မူဆယ် အမျိုးသမီးတစ်ဦး မိုင်းကို ပေါက်ပြားဖြင့် ပေါက်မိ

သျှမ်းပြည် မူဆယ်မြို့နယ် ဝိန်းနန်းကျေးရွာနေ အမျိုးသမီးတစ်ဦးသည် ခြံသွားပြီးမြက်ရိုင်း ရှင်းလင်းနေစဉ် မပေါက်ကွဲသေးသည့် မိုင်းတစ်လုံးကို ပေါက်ပြားဖြင့်ပေါက်မိလိုက်ကာ မိုင်းကွဲပြီးဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီလ ၁၆ ရက်) နံနက်ပိုင်းတွင် အသက် ၅၀ ကျော် ပါ့ရွှေသိန်းဆိုသူသည် ခြံသွားပြီး မြက်ရိုင်းရှင်းလင်းနေစဉ် မပေါက်ကွဲသေးသည့် မိုင်းတစ်လုံးကို ပေါက်ပြား ဖြင့်ပေါက်မိလိုက်သဖြင့် အဆိုပါမိုင်းအားပေါက်ကွဲသွားကာ ၎င်း၏မျက်နှာ၊ ခန္ဓာကိုယ်နှင့် လက်များ၌ ယမ်းစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း SSPP Infoမှ ထုတ်ပြန်ထားသည်။

“ဟုတ်တယ်။ ပါရွှေသိန်းက သူစိုက်ထားတဲ့ သစ်သီးခြံထဲကို မြက်သွားရှင်းရင်း မြေမှာမြုပ်ထားတဲ့ မိုင်းကို ပေါက်မိတာ။ မိုင်းလည်းပေါက်ကွဲသွားပြီး သူ့ကိုထိသွားတယ်။ ဒဏ်ရာရထားတာကတော့ ပြင်းတယ်။ ပြီးခဲ့တဲ့ တလောတုန်းက စစ်ကောင်စီနဲ့ TNLAတို့ တိုက်ပွဲဖြစ်ပြီးနောက် ဒီခြံထဲမှာစစ်ကောင်စီတပ်သားတွေ လာနေထားတာ”ဟု ဒေသခံတစ်ဦး၏ ပြောချက်အရ ရေးသားဖော်ပြထားသည်။

ခြံသွားရှင်းရင်း မိုင်းတစ်လုံးကိုပေါက်မိတာ။ ဒဏ်ရာတော့ တော်တော်ဆိုးတယ်။ ပြီးခဲ့တဲ့ တလောတုန်းက ” ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

အလားတူ (ဇန်နဝါရီလ ၁၁ ရက်)တွင် မူဆယ်မြို့နယ် ခူးဝိန်းနယ်မြေ၊ စွမ်စော်ရပ်ကွက်တွင် အမျိုးသား ၁ ဦး ထင်းသွားရှာနေစဉ် မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်ပြတ်သွားသည်။

ပြီးခဲ့သည့် (ဇန်နဝါရီလ ၁၄ ရက်)တွင်လည်း မူဆယ်မြို့နယ် မန့်မိုင်ကျေးရွာအုပ်စုနှင့် စွမ်စော်ရပ်ကွက်တွင် အမျိုးသား ၂ ဦး မိုင်းနင်းမိပြီး ထိုထဲမှ စွမ်စော်ရပ်ကွက်က အမျိုးသားသည် ခြေထောက်ပြတ်သွားကြောင်း သိရသည်။

လက်ရှိ သျှမ်းမြောက်ဒေသတွင် “၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲကာလအတွင်း မြေမြုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူ ၂၀ နီးပါး ရှိနေပြီဖြစ်ကြောင်း သိရသည်။

ထိုထဲမှ မိုင်းနင်းမိသူ ဒေသခံအများစုသည် အမျိုးသားများဖြစ်ပြီး တချို့သည်ခြေထောက်ဖြတ်ထားရကာ ခြေအတုတပ်ရန် ငွေရေးကြေးရေးခက်ခဲနေကြောင်း (ဒီဇင်ဘာလ ၂၃ ရက်)ကမိုင်းနင်းမိသူ အမျိုးသားတစ်ဦး၏ ဇနီးက ပြောသည်။

“ကျမယောင်္ကျားလည်း မိုင်းနင်းမိလို့ ခြေထောက်ဖြတ်လိုက်ရတာ။ သူကတော့အခုခြေအတုတပ်ဖို့ ပြောထားတယ်။သူကတော့ မန္တလေးမှာရတယ်၊ ဆက်သွယ်ပေးပါဦးလို့ ပြောတယ်။ ကျမလည်း ရတယ်လို့ ဆက်သွယ်ပေးမယ်။ တစ်ယောက်တည်းလုပ်ထာထက်ဆိုင်ရင် အဖွဲ့အဖွဲ့အစည်းနဲ့ လုပ်ရင်တော့ ဈေးသက်သာတာပေါ့လို့။ အခုမှာသူက အလုပ်လုပ်ဖို့ခက်ခဲသွားပြီ။ ခြေတုတပ်ဖို့လည်း ကျမမှာမသက်နိုင်သေးဘူး” ဟု ၎င်းအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်း နေပြည်တော်မှလွဲ၍ တိုင်းနှင့်ပြည်နယ် အသီးသီးမှာ မြေမြုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်အကြွင်းအကျန် ပစ္စည်းများကြောင့် ပြည်သူလူထု ထိခိုက်သေဆုံးမှု သိသိသာသာတိုးလာသကဲ့သို့ မြို့နယ်ပေါင်းထက်ဝက်ကျော်မှာ မိုင်းအန္တရာယ် ကြုံတွေ့နေရကြောင်း မြေမြုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့မှ ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...