“ဘယ်နေ့ ငါတို့ အလှည့်ရောက်လာမှာလဲ”

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တို့အကြား တိုက်ပွဲ ၃ လကျော်ကြာခဲ့ပေမယ့် တိုက်ပွဲက လက်ရှိအချိန်ထိ ရှိနေဆဲပါ။

ဒါပေမဲ့ ဆီဆိုင်မြို့ပေါ်မှာတော့ တိုက်ပွဲတွေမရှိတော့ပေမယ့် ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်ကတည်းက PNLA နဲ့ တော်လှန်းရေးအင်အားစုတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဆီဆိုင်မြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ကြေညာပြီးနောက်ပိုင်း ဌာနဆိုင်ရာဝန်းထမ်းတွေအပါအဝင် ဒေသခံတွေကို နေရပ်ပြန်ခိုင်းခဲ့ပါတယ်။

အဲ့ဒီနောက် ၎င်းတို့အုပ်ချုပ်ရေးယန္တရားပြန်လည်ပတ်နိုင်ဖို့ မီးလောင်ပြာကျသွားတဲ့ ဈေး၊ မီးတွေကို ပြန်လည်ပြုပြင်ပေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပေမယ့် နေရပ်ပြန်သွားတဲ့ပြည်သူတွေ အတွက် ဘယ်အဖွဲ့အစည်းက နယ်မြေရှင်းလင်းရေး လုပ်ပေးတာတွေ၊ မိုင်းအသိပညာပေး လုပ်ပေးတာတွေ လက်ရှိအချိန်ထိ မရှိခဲ့သေပါဘူး။

ဒါကြောင့် ဆီဆိုင်မြို့မှာ မြေမြုပ်မိုင်းနဲ့ စစ်လက်နက် အကြွန်းအကျန် ပစ္စည်းတွေကြောင့် ပြည်သူတွေဘယ်လို နေ့စဥ်နဲ့အမျှ ဒုက္ခအမျိုးမျိုးကြုံတွေ့နေရလဲ၊ စားဝတ်နေရေးအတွက် ဘယ်လိုအခက်အခဲနဲ့ ရင်ဆိုင်နေရလဲဆိုတာကို ကျနော်သတင်းထောက် စိုင်းဟန်လင်းကနေ ဆီဆိုင်မြို့ခံ အသက် ၃၅နှစ်အရွယ် ကိုဌေးကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။လက်ရှိ ဆီဆိုင်မြို့ရဲ့ တိုက်ပွဲအခြေအနေဘယ်လိုရှိပါသလဲ။ ဆီဆိုင်မြို့ပေါ်မှာ တိုက်ပွဲတွေငြိမ်နေပြီ ပြည်သူတွေလည်း နေရပ်ပြန်နေပြီလို့ကြားတယ်။ ဆီဆိုင်မြို့က အခြေအနေကို တချက်ပြောပြပေးပါအုံး။

ဖြေ။ ။ လောလောဆယ်တော့ ဆီဆိုင်မြို့ရဲ့ ပတ်ဝန်းကျင်မှာတော့ တိုက်ပွဲဖြစ်နေသေးပါတယ်။ တိုက်ပွဲက မငြိမ်သေးဘူး။ မြို့ပေါ်မှာတော့ တိုက်ပွဲတွေမရှိတော့ပါဘူး။ တချို့လည်း ပြန်နေကြပါပြီ။ စိုးရိမ်ကြောက်စိတ်နဲ့ပြန်နေကြတယ်။ စစ်ကောင်စီနဲ့ PNO ကလည်း ဖိအားပေးပြန်ခိုင်းတော့ လက်နက်ကြီးကျန်တွေ မိုင်းတွေကိုတော့ စိုးရိမ်မှုရှိတာပေါ့။

မေး။ ။အခုဆီဆိုင်မြို့ကို ဒေသခံတွေအနေနဲ့ ပြန်လာနေဖို့ စစ်ကောင်စီက ခေါ်နေတယ်။ ဈေးတွေ၊ မီးတွေလည်း ပြန်လည်ပြုပြင်ပေးနေတယ်လို့ ကြားထားရတယ်။ ဒေသခံတွေအနေနဲ့ကော အခုချိန်မှာပြန်နေဖို့အဆင်သင့် ဖြစ်ပြီလား။

ဖြေ။ ။မီးတွေဆိုတာက လမ်းမီးလောက်ပဲ သူတို့ပေးလွတ်တာပါ။ တန်းကြိုးတွေအခုမှဆွဲတုန်းပဲ ရှိသေးတယ်။ အိမ်တွေ မီးမတွယ်တန်းရသေးဘူး။ မီးကတော့ တစ်အိမ်မှမရသေးပါဘူး။ လမ်းမီးပဲပေးထားတာပဲရှိတယ်။ နောက်တစ်ခါ ဈေးတွေဆိုတာလည်း မီးလောင်ထားတဲ့ဈေးကို ဘတ်ဖိုးကားနဲ့ထိုးပြီးတော့ အဲ့ဒီမှာအရင်ရောက်နှင့်နေတဲ့သူ၊ ပြန်နှင့်နေတဲ့သူတွေက ဈေးခင်းပြီးရောင်းကြတာ အဲ့လောက်ပဲရှိပါတယ်။ ပြန်နေဖို့ကအဆင်ပြေပြီလားဆိုရင် အိမ်ရှိတဲ့သူတွေအတွက်ကတော့ နေလို့အဆင်ပြေတာပေါ့။ မီးလောင် ပြာကျသွားတဲ့ အိမ်မရှိတဲ့သူတွေအတွက်တော့ အခက်ခဲရှိတယ်လေ။ သူတို့က အဲ့ဒီမီးလောင်သွားတဲ့ ပြည်သူတွေအတွက် ယာယီနေထိုင့်စီစဉ်ပေးထားတာမျိုးတွေလည်း တွေ့ရတယ်။

မေး။ ။အခုဆီဆိုင်မြို့မှာ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း မြေမြုပ်မိုင်းနင်းမိတဲ့သူတွေ ခဏခဏထိခိုက်နေတယ်လို့ ကြားရပါတယ်။ အခုမြို့ပေါ်မှာ မြေမြုပ်မိုင်းတွေ ဘယ်လောက်ထိကျန်ရှိနေတယ်လို့ ခန့်မှန်းရလဲ။

ဖြေ။ ။အဲ့ဒီအပိုင်းက ဘယ်လိုပြောရမလဲ ဘယ်လောက်ထိကျန်သေးသလဲဆိုတာက… ဒီရှိနေတဲ့ မြေမြုပ်မိုင်းတွေကို တစ်စုံတစ်ယောက်က မတက်နင်းမိသေးသမျှတော့ မသိနိုင်ဘူး။ ပြီးတော့ စစ်လက်နက် အကြွန်းအကျန် မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေကလည်း ရပ်ကွက်အသီးသီမှာ ရှိနေသေးတယ်။ အခုဆီဆိုင်မှာပြန်နေလို့ရပါပြီ ဆိုကတည်းက မိုင်းနင်းမိပြီး ခြေထောက်ပြတ်တာ ၃ ယောက်လောက်ရှိတယ်။ သေသွားတဲ့သူလည်း ၁ ယောက်ရှိတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်။ ဒါက မကြာခဏဖြစ်နေတယ်။

မေး။ ။မိုင်းနင်းမိသူ တစ်ပတ်မှာ ၁ ယောက်ရှိလား။

ဖြေ။ ။အဲ့ဒီလိုတစ်ပတ် ၁ ယောက်နှုန်းကိုတော့ ပြောလို့တော့မရဘူး။ ပြန်နေတဲ့ရက်ကနေစပြီးတော့ မိုင်းနင်းမိတဲ့သူတွေက ၆ ယောက်၊ ၇ ယောက်လောက်တော့ ရှိတယ်။ မိုင်းနင်းမိတာကော၊ မပေါက်ကွဲ သေးတဲ့ လက်နက်ကြီးကျည်တွေကော ရှိတယ်။

မေး။ ။ မြေမြုပ်မိုင်း ကိစ္စ လက်နက်ကြီးကြွင်းကျန် ကိစ္စတွေကို ဘယ်အဖွဲ့အစည်းက လာရှင်းပေးလဲ။ ဒီတိုင်းပဲ မရှင်းဘဲ နေနေရတာလား။

ဖြေ။ ။ပြန်နေတဲ့ပြည်သူတွေ အခုလိုမကြာခဏ မိုင်းနင်းမိတာတွေ၊ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေ ကိုယ်တွယ်ထိမိလို့ ပေါက်ကွဲပြီးတော့ ဒဏ်ရာရတာတွေရှိနေတယ်ဆိုကတည်းက ဘယ်သူမှမရှင်းပေးလို့ ဒီလိုဖြစ်နေရတယ်လို့ ပြောလို့ရတာပေါ့။ စစ်ရှောင်တွေကလည်း နယ်ဝေးမှာရှောင်တာ့ စားနပ်ရိက္ခာ၊ နေရာထိုင်ခင်းက အရမ်းခက်ခဲလာလို့ ပြန်ကြတာများပါတယ်။ အချို့ကလည်း ကူညီထောက်ပံ့သူမရှိတော့ တော်တော်ခက်ခဲကြတယ်။

မေး။ ။ဒီလိုမြေမြုပ်မိုင်းအန္တရာယ်ကြားထဲမှာ နေထိုင်ရတော့ လုံခြုံရေးအတွက် ဘာတွေ စိန်ခေါ်မှုရှိလဲ။

ဖြေ။ ။တခြားလူတွေတော့ မပြောတတ်ဘူး။ အခုလို မြေမြုပ်မိုင်းတွေ တက်နင်းမိလို့၊ မပေါက်ကွဲဗုံးတွေ ကိုင်မိရင်းပေါက်ကွဲလို့ ထိခိုက်ဒဏ်ရာရလာပြီ၊ ရှိလာပြီဆိုကတည်းက ပြန်နေတဲ့သူတွေအားလုံးက သိရှိထားတဲ့အတွက်ကြောင့် စိတ်ထဲမှာ “ဘယ်နေ့ငါတို့အလှည့်ရောက်လာမလဲ” ဆိုတာ တွေးမိနေကြတာ အမှန်ပဲ။ အခုမြို့ကိုပြန်သွားတဲ့သူတွေက ဘယ်လိုပြောရမလဲ အပြင်မှာစစ်ရှောင်နေရတာလည်း စားဝတ်နေရေး အစစအရာရာ အခက်ခဲတွေနဲ့ ကြုံနေရတဲ့အခါကျတော့ ကိုယ့်မြို့ကိုဘဲ ပြန်ပြီးတော့ ဒီဘေးဒုက္ခတွေကို ရင်ဆိုင်မယ်ဆိုတဲ့စိတ်နဲ့ ပြန်ကြတဲ့သူတွေကများတယ်လေ။

မေး။ ။လက်ရှိ ပြန်သွားတဲ့သူတွေကကော ဆေးဝါး၊ စားဝတ်နေရေးနဲ့ နေထိုင်ဖို့နေရာက ဘယ်လိုအခက်ခဲရှိလဲ

ဖြေ။ ။အဲ့ဒါကတော့ ဘယ်မှာနေနေ စစ်ရှောင်ရတဲ့သူတွေအတွက်တော့ စားဝတ်နေရေးအဓိကပဲ။ အဝေးမှာနေလည်း စားဝတ်နေရေးအတွက်က သူတို့မှာခက်ခဲနေမှာပဲ။ အလုပ်မရှိတော့ ဝင်ငွေမရှိဘူး။ ဝင်ငွေမရှိတော့ မိသားစုစားဝတ်နေရေးအဆင်မပြေဘူး။ အဓိကတော့ စားဖို့သောက်ဖို့ပဲ။ အခုလည်း ကိုယ့်မြို့ကိုယ် ပြန်နေရလို့သာ စိတ်ကတစ်မျိုးဖြေသာပေမဲ့ ပြန်နေတဲ့သူတွေက အလုပ်အကိုင်အခွင့်အလမ်း ဘာမှမရှိဘူးလေ။ အလုပ်မရှိဘဲနဲ့ စားဝတ်နေရေးနေ့စဉ်ဆိုင်ရင်နေရတာ။ ဒီမနက်ကဘဲ ပြန်နေတဲ့သူတွေ စားရေးသောက်ရေး ရင်ဆိုင်နေရတဲ့အကြောင်း၊ အခက်ခဲရှိနေတဲ့အကြောင်း လိုင်းပေါ်မှာ၊ လူမှုကွန်ရက်ပေါ်မှာ တွေ့ရတယ်။ ပြောချင်တာက ကိုယ်မြို့ကိုယ်သာ ပြန်နေရတယ်ဆိုပေမဲ့ စားဝတ်နေရေးအခက်ခဲကတော့ ရင်ဆိုင်နေရဆဲပဲ။

မေး။ ။နောက်ဆုံးကျနော်မမေးမိဘဲ ကျန်တာဖြည့်စွတ်ပြီး ပြောပြချင်တာရှိရင် ပြောပြပေးပါဦးခင်ဗျာ။

ဖြေ။ ။တခြားသော ပြောစရာတော့မရှိတော့ပါဘူး။ ပြန်နေကြတဲ့သူတွေအနေနဲ့ ရှေ့မှာနမူနာအနေနဲ့ ဒီမပေါက်ကွဲ သေးတဲ့မြေမြုပ်မိုင်းတွေ၊ စစ်လက်နက် အကြွန်းအကျန်ပစ္စည်း အန္တရာယ်တွေကို ဂရုစိုက်ပြီးနေကြဖို့ မှာကြားချင်ပါတယ်။

မေး။ ။ အခုလိုအချိန်ပေးပြီးဖြေကြားပေးတဲ့အတွက် ကျေးဇူးပါခင်ဗျာ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...