TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် လက်ရှိအချိန်ထိ မိုင်းရှင်းလင်းမှု မရှိသေး

သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် တာဝန်ရှိသူမှ ယခင်အချိန်ထိ မိုင်းရှင်းလင်းမှု မရှိသေးကြောင်း စုံစမ်းသိရသည်။

TNLA သည် သီပေါမြို့ကို ၂၀၂၄ခုနစ် အောက်တိုဘာနှောင်းပိုင်းတွင် ထိန်းချုပ်နိုင်ခဲ့သော်လည်း လက်ရှိအချိန်ထိ မိုင်းရှင်းလင်းရေး လုပ်ဆောင်မှုမရှိသေးကာ ဇန်နဝါရီလ ၇ ရက် တွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာ(ဝၢၼ်ႈၸၢမ်ၽိူၵ်ႇ)နေ အသက်(၃၃) နှစ်ရှိသည့် စိုင်းအိုက်ဆိုင်သည် ခြံတွင်း မြက်ရိတ်နေစဉ်တွင် မြေမြုပ်မိုင်း နင်းမိပြီး ဘယ်ခြေတလုံးတဖက်တွင် ပြတ်တောက်သွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“မိုင်းနင်းမိတာ စံဖိတ်ကျေးရွာက လီဆူးလူမျိုးဖြစ်တယ်၊ ခြံမှာ မြက်သွားရိတ်ရင်း နင်းမိတယ်။ ဘယ်ခြေတလုံးပြတ်သွားတယ်။ မိုင်းနင်းမိတာ ခနခနဖြစ်တယ်။ တိုက်ပွဲဖြစ်ပြီး မိုင်းနင်းမိတဲ့သူကများလာတယ် သေတဲ့သူရော ဒဏ်ရာရတဲ့သူရော ရှိတယ်။ ဘယ်သူမှ မိုင်းရှင်းလင်းရေး လာမလုပ်ပေးဘူး”ဟု ၎င်းက ပြောသည်။

အလားတူ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁ ရက် တွင် သီပေါမြို့နယ် ကုန်းစုံဒေသခံ အမျိးသား ၂ ဦးသည် တောထဲ မှိုသွားရှာနေစဉ် မြေမြုပ်မိုင်းနင်မိပြီး ပေါက်ကွဲခြင်းကြောင့် တစ်ဦးခြေထောက်တစ်ဖက် ပြတ်ထွက်သွားသည်ဟု သိရသည်။

“၁၀၂၇”စစ်ဆင်ရေး ဒုတိယလှိုင်းဖြစ်ပွားပြီးနောက် ၂၀၂၄ ခုနှစ်အတွင်း ဇန်နဝါရီလမှ ၂၀၂၅ ဇန်နဝါရီလ ၉ ရက်)နေ့အထိ တစ်နှစ်အတွင်း မိုင်းနင်းမိသူ ၈ ဦးရှိပြီး ၎င်းထဲတွင် ၂ ဦးသေဆုံးသွားကြောင်းသိရသည်။

“၁၀၂၇” စစ်ဆင်ရေး ဖြစ်ပြီးသည့်နောက် စစ်ကောင်စီလက်ကျန် ခလရ-(၂၃) တပ်ရင်းကို အောက်တိုဘာ ၂၃ ရက်နေ့မှစ၍ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က တိုက်ခိုက်သိမ်းပိုက်ပြီး နေရပ်ပြန်သွားသည့် ဒေသခံအချို့သည် မြေမြုပ်မိုင်း ပေါက်ကွဲမှုနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။

ထို့အပြင် ယခုနှစ် ဇန်နဝါရီ လဆန်းပိုင်းမှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် မိုင်းရှင်းလင်းမှုများစတင်ပြုလုပ်လာကြောင်း လားရှိုးဒေသခံအမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီလဆိုရင် ကိုးကန့်တပ်ဖွ့က မြို့ကို ပြန်လည်စည်ကားဖို့ စည်းလုံးနေကြတယ်။ လျှပ်စစ်မီးတို့ လိုင်စင်ကားတို့ ပြန်လုပ်ပေးတယ် တဖြေးဖြေးနဲ့ လုပ်နေတာပေါ့။ ခုက မြို့တွင်းနဲ့ မြို့ပြင်တွေမှာ မိုင်းရှင်းလင်းရေးတွေ ပြုလုပ်နေကြတယ်။ ပေါက်ကွဲသံကြားရင်လည်း မလန့်ဖို့ ပြောကြတယ်”ဟု ၎င်းအမျိုးသားက ပြောသည်။

မိုင်းနင်းမိသည့်လူနာ

သျှမ်းပြည်မြောက်ပိုင်း “၁၀၂၇” စစ်ဆင်ရေး ဖြစ်ပွားပြီးနောက် မြေမြှုပ်မိုင်းရှင်းလင်းမှုကို ညီနောင်မဟာမိတ်တပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်ဖွဲ့တို့က တာဝန်ယူဖြေရှင်းမှုနည်းသေးကြောင်း ပြည်သူများက ပြောသည်။

လက်ရှိတွင် တိုက်ပွဲဖော်ဆောင်မှု ရပ်တန့်နေသည့်အတွက် အခြားဒေသသို့ စစ်ဘေးရှောင်သွားသည့် ပြည်သူများသည် မိမိနေရပ်ကို ပြန်ရန်အတွက် ကြိုးစားနေသော်လည်း တဖက်တွင် မြေမြုပ်မိုင်းဒဏ်ကို စိုးရိမ်နေသေးကြောင်းလည်း တောင်ကြီးရောက် သျှမ်းမြောက် စစ်ဘေးရှောင်များကပြောသည်။

“ တချို့လည်း ပြန်နေကြပြီ၊စစ်ရှောင်လာရတာ ငွေကုန်တယ်၊ ဝင်ငွေလည်းမရှိဘူးလေ၊ ပြန်ရင်လည်း မိုင်းတွေကိုတော့ ကြောက်တယ်။ မိုင်းရှင်းလင်းရေး အမြန်လုပ်ဆောင်စေချင်တယ်” ဟု တောင်ကြီးရောက် သီပေါစစ်ရှောင် တစ်ဉီးက ပြောသည်။

မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန်လက်နက်ပစ္စည်းများ၏ ဖြစ်ရပ်များကို လတ်တလောစောင့်ကြည့်လေ့လာချက်များအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထိခိုက်ခံစားရသူအရေအတွက် (၈၈၉ ဦး) ရှိခဲ့ပြီး ထိုထဲတွင် သျှမ်းပြည်သည် ထိခိုက်ခံစားမှု အများဆုံးဖြစ်ကြောင်း UNICEF ( မြန်မာ) ၏ အစီအရင်ခံစာအရသိရသည်။

အလုပ်သင်သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...