လဲချားမြို့နယ် တောင်ယာမှပြန်လာစဉ် မိသားစုလိုက် မိုင်းနင်းမိ၊ ဒဏ်ရာပြင်းထန်

သျှမ်းပြည် လဲချားမြို့နယ်တွင် တောင်ယာမှ ပြန်လာစဉ် မိသားစုလိုက် မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ဒီဇင်ဘာလ (၂၃) ရက် ညနေ (၄) နာရီကျော်တွင် လဲချားမြို့နယ် ဝမ်စဲ့ကျေးရွာအုပ်စု နောင်ဟွမ်ရွာနေ လင်မယားနှစ်ဦးသည် တောင်ယာမှ ပြန်လာစဉ် ဝမ်ဆန်းကျေးရွာအနီး ဟိုင်ရှန်လမ်းခွဲ တံတားထိပ်၌ မိသားစုလိုက် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ခြံကအပြန် တံတားထိပ်မှာ ထိမိတာ။ သူတို့က ၀မ်ဆန်းကျေးရွာ ဟိုင်ရှန်လမ်းခွဲနားမှာ ကားနှစ်စီး ရှောင်ပေးရင် လမ်းချပေးလိုက်တော့ နင်းမိတယ်လို့ ပြောတယ်။ လင်မယား ၂ ယောက်လုံး ဒဏ်ရာရတယ်၊ သမီးလည်း ထိတယ်။ အမျိုးသားက ညာဘက်လက် ပေါက်သွားတယ်၊ မိန်းမက ဗိုက်မှာထိထားတာ အစ မထုတ်ရသေးဘူး”ဟု ဖြစ်စဉ်သိရှိသူ အသက်(၄၀)ကျော်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းနင်းမိပြီး ဒဏ်ရာရရှိသူမှာ အသက် (၃၃) နှစ်အရွယ် အိုက်အောင်၊ ဇနီးဖြစ်သူ အသက် (၃၀) ကျော်အရွယ် အေးယွေးနှင့် သမီးဖြစ်သူ အသက် (၂) နှစ်အရွယ် ကလေးတို့ ဖြစ်ပြီး လက်ရှိတွင် လဲချားမြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

အခြားတစ်ဘက်တွင် လဲချားမြို့နယ်အတွင်း မိုင်းနင်းမိသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး SSPP/SSA သတင်းပြန်ကြားရေး ဖေ့စ်ဘုတ်စာမျက်နှာ SSPP Info တွင် အများပြည်သူသွား လမ်းမပေါ် RCSS ဘက်မှ ရှော့ခ်တိုက်မိုင်း ထောင်ထားခြင်းကြောင့်ဟု ဒီဇင်ဘာလ (၂၄) ရက်စွဲဖြင့် သတင်းဖော်ပြထားသည်။

၎င်းဖြစ်စဉ်အသေးစိတ်ကို စုံစမ်းသိရှိနိုင်ရန် သျှမ်းသံတော်ဆင့်မှ နှစ်ဘက်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူများထံ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။

အလားတူ ဒီဇင်ဘာလ (၁၅) ရက်ကလည်း မိုင်းကိုင်မြို့နယ် တုံလောနှင့် ပန်ကေတုအကြား သွားလာနေသည့် SSPP စစ်ယာဉ်တန်းကို RCSS တပ်သားများမှ အရပ်သားဝတ်စုံဖြင့် ရှော့ခ်တိုက်မိုင်း (၁၂)လုံးဖြင့် ဖောက်ခွဲခဲ့သည့်အပြင် နောက်တွင် လိုက်ပါလာသည့် အရပ်သားကားကိုလည်း ရှော့ခ်တိုက်မိုင်း (၇) လုံးဖြင့် ထပ်မံဖောက်ခွဲခဲ့ခြင်းကြောင့် ပြည်သူ (၃) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း SSPP Info မှ ဒီဇင်ဘာလ (၁၇) ရက်တွင် သျှမ်း/မြန်မာ နှစ်ဘာသာဖြင့် သတင်းထုတ်ပြန်သည်။

သျှမ်းတပ်နှစ်တပ်ဖြစ်သည့် SSPP/SSA နှင့် RCSS/SSA တို့သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်က နှစ်ဘက်တပ်ဖွဲ့ အချင်းချင်းကြား အချက်(၉)ချက် ပါဝင်သည့် သဘောတူညီချက်ဖြင့် အပစ်အခတ် ရပ်စဲခဲ့သော်လည်း လေးလအကြာ ၂၀၂၄ မတ်လမှ စတင်၍ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပြီး အပစ်ရပ်မလိုက်နာဟု နှစ်ဘက်တပ်ဖွဲ့ အပြန်အလှန် ဖြေရှင်းချက် ထုတ်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...
Mong_Nawng_Intersection

သျှမ်းပြည်အလယ်ပိုင်းတွင် ကျားဖြန့်လုပ်ငန်းများ ဆက်လက်လှုပ်ရှားနေ

0
စစ်ကော်မရှင် ထိန်းချုပ်ထားသည့် သျှမ်းပြည်အလယ်ပိုင်းဒေသတွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ ဆက်လက်လည်ပတ် လုပ်ကိုင်နေဆဲဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

နမ့်ခမ်းမြို့ ကြံစိုက်နေစဉ် စစ်လက်ကျန်ဗုံး ဓားခုတ်မိပြီး တောင်သူတစ်ဦး ဒဏ်ရာပြင်းထန်

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် တောင်ယာထဲ ကြံစိုက်နေစဉ် စစ်လက်ကျန်ဗုံးကို ဓားခုတ်မိပြီး တောင်သူတစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၅ ရက်) ညနေ ၃ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ် နောင်တိန်းကျေးရွာ၌ တောင်ယာထဲ ကြံစိုက်နေစဉ်...

TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် လက်ရှိအချိန်ထိ မိုင်းရှင်းလင်းမှု မရှိသေး

0
သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် တာဝန်ရှိသူမှ ယခင်အချိန်ထိ မိုင်းရှင်းလင်းမှု မရှိသေးကြောင်း စုံစမ်းသိရသည်။ TNLA သည် သီပေါမြို့ကို ၂၀၂၄ခုနစ် အောက်တိုဘာနှောင်းပိုင်းတွင် ထိန်းချုပ်နိုင်ခဲ့သော်လည်း လက်ရှိအချိန်ထိ မိုင်းရှင်းလင်းရေး လုပ်ဆောင်မှုမရှိသေးကာ ဇန်နဝါရီလ ၇ ရက် တွင် သီပေါမြို့နယ်...