နမ့်ဆန် စစ်အကြွင်းအကျန် လက်နက်ကြီးဆော့ကစားပြီး ပေါက်ကွဲမှုကြောင့် ကလေးငယ် ၃ ဦး သေဆုံး

သျှမ်းပြည် နမ့်ဆန်မြို့နယ်တွင် မပေါက်ကွဲသေးသည့် စစ်အကြွင်းအကျန် လက်နက်ကြီး ဆော့ကစားပြီး ပေါက်ကွဲမှုကြောင့် ကလေးငယ် ၃ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။

နမ့်ဆန် စစ်လက်ကျန်မိုင်ဆော့ကလေး ၃ဦးသေဆုံး

ယမန်နေ့ (ဖေဖော်ဝါရီလ ၃ ရက်) နံနက် ၉ နာရီခန့်တွင် နမ့်ဆန်မြို့နယ် ဇယန်းကြီးကျေးရွာတွင် မပေါက်ကွဲသေးသည့် စစ်အကြွင်းအကျန် လက်နက်ကြီးကို ယူဆော့ကစားမိရာမှ ပေါက်ကွဲမှု ဖြစ်ပွားသောကြောင့် အသက် (၁၀)နှစ်အောက် ကလေးငယ် ၃ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း တအာင်းအမျိုးသမီးအဖွဲ့ (TWO)မှ ထုတ်ပြန်လာသည်။

“မိုင်းအမျိုးအစားက ဘယ်လိုလဲဆိုတာ သေချာမသိရဘူး။ ကလေးတွေက အဲ့ဒီမိုင်းကို ဆော့ရင်းနဲ့ ပေါက်ကွဲမှုဖြစ်ပြီးမှ အဲ့ဒီမှာပဲ ကလေး ၂ ယောက်က ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်။ တစ်ယောက်ကတော့ ဒဏ်ရာပြင်းတယ်၊ ပွဲချင်းပြီး သေတာမျိုး မဟုတ်ဘဲနဲ့ ‌ဆေးရုံပို့ဖို့ လုပ်နေတုန်းမှာ သေဆုံးသွားတယ်”ဟု တအာင်းအမျိုးသမီးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စစ်အကြွင်းအကျန် အမျိုးအစားသည် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA တို့၏ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားပြီးနောက် ကျန်ရှိခဲ့သည့် လက်နက်ကြီးနှင့် မြေမြှုပ်မိုင်းဖြစ်သည်ကို မသိရှိနိုင်သေးကြောင်း နမ့်ဆန်ဒေသခံများက ပြောသည်။

အလားတူ TNLA တပ်ဖွဲ့ကလည်း စစ်ကောင်စီ၏ စွန့်လွှတ်မိုင်းများနှင့် စစ်လက်နက် အကြွင်းအကျန်ပစ္စည်းများသည် အချိန်မရွေး ပေါက်ကွဲစေတတ်သောကြောင့် စစ်အသုံးအဆောင် ပစ္စည်းများနှင့် လက်နက်ကြီး ကျည်ဆံများကို ကိုင်တွယ်ခြင်း၊ ထုနှက်ခြင်းနှင့် ဆော့ကစားခြင်းများ မပြုလုပ်ကြရန်ကိုလည်း ယနေ့ (ဖေဖော်ဝါရီလ ၃ ရက်)တွင် သတိပေးလာသည်။

မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေးအဖွဲ့၏ ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ မှတ်တမ်းများအရ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်အကြွင်းအကျန်များကြောင့် မြန်မာနိုင်ငံတဝှမ်းလုံး၌ သျှမ်းပြည်တွင် အရပ်သားထိခိုက်သေဆုံးမှု အများဆုံးဖြစ်ပွားခဲ့ပြီး ကလေးထိခိုက်သေဆုံးမှုမှာ စုစုပေါင်း၏ လေးပုံတစ်ပုံခန့်ရှိကြောင်း ထုတ်ပြန်ထားသည်။

ထိုအထဲတွင် အများစုမှာ စစ်လက်နက်အကြွင်းအကျန်နှင့် မိုင်းများကို ပေါက်ကွဲစေတတ်သည့် ပစ္စည်းမှန်းမသိဘဲ ထိမိကိုင်မိပြီး ယူဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွား၍ ထိခိုက်သေဆုံးရခြင်းဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...