သျှမ်းပြည်အလယ်ပိုင်းတွင် ကျားဖြန့်လုပ်ငန်းများ ဆက်လက်လှုပ်ရှားနေ

စစ်ကော်မရှင် ထိန်းချုပ်ထားသည့် သျှမ်းပြည်အလယ်ပိုင်းဒေသတွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ ဆက်လက်လည်ပတ် လုပ်ကိုင်နေဆဲဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ယခုနှစ် ၂၀၂၅ ဧပြီလမှ စတင်၍ သျှမ်းပြည်တောင်ပိုင်းရှိ မိုင်းရှူး၊ မိုင်းနောင်၊ လဲချား၊ ခိုလမ်နှင့် ကွန်ဟိန်း မြို့နယ်များ အကြားရှိ တောအတွင်း၌ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများက စစ်ကော်မရှင်တပ်နှင့် ၄င်းလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တို့၏ အကာအကွယ်ဖြင့် အွန်လိုင်းငွေလိမ် (ကျားဖြန့်)လုပ်ငန်း ဆက်လက်ကြီးထွားလာပြီး နေ့စဉ်လုပ်ကိုင် လည်ပတ်နေကြောင်း ဒေသခံများက ပြောသည်။

“မိုင်းလင်း ‘မိူင်းလိုမ်း’ ကျေးရွာနဲ့ နောင်တောင်းရွာနားမှာ ရှိတာ။ မိုင်းနောင်၊ ကွန်ဟိန်း၊ ခိုလမ်မြို့တို့ အကြား ဒေသမှာ ရှိတာ။ လူဦးရေကတော့ သေချာမသိရဘူး။ သူတို့ရှိတဲ့ဘက်ကို ဘယ်သူမှ သွားလို့မရဘူး” – ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းကျားဖြန့်လုပ်ငန်း လုပ်ကိုင်သည့် နေရာသည် စစ်ကော်မရှင်တပ် ထိန်းချုပ်နယ်မြေ ဖြစ်ကြောင်း၊ စားနပ်ရိက္ခာ ဝယ်ယူပို့ဆောင်သူများနှင့် မြို့ထဲ ဝင်ထွက်သူများရှိကြောင်းကိုလည်း စစ်ကော်မရှင်ဘက်က သိရှိကြောင်း၊ ထို့အပြင် ၎င်းနေရာသည် စစ်ကော်မရှင်တပ်၏ စကခ (၂) မိုင်းနောင်နှင့် ၁၀ မိုင်ခန့်သာ ကွာဝေးကြောင်း အမည်မဖော်လိုသည့် နိုင်ငံရေးပါတီဝင်တစ်ဦးက ပြောကြားသည်။

စစ်ကော်မရှင်တပ်၏ စကခ (၂) မိုင်းနောင်နှင့် ၁၀ မိုင်ခန့်သာ ကွာဝေးသည့် ကျားဖြန့်နေရာ

“မိုင်းလင်းရွာသွားလမ်းက သူတို့ကားတွေ သွားသွားလာလာရှိတယ်။ သူတို့ကားတွေက အကောင်းစားတွေ မို့ သတိထားမိကြတာ။ သူတို့လိုတဲ့ စားသောက်ကုန်တွေကိုလည်း ဆက်တိုက် ပို့ဆောင်ပေးနေတာမျိုး ရှိတယ်” – ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ထပ်လောင်းပြောကြားသည်။

သျှမ်းပြည်တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိ တောတောင်အတွင်းတွင် လက်ရှိအချိန်ထိ အွန်လိုင်းကျားဖြန့် လုပ်ငန်း လုပ်ကိုင်သူများသည် လက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူ့စစ်လက်နက်ကိုင်များ၏ လုံခြုံရေးဖြင့် လုပ်ငန်းဆက်လက် လည်ပတ်နေမှုများလည်း ရှိကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိအချိန်တွင် ကျားဖြန့် ငွေလိမ်လုပ်ငန်းများသည် နိုင်ငံတကာ၏ နှိမ်နင်းမှုများ ရှိနေသော်လည်း မြန်မာနိုင်ငံ၏ ဝေးလံခေါင်ဖျားသော နယ်မြေများ အထူးသဖြင့် သျှမ်းပြည်ရှိ တောတွင်းဒေသများနှင့် နယ်စပ်ဒေသအချို့တွင် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်သူ့စစ်များ၏ အကာအကွယ်ဖြင့် ဆက်လက်လည်ပတ်နေဆဲ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

ကျေးသီး စစ်ကော်မရှင်တပ် တရုတ်ကုန်ပစ္စည်း စစ်ဆေးတင်းကြပ်၊ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည့် ကားများကို စစ်ကော်မရှင်တပ် စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးတင်းကြပ်မှုကြောင့် ကုန်စျေးနှုန်း အဆမတန် မြင့်တက်လာကြောင်း သတင်းရရှိသည်။ ယခု ဖေဖော်ဝါရီ လဆန်းပိုင်းမှစပြီး ကျေးသီးမြို့နယ်ရှိ စစ်ကော်မရှင်တပ် စစ်ဆေးရေးဂိတ်တွင် မြန်မာ-တရုတ် နယ်စပ်ရှိ ညီနောင်မဟာမိတ်ထိန်းချုပ် နယ်စပ်ဂိတ်များမှ ဖြတ်သန်းတင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း...

မိုးကုတ် စစ်ကော်မရှင်တပ် အင်အားဖြည့် စစ်ကြောင်းထိုး၊ PDF တပ်များနှင့် ထိတွေ့တိုက်ပွဲပြင်းထန်

0
သျှမ်းပြည်-မန္တလေးတိုင်းနယ်စပ်ရှိ မိုးကုတ်မြို့တွင် စစ်ကော်မရှင်တပ်ဘက်မှ အင်အားဖြည့် စစ်ကြောင်းထိုးခြင်းကြောင့် တော်လှန်ရေးအင်အားစု PDF တပ်များနှင့် ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၈ ရက်) နံနက်ပိုင်းမှ စတင်၍ မိုးကုတ်မြို့နယ်ရှိ ချောင်းကြီးနှင့် ရှမ်းကုန်းစံ ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးအင်အားစု PDF တပ်များ...

ဖယ်ခုံ စစ်ကော်မရှင်တပ် လက်နက်ကြီး ရမ်းသမ်းပစ် အမျိုးသားတစ်ဦးသေဆုံး ၊တစ်ဉီးဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အနောက်ဘက်ရှိကျေးရွာကို စစ်ကော်မရှင်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး၊ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းရသည်။ ယနေ့ (ဖေဖော်ဝါရီ ၆ ရက်)မနက် ၁၀ နာရီဝန်ကျင် ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းရှိ လတိန်ကျေးရွာကို စစ်ကော်မရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်မှုနေခြင်းကြောင့် ဒေသခံ အမျိုးသားတစ်ဦး...

လားရှိုးမြို့ထဲ စစ်ကော်မရှင်နှင့် MNDAA ထပ်မံဆွေးနွေး၊ ပြည်ထောင်စုလမ်းမကြီးပေါ် MNDAA တပ်ပြန်ထိုင်

0
သျှမ်းပြည် လားရှိုးမြို့ပေါ်ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၃၀ ရက်) နံနက်ပိုင်းတွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် စစ်ကော်မရှင်တပ်နှင့် MNDAA ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက...