို ပို့ထားရတယ်၊ နောက်တစ်ယောက်ကတော့ ဒဏ်ရာမပြင်းဘူး”ဟု မိုင်းကျက်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မပေါက်ကွဲသေးသည့် မြေမြှုပ်မိုင်းကို ယူဆော့ကစားရာမှ ပေါက်ကွဲပြီး သေဆုံးသွားခဲ့ရသည့် ရှင်ကုမာရ ၏ ရုပ်အလောင်းကို ယမန်နေ့ (မေလ ၂ ရက်) တွင် သင်္ဂြိုဟ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မိုင်းစထိမှန်ပြီး ဒဏ်ရာပြင်းထန်ခဲ့သည့် စိုင်းခမ်းသည် လားရှိုးမြို့နယ် လွယ်မွမ်းကျေးရွာမှ မိုင်းကျက်ဘုန်းကြီးကျောင်းသို့ ပန်းရံလုပ်ရန် လာရောက်ခြင်းဖြစ်ပြီး လက်ရှိတွင် လားရှိုးဆေးရုံသို့ ဆေးဝါးကုသရန် ပို့ဆောင်ထားကြောင်း မိုင်းကျက်ဒေသခံများက ပြောသည်။

“စစ်ဆင်ရေးပြီးသွားတော့ မိုင်းကျက်ဒေသတဝိုက်မှာ မြေမြှုပ်မိုင်း အများကြီး ကျန်ခဲ့တယ်။ ဘုန်းကြီးကျောင်း၊ ဇရပ်နဲ့ စာသင်ကျောင်းတွေနားမှာ မပေါက်ကွဲသေးတဲ့ မိုင်းတွေကော၊ လက်နက်ကြီးတွေကော အများကြီး ရှိသေးတယ်။ ရွာသားတွေကတော့ ကြောက်လို့ မသွားရဲဘူး၊ ဘယ်အဖွဲ့မှလည်း လာမဖြုတ်ပေးသေးဘူး”ဟု မိုင်းကျက်ဒေသခံ ၎င်းအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၃ ရက်က မိုင်းကျက်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ရွာသားများကို အစည်းအဝေး ခေါ်ယူတွေ့ဆုံ၍ ပြန်လည်ထူထောင်ရေး ကိစ္စရပ်များအတွက် ပြောဆိုခဲ့သော်လည်း တိုက်ပွဲအတွင်း ထိခိုက်ပျက်စီးမှုများကို တာဝန်ယူမည့်အကြောင်း မပြောဆိုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ မတ်လဆန်းမှ စတင်ပြီး လားရှိုးမြို့နယ်ရှိ ညီနောင်မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ထိန်းချုပ်ထားသည့် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA က ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်ရန် သံလွင်မြစ်မှ မိုင်းကျက်ကျေးရွာအထိ ၄၈ ပေ အကျယ်ရှိသည့် လမ်းကို ဖောက်လုပ်လာကြောင်း ဒေသခံများက ပြောသည်။

လားရှိုးမြို့နယ် အရှေ့မြောက်ဘက် မိုင် ၆၀ အကွာခန့်ရှိ မိုင်းကျက်ကျေးရွာအုပ်စုသည် သံလွင်မြစ် အနောက်ဘက်ခြမ်းရှိ လားရှိုး၊ သိန္နီနှင့် အရှေ့ဘက်ခြမ်းရှိ ကွမ်းလုံမြို့နယ်တို့ဆုံရာ နယ်စပ်ဖြစ်ပြီး ‘ဝ’တပ်ဖွဲ့က သံလွင်မြစ် အနောက်ခြမ်းတွင် ခြေကုပ်ရယူရန် ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လဲချားမြို့နယ် တောင်ယာမှပြန်လာစဉ် မိသားစုလိုက် မိုင်းနင်းမိ၊ ဒဏ်ရာပြင်းထန်

0
သျှမ်းပြည် လဲချားမြို့နယ်တွင် တောင်ယာမှ ပြန်လာစဉ် မိသားစုလိုက် မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ (၂၃) ရက် ညနေ (၄) နာရီကျော်တွင် လဲချားမြို့နယ် ဝမ်စဲ့ကျေးရွာအုပ်စု နောင်ဟွမ်ရွာနေ လင်မယားနှစ်ဦးသည် တောင်ယာမှ ပြန်လာစဉ် ဝမ်ဆန်းကျေးရွာအနီး ဟိုင်ရှန်လမ်းခွဲ တံတားထိပ်၌ မိသားစုလိုက်...

လားရှိုးမြို့နယ် UWSA က အရပ်သားစစ်မှုထမ်းစာရင်းကောက်

0
သျှမ်ပြည် လားရှိုးမြို့နယ်တွင် ‘ဝ’တပ်ဖွဲ့ UWSA ဝင်ရောက်လာပြီးနောက် အရပ်သားများကို စစ်မှုထမ်းရန်ပြောဆို ခြိမ်းခြောက်နေကြကြောင်း သတင်းရရှိသည်။ လားရှိုးမြို့နယ် ‘ဝ’တပ်ဖွဲ့ UWSA ဝင်‌ရောက် ထိန်းချုပ်ထားသည့် မိုင်းကျက်ကျေးရွာတွင် အောက်တိုဘာလမှ စ၍ အရပ်သားများကို စစ်မှုထမ်းရန် နာမည်စာရင်းများပေးခိုင်းပြီး၊ စာရင်းမပေးပါက ဒဏ်ပေးမည်ဟု ခြိမ်းခြောက်မှုများ လည်း ရှိနေကြောင်း...

“ဘယ်နေ့ ငါတို့ အလှည့်ရောက်လာမှာလဲ”

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တို့အကြား တိုက်ပွဲ ၃ လကျော်ကြာခဲ့ပေမယ့် တိုက်ပွဲက လက်ရှိအချိန်ထိ ရှိနေဆဲပါ။ ဒါပေမဲ့ ဆီဆိုင်မြို့ပေါ်မှာတော့ တိုက်ပွဲတွေမရှိတော့ပေမယ့် ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်ကတည်းက PNLA နဲ့ တော်လှန်းရေးအင်အားစုတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဆီဆိုင်မြို့ကို စစ်ကောင်စီက...

နမ့်ဆန် စစ်အကြွင်းအကျန် လက်နက်ကြီးဆော့ကစားပြီး ပေါက်ကွဲမှုကြောင့် ကလေးငယ် ၃ ဦး သေဆုံး

0
သျှမ်းပြည် နမ့်ဆန်မြို့နယ်တွင် မပေါက်ကွဲသေးသည့် စစ်အကြွင်းအကျန် လက်နက်ကြီး ဆော့ကစားပြီး ပေါက်ကွဲမှုကြောင့် ကလေးငယ် ၃ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၃ ရက်) နံနက် ၉ နာရီခန့်တွင် နမ့်ဆန်မြို့နယ် ဇယန်းကြီးကျေးရွာတွင် မပေါက်ကွဲသေးသည့် စစ်အကြွင်းအကျန် လက်နက်ကြီးကို...

မူဆယ် အမျိုးသမီးတစ်ဦး မိုင်းကို ပေါက်ပြားဖြင့် ပေါက်မိ

0
သျှမ်းပြည် မူဆယ်မြို့နယ် ဝိန်းနန်းကျေးရွာနေ အမျိုးသမီးတစ်ဦးသည် ခြံသွားပြီးမြက်ရိုင်း ရှင်းလင်းနေစဉ် မပေါက်ကွဲသေးသည့် မိုင်းတစ်လုံးကို ပေါက်ပြားဖြင့်ပေါက်မိလိုက်ကာ မိုင်းကွဲပြီးဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီလ ၁၆ ရက်) နံနက်ပိုင်းတွင် အသက် ၅၀ ကျော် ပါ့ရွှေသိန်းဆိုသူသည် ခြံသွားပြီး မြက်ရိုင်းရှင်းလင်းနေစဉ် မပေါက်ကွဲသေးသည့် မိုင်းတစ်လုံးကို...