Sunday, May 5, 2024

မိုင်း

လားရှိုးမြို့နယ် မိုင်းကျက်မှ ရှင်သာမဏေတစ်ပါး မြေမြှုပ်မိုင်းဆော့ကစားရင်း ပေါက်ကွဲပြီး သေဆုံး

သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာမှ ကိုရင်လေးတစ်ပါးသည် မပေါက်ကွဲသေးသည့် မြေမြှုပ်မိုင်းဆော့ကစားရင်း ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂ ရက်) နံနက် ၆ နာရီခွဲခန့်တွင် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာရှိ ဘုန်းကြီးကျောင်းမှ အသက် (၁၄)နှစ်အရွယ်ရှိ ရှင်ကုမာရ သည် အုတ်ခဲသွားသယ်နေစဉ် မပေါက်ကွဲသေးသည့်...

နမ့်ဆန် စစ်အကြွင်းအကျန် လက်နက်ကြီးဆော့ကစားပြီး ပေါက်ကွဲမှုကြောင့် ကလေးငယ် ၃ ဦး သေဆုံး

သျှမ်းပြည် နမ့်ဆန်မြို့နယ်တွင် မပေါက်ကွဲသေးသည့် စစ်အကြွင်းအကျန် လက်နက်ကြီး ဆော့ကစားပြီး ပေါက်ကွဲမှုကြောင့် ကလေးငယ် ၃ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၃ ရက်) နံနက် ၉ နာရီခန့်တွင် နမ့်ဆန်မြို့နယ် ဇယန်းကြီးကျေးရွာတွင် မပေါက်ကွဲသေးသည့် စစ်အကြွင်းအကျန် လက်နက်ကြီးကို...

မူဆယ် အမျိုးသမီးတစ်ဦး မိုင်းကို ပေါက်ပြားဖြင့် ပေါက်မိ

သျှမ်းပြည် မူဆယ်မြို့နယ် ဝိန်းနန်းကျေးရွာနေ အမျိုးသမီးတစ်ဦးသည် ခြံသွားပြီးမြက်ရိုင်း ရှင်းလင်းနေစဉ် မပေါက်ကွဲသေးသည့် မိုင်းတစ်လုံးကို ပေါက်ပြားဖြင့်ပေါက်မိလိုက်ကာ မိုင်းကွဲပြီးဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီလ ၁၆ ရက်) နံနက်ပိုင်းတွင် အသက် ၅၀ ကျော် ပါ့ရွှေသိန်းဆိုသူသည် ခြံသွားပြီး မြက်ရိုင်းရှင်းလင်းနေစဉ် မပေါက်ကွဲသေးသည့် မိုင်းတစ်လုံးကို...

UWSA ၀ ဌာနချုပ်နယ်မြောက်ဘက် မိုင်းမောမြို့တွင် ပေါက်ကွဲမှုဖြစ်ပွါး သေကြေဒဏ်ရာရသူများ

သျှမ်းပြည်မြောက်ပိုင်း သံလွင်အရှေ့ခြမ်း ဟိုပန်ခရိုင် မိုင်းမောမြို့ UWSA ၀ တပ်ဖွဲ့ထိန်းချုပ်နယ်မြေတွင် ပေါက် ကွဲမှုတခုဖြစ်ပွါးရာ သေကြေဒဏ်ရာရသူများရှိခဲ့ကြောင်းသိရသည်။ မတ်လ ၂၃ ရက်နေ့ ညနေ ၄ နာရီခွဲကျော်ခန့်က မိုင်းမောမြို့ရှိ စက်ရုံတရုံပေါက်ကွဲခြင်းဖြစ်ပြီး အနီး တဝိုက်ရှိ လူနေအိမ်များ ထိခိုက်ပျက်စီးမှုများပြားကြောင်း မိုင်းမောဒေသခံများပြောပြချက်အရသိရသည်။ “မီးခိုးတွေအူတက်လာတယ်။ ပြီးတော့ မီးလုံးကြီးတွေနဲ့...

နမ့်ခမ်းလယ်သမားတဦး မိုင်းနင်းမိဒဏ်ရာအပြင်းအထန်ရရှိ

သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင် နမ့်ခမ်းမြို့နယ် မန့်ပန်ကျေးရွာဒေသခံတဦး လယ်ထဲတွင် မြေမြုပ်မိုင်းနင်းမိသဖြင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်းသိရသည်။ အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က နမ့်ခမ်းမြို့နယ် မန့်ပန်ကျေးရွာနေ တားအိုက်ယိုင် ခေါ် ကွန်းအိုက်အောင် ဆိုသူသည် ၄င်း၏လယ်အတွင်း လုပ်ငန်းခွင်ဝင်နေစဉ် ပေါက်ပြားဖြင့်ပေါက်မိသဖြင့် မိုင်းကွဲကာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ နမ့်ခမ်းမြို့ခံ စိုင်းအိုက်နော်...

တိုက်ပွဲကြောင့် မူစယ် နမ့်ခမ်း ဒေသခံများ ခရီးသွားလာမှု စိုးရိမ် နေရ

သျှမ်းပြည်နယ် မြောက်ပိုင်း မူစယ်မြို့ နှင့် ရွှေလီမြစ်တဘက်ကမ်း စယ်လန့်ကြား ပြည်ထောင်စုလမ်းပေါ် တွင် ယမန်နေ့ နေ့လည်ပိုင်းက ပစ်ခတ်မှုများကြောင့် ဒေသခံများ ခရီးသွားလာမှု အတွက် လုံခြုံရေးအရစိုးရိမ် နေရ ကြောင်း သိရသည်။ ဇွန်လ ၁၉ ရက်နေ့ နေ့လည်ပိုင်းက လယ်ယာလုပ်ငန်းခွင်မှ   တောင်သူများနေအိမ်ပြန်ချိန်  မူစယ်မြို့နယ်...

Latest news